အမြို့မြို့အနယ်နယ်သတင်းများ

Oct 21,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ လမ်းညွှန်မှုဖြင့် မြို့နယ်အတွင်း စာသင်ကျောင်း (၁၉၆)ကျောင်းတွင် မီးဘေးလုံခြုံရေးအတွက် စစ်ဆေး အကြံပြုခြင်းများကို အောက်တိုဘာ (၁၈)ရက်နေ့မှ စတင်စစ်ဆေးခဲ့ရာ ယနေ့အထိ စာသင်ကျောင်း(၁၀၀)အားဆောင်ရွက် ပြီးပြီဖြစ်ကြောင်းမြို့နယ်မီးသတ်ဦးစီးဌာနမှသိရသည်။
Oct 21,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့၊ ခရိုင်/မြို့နယ်ကြက်ခြေနီအသင်းမှ သဗ္ဗေညုဘုန်းတော်ကြီးသင်ပညာရေးကျောင်း၌ မိုင်းအန္တရာယ်အသိပညာပေးခြင်းကို ယမန်နေ့နံနက် (၁၀) နာရီခွဲက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Oct 21,2022
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်တွင်  ဒေသခံပြည်သူများ စားဝတ်နေရေး တစ်ဖက်တစ်လမ်းမှ အဆင်ပြေစေရေးအတွက် အခြေခံစားသောက်ကုန်များအား သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးလျက်ရှိရာ ယနေ့နံနက် (၉) နာရီခန့်ကစတင်၍  ဘားကပ်ကျေးရွာတွင်  အခြေခံ စားသောက်ကုန်များဖြစ်သည့် ဆန်၊ ဆီ၊ ကြက်ဥများအား ရောင်းချပေးခဲ့ကြောင်း သိရှိရသည်။
Oct 21,2022
ကရင်ပြည်နယ်အတွင်း ပရိယတ္တိသာသနာ၊ ပဋိပတ္တိသာသနာ၊ ပဋိဝေဓသာသနာ သာသနာတော်သုံးရပ် စည်ပင်ပြန့်ပွားထွန်းကား၍ သာသနာတော်ကို အထောက်အပံ့ဖြစ်စေပြီး သာသနာ့အကျိုး ရွက်သယ်ပိုးနိုင်စေရေးအလို့ငှာ ကရင်ပြည်နယ်အစိုးရအဖွဲ့မှကြီးမှူးပြီး ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဗုဒ္ဓဘာသာနွယ်ဝင်ပြည်သူများ ပူးပေါင်းပါဝင်သော (၁၉) ကြိမ်မြောက် စုပေါင်း မဟာဘုံကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကို စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း အောက်တိုဘာလ ၁၉ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်က ကရင်ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ (၂) ၌ ကျင်းပသည့် ကျင်းပရေးစီမံခန့်ခွဲမှု ကော်မတီလုပ်ငန်းညှိနှိုင်း အစည်းအဝေးမှ သိရသည်။
Oct 21,2022
ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် ပြည်သူများပူးပေါင်း ပါဝင်လာနိုင်ရေးအတွက် အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့၊ အမှတ်(၁)ရပ်ကွက်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမှ ကြိုတင်ကာကွယ်နိုင်ရေးအတွက် လိုက်နာရမည့်အချက်များနှင့် ထပ်ဆောင်းကာကွယ်ဆေးထိုးနှံနိုင်ရေး အသိပညာပေးနှိုးဆော်ခြင်းများကို ယမန်နေ့ညနေ ၃ နာရီခွဲ အချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Oct 21,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြုဗဟိုဌာနဖြစ်သော Community Centre ခန်းမတွင် ပြည်သူများအသိ ပညာဗဟုသုတရရှိ စေရန် ရည်ရွယ်ပြီး မြို့နယ်ပြန်/ဆက်ဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာန တို့ပူးပေါင်းကျင်းပသည့် စားသုံးသူကာကွယ်ရေးဥပဒေ အသိပညာပေး Talk Show ကို ယနေ့မွန်းလွဲ ၂ နာရီ တွင် ပြုလုပ်ခဲ့သည်။
Oct 21,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ပြည်သူ့စာကြည့်တိုက်တွင် ပြည်သူ့ကျန်းမာရေးဖောင်ဒေးရှင်းမှ ဆေးလိပ်နှင့်ပတ်သက် သည့် အသိပညာပေး စာအုပ် စာစောင်များကို ယမန်နေ့နံနက် ၁၁ နာရီက လှူဒါန်းခဲ့သည်။
Oct 21,2022
ယင်းနောက် SPIC ကုမ္ပဏီမှဒုတိယအထွေထွေမန်နေဂျာ မစ္စတာရှောင်လိုင်ပုက ၂၃၀ကေဗွီ ဓာတ်အားလိုင်းတိုးချဲ့ဆောက်ရွက်ခဲ့သည့် နဘား-အင်းတော်နှင့် ဗန်းမော်-နဘား ဓာတ်အားလိုင်း ဆောင်ရွက်ပြီးစီးမှု အခြေအနေများနှင့် ဆက်လက်ဆောင်ရွက်သွားမည့် စီမံကိန်းလုပ်ငန်းများကို ဆွေးနွေးတင်ပြပြီး တက်ရောက်လာကြသည့် ပြည်နယ်ဝန်ကြီးများနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူတို့က ဓာတ်အားလိုင်းတိုးချဲ့မည့်စီမံကိန်းလုပ်ငန်းအပေါ် သုံးသပ်ဖြည့်စွက် ဆွေးနွေးကြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ရင်းနှီးပွင့်လင်းစွာ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေး ခဲ့သည်။