Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ရေးမြို့နယ်အတွင်းရှိ အမျိုးသမီးငယ်များအတွက် ရပ်ရွာအခြေပြု ပန်းအလှပြင်နှင့် မြန်မာအစားအစာမုန့်လုပ်နည်းသင်တန်းများဖွင့်လှစ်
May 11,2022
လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်းမှ ရပ်ကွက်/ကျေးရွာများအတွင်းရှိ အမျိုးသမီးငယ်လေးများ မိသားစုတစ်နိုင်တစ်ပိုင် ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်နိုင်ရန်အတွက် ရပ်ရွာအခြေပြု ပန်းအလှပြင်သင်တန်းနှင့် မြန်မာအစားအစာမုန့်လုပ်နည်း သင်တန်းများကို ရေးမြို့နယ် အစင်ကျေးရွာနှင့် ဇီးဖြူသောင်ကျေးရွာတို့၌ ဖွင့်လှစ်သင်ကြားပေးလျက် ရှိကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
နေပြည်တော်ကောင်စီဥက္ကဋ္ဌဒေါက်တာမောင်မောင်နိုင် နေပြည်တော်အတွင်းရှိ တက္ကသိုလ်များနှင့် ကောလိပ်ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေး ကွင်းဆင်းကြည့်ရှုစစ…
May 11,2022
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်သည် နေပြည်တော်ကောင်စီအဖွဲ့ဝင်များနှင့်အတူ ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ ဇေယျာသီရိမြို့နယ်အတွင်းရှိ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်၊ မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်၊ သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်၊ ပျဉ်းမနားမြို့နယ် အတွင်းရှိ စိုက်ပျိုးရေးသိပ္ပံကျောင်း၊ ဇမ္ဗူသီရိမြို့နယ်အတွင်းရှိ အစိုးရနည်းပညာ ကောလိပ်တို့ကို မေ(၁၂) ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်သင်ကြားနိုင်ရေးအတွက် ကွင်းဆင်းကြည့်ရှုစစ်ဆေးကြသည်။
အပြည့်အစုံ ဖတ်ရန်
မော်လိုက်ခရိုင်၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ဂရန်အင်းများ (ပထမအကြိမ်) လေလံတင်ရောင်းချပွဲ ကျင်းပ
May 11,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့၌ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ဂရန်အင်းများ (ပထမအကြိမ်) လေလံတင်ရောင်းချပွဲကို ယမန်နေ့နံနက် ၁၀ နာရီက မြို့နယ် ငါးလုပ်ငန်းဦးစီးဌာနရုံးတွင် ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်တံတားမြို့နယ်အတွင်း အသက်(၁၈)နှစ်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေး
May 11,2022
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရန် မကျန်ရှိစေရေးအတွက် ကျောက်တံတားမြို့နယ် (၃၅)လမ်းထိပ်ရှိ ဓမ္မရံသီဓမ္မာရုံ၌ ယနေ့နံနက် (၁၀:၀၀)နာရီအချိန် က ကွင်းဆင်း၍ အသက်(၁၈) နှစ်နှင့်အထက် ပြည်သူများအား ထိုးနှံပေးရာ Astra Zeneca First Dose ထိုးနှံသူ (၅၆)ဦး၊ Astra Zeneca Booster Dose ထိုးနှံသူ (၁၀၆)ဦး၊ စုစုပေါင်း (၁၆၂)ဦးအား ထိုးနှံပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်ကြီးမြို့နယ်၌ အသက်မွေးဝမ်းကျောင်းအထောက်ကူပြု အခြေခံစက်ချုပ်သင်တန်း (၁/၂၀၂၂)ဖွင့်ပွဲအခမ်းအနားပြုလုပ်
May 11,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ကျောက်ကြီးမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး၊ အစည်းဝေးခန်းမ၌ မေလ ၁၁ ရက်နေ့ နံနက် ၁၀ နာရီက သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊
အပြည့်အစုံ ဖတ်ရန်
လှိုင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးဆက်လက် ထိုးနှံပေး
May 11,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအား လှိုင်မြို့နယ် အမှတ်(၁၂)ရပ်ကွက်၊ ကိုဗစ်-၁၉ ကုသရေးစင်တာတွင် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက် (၉:၀၀)နာရီအချိန်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး(၂)ကြိမ်( First Dose၊ Second Dose) ထိုးနှံပြီးသည့် အသက်(၁၈)နှစ်နှင့်အထက်ရှိသူများအား Booster Dose အကြိမ်အဖြစ် ကာကွယ်ဆေး ထိုးနှံသူ စုစုပေါင်း(၉၅)ဦးနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်း မရှိသေးသည့် အသက်(၁၈)နှစ်ပြည့်ပြီးနှင့်အထက်ရှိသူများ ပထမအကြိမ်စုစုပေါင်း(၃၀)ဦးနှင့် ဒုတိယအကြိမ် စုစုပေါင်း(၇၃)ရှိကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
၂၀၂၁ ခုနှစ် အစိုးရပါဠိပထမပြန်စာမေးပွဲ စူဠဘွဲ့နှင်းသဘင်အခမ်းအနား မြန်အောင်၌ကျင်းပ
May 11,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင် မြန်အောင်မြို့၌ ၂၀၂၁ ခုနှစ် အစိုးရပါဠိပထမ ပြန်စာမေးပွဲတွင် စာအောင်သံဃာတော်များနှင့် သီလရှင်တို့အား စာအောင်လက်မှတ်နှင့် လှူဖွယ်ဝတ္ထု ဆက်ကပ်လှူဒါန်းခြင်း စူဠဘွဲ့နှင်းသဘင် အခမ်းအနားကို ယမန်နေ့ ညနေ ၄ နာရီအချိန်က မြန်အောင်မြို့ မုံရွာကျောင်းတိုက် သာသနာ့ဗိမာန် ဓမ္မာရုံတွင် ကျင်းပပြု လုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင် ပျဉ်းမနားမြို့နယ် စိုက်ပျိုးရေးသိပ္ပံကျောင်း ကျောင်းဖွင့်ရာသီအတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိမှုမ…
May 11,2022
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်သည် နေပြည်တော်ကောင်စီအဖွဲ့ဝင်များဖြစ်ကြသည့် ဗိုလ်မှူးကြီးမင်းနောင်၊ ဦးဇေယျာလင်း၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ပျဉ်းမနားမြို့နယ်၊ စိုက်ပျိုးရေးသိပ္ပံကျောင်းသို့သွားရောက်၍ ကြည့်ရှုစစ်ဆေးသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
18221
Page
18222
Page
18223
Page
18224
Current page
18225
Page
18226
Page
18227
Page
18228
Page
18229
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department