အမြို့မြို့အနယ်နယ်သတင်းများ

May 17,2022
ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က ကြီးမှူးဖွင့်လှစ်သင်ကြားသော ဗုဒ္ဓဘာသာအဆင့်မြင့် ယဉ်ကျေးမှု သင်တန်းဖွင့်ပွဲကို ယမန်နေ့နေ့လယ် ၁ နာရီက ရွှေတိဂုံဘုရားအနောက်ဘက်မုခ်၊ အောက်ပစ္စယာ ရာဟုတောင့်ရှိ ဗုဒ္ဓဝင်ပြခန်း၊ ခန်းမ၌ ကျင်းပသည်။
May 17,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အ‌နောက်ပိုင်းခရိုင်၊ ဒဂုံမြို့နယ်အတွင်းရှိ ဆရာ၊ ဆရာမများအား Gread-8 သင်ရိုးသစ် သင်တန်းပါ သွင်ပြင်လက္ခဏာများနှင့် အတွေးအခေါ်များကို နားလည်သဘောပေါက်စေရန်၊ Grade-8 ကျောင်းသားကိုင်စာအုပ်နှင့် ဆရာလမ်းညွှန်စာအုပ် များကို
May 17,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ အုတ်တွင်းမြို့နယ်ဘဏ်ခွဲ၌ ယ‌​မန်နေ့နံနက် ၁၀ နာရီ အချိန်က မိုးစပါးစိုက်ပျိုးမည့်တောင်သူများအား စိုက်ပျိုးစရိတ်‌ချေးငွေများကို အဆိုပါရုံး၌စတင်ထုတ်ပေးလျက်ရှိကြောင်းသိရသည်။
May 17,2022
တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလားမြို့နယ်ပေါင်းစုံ အသက်(၁၉)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ညနေပိုင်းက ထားဝယ်မြို့၊ တိုင်းဒေသကြီး အားကစား ကွင်း၌ကျင်းပရာရှေးဦးစွာ စစ်ရေးပြမှူးမှ ဦးဆောင်၍ ပြိုင်ပွဲဝင်အသင်းများက ကွင်းအတွင်းနေရာယူပြီး  တိုင်းဒေသကြီးဝန်ကြီးချုပ်အား အလေးပြုပြီးတန်းအပ်ခဲ့ကြသည်။
May 17,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုမြို့၊ မာဒေးကျေးရွာတွင်ကိုဗစ်-၁၉မျိုးကွဲသစ်အိုမီခရွန် ရောဂါကူးစက်ပြန့်ပွားမှုကို ကြိုတင်ကာကွယ်နိုင်ရန်အတွက် အသိပညာပေးလုပ်ငန်းများကို  စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော ပြည်သူသို့အသိပေးပန်ကြားချက်များကို ဒေသနေပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်နာကြစေရန်ကရင်၊ မြန်မာနှစ်ဘာသာဖြင့်  အသိပညာပေးနှိုးဆော်မှုများကို   ဆောင်ရွက်ခဲ့ကြောင်း  သိရသည်။
May 17,2022
သာသနာရေးဦးစီးဌာနမှ ကျင်းပခဲ့သော သာသနာဆိုင်ရာ စာမေးပွဲများတွင် အောင်မြင်‌‌တော်မူခဲ့သော သံဃာတော်များအား အောင်လက်မှတ်နှင့် ဆုတော်ငွေများ ဆက်ကပ်လှူဒါန်းခြင်း စူဋ္ဌဘွဲ့နှင်းသဘင်အခမ်းအနားကို ယမန်နေ့ညနေ ၅နာရီက ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင် သုံးခွမြို့နယ် အမှတ်၁၁ရပ်ကွက်၊ အနော်ရထာလမ်းရှိ မြို့မရေလည် ကျောင်းတိုက်၌ ကျင်းပခဲ့ကြောင်း သိရသည်။
May 17,2022
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်အခြေခံပညာအထက်တန်းကျောင်း၌ မြို့နယ်အဆင့် (Grade-8) သင်ရိုးသစ် Face to Face သင်တန်းကို ယမန်နေ့ နံနက်၈ နာရီက အထကဝေါ သီရိဇေယျာခန်းမတွင် ကျင်းပသည်။
May 17,2022
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် မြင်းခြံ-ပခုက္ကူကားလမ်းမကြီးဘေး၊ အ‌နောက်ပုလင်း ကျေးရွာအနီး ဧရာဝတီမြစ်ကမ်းဘေးတွင် ဖွင့်လှစ်ထားရှိသည့် ပလင်းကမ်းသာယာဆင်စခန်း ကိုဗစ် -၁၉ရောဂါ ကာလအတွင်း မြန်မာပြည်အရပ်ရပ်မှ ဆင်ချစ်သူများက Onlineမှတဆင့် ဆက်သွယ်၍ ဆင်စာဘူဖေးကျွေးမှု များပြားလာကြောင်း ပလင်းကမ်းသာယာဆင်စခန်း တာဝန်ရှိသူများထံက သိရသည်။