အမြို့မြို့အနယ်နယ်သတင်းများ

Nov 09,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို အရှိန်အမြှင့်တင် ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်(၁၁)နာရီက မြို့နယ် စည်ပင်သာယာရေး အဖွဲ့ပိုင် မြို့မစျေးကြီးတွင် မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေး လုပ်ငန်းများ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Nov 09,2022
ရခိုင်ပြည်နယ်၊ တောင်ကုတ်ခရိုင်၊ တောင်ကုတ်မြို့နယ်၌ အခြေခံပြည်သူများသို့ တန်ဖိုးသင့်စားသောက်ကုန်များကို ဈေးနှုန်းချိုသာစွာဖြင့်ရောင်းချခြင်းကို ယနေ့နံနက်(၇)နာရီတွင် တောင်ကုတ်လမ်း - သံတွဲလမ်း (လမ်းခွဆုံ)တွင် ဆောင်ရွက်ခဲ့သည်။
Nov 09,2022
ကချင်ပြည်နယ်အတွင်းရှိ တိုင်းရင်းသားဘာသာစကားသင် ဆရာ၊ ဆရာမများအတွက် အရည်အသွေးမြှင့် အထောက်အကူပြု ဆွေးနွေးပွဲ သင်တန်းဖွင့်ပွဲကို ယနေ့ နံနက် ၉ နာရီက မြစ်ကြီးနားမြို့ ပညာရေးဒီဂရီကောလိပ်၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် တက်ရောက်အမှာစကား ပြောကြားသည်။
Nov 09,2022
မန္တလေး၊ ချမ်းအေးသာစံမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ကြီးကြပ်မှုဖြင့် မြို့နယ်အတွင်းရှိ ရပ်ကွက်လမ်းညွှန်၊ လမ်းအမှတ်လမ်းညွှန်ဆိုင်းဘုတ်များ ပြန်လည်ပြုပြင်ခြင်းကို ယနေ့နံနက် ၉ နာရီက ဆောင်ရွက်ခဲ့သည်။
Nov 09,2022
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် ယမန်နေ့ နေ့လည် ၂ နာရီ၌ မီးဘေးလုံခြုံရေး အသိပညာပေး ဟောပြောပွဲ ပြုလုပ်ကြောင်း သိရသည်။
Nov 09,2022
(၁၆)ကြိမ်မြောက် ပြင်ဦးလွင်မြို့တန်ဆောင်တိုင်ပွဲတော် အောင်ပွဲအခမ်းအနားကို ယမန်နေ့ ညနေပိုင်းတွင် ပြင်ဦးလွင်မြို့ ဓမ္မရတီကုန်းမြေပေါ်ရှိ မဟာအံ့ထူးကံသာ ဆုတောင်းပြည့် ဘုရားကြီး (ပြည်ချစ်ဘုရား)အနီးရှိ မီးပုံးပျံကွင်းအတွင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။
Nov 09,2022
ပျော်ဘွယ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးဆောင်၍ စာပေလေ့လာဖတ်ရှုရခြင်း၏ အကျိုးကျေးဇူးများအကြောင်း အသိပညာပေးဟောပြောပွဲကို ယနေ့မွန်းလွဲပိုင်း(၁)နာရီက ခင်ကြီးယကျေးရွာ၊ အခြေခံပညာအလယ်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။