အမြို့မြို့အနယ်နယ်သတင်းများ

Nov 10,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် မြဧရာတင်းနစ်ကလပ် တို့ ပူးပေါင်းကျင်းပသည့် တင်းနစ်ပြိုင်ပွဲ ဆုပေးပွဲအခမ်းအနားကို ယနေ့ နံနက်(၉)နာရီက စစ်ကိုင်းမြို့၊ မြဧရာတင်းနစ်ကွင်းတွင် ကျင်းပပြုလုပ်ခဲ့ ကြောင်း သိရသည်။
Nov 10,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင် ဟင်္သာတမြို့နယ်ရှိ ကွန်ပျူတာတက္ကသိုလ်မှ စိုက်ပျိုးရေး လုပ်ငန်းများအတွက် တစ်ဖက်တစ်လမ်းမှ အထောက်အကူဖြစ်စေရန် ရည်ရွယ်ချက်ဖြင့် ကွန်ပျူတာသိပ္ပံ မဟာဌာနမှ ပြုလုပ်ရေးဆွဲခဲ့သည့် သုတေသနလုပ်ငန်းနှင့် ပတ်သက်သော  ပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲကို ယမန်နေ့ နေ့လည်ပိုင်းက အဆိုပါကျောင်း အစည်းအဝေး ခန်းမတွင် ပြုလုပ်ခဲ့သည်။
Nov 10,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ တန့်ယန်းခရိုင်၊ တန့်ယန်းမြို့နယ်တွင် ပညာရေးဝန်ကြီးဌာန အခြေခံပညာဦးစီးဌာန ၂၀၂၂-၂၀၂၃ ပညာသင် နှစ် အခြေခံပညာကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှု စွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီက အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပသည်။
Nov 10,2022
မြင်းမူမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနတို့ ပူးပေါင်း၍ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် မီးခိုးမြူငွေ့ညစ်ညမ်းမှုအကြောင်း သိကောင်းစရာ အသိ ပညာပေး Talk Show ကို ယနေ့ နံနက်ပိုင်းက မြင်းမူမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၌ ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။
Nov 10,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ သိန္နီမြို့တွင် ကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲ မြို့နယ်အဆင့် (ဆင့်ပွား)သင်တန်းကို အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ရွှေစင်ခန်းမ၌ ယနေ့ နံနက် ၉ နာရီအချိန်က စတင်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
Nov 10,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုဒေသရှိ ကျေးရွာအချို့တွင် ကွမ်းသီးများကို ဒုတိယအပြန် ဆွတ်ခူးချိန်တွင် အလုပ်သမားနှင့် ခြံပိုင်ရှင်များ  ယမန်နှစ်ကထက် ပိုမို၍ ဝင်ငွေရရှိခဲ့ကြောင်း သိရသည်။
Nov 10,2022
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်နှင့်အညီ ရွှေတောင်မြို့နယ်၏ ၂၀၂၂ခုနှစ် နိုဝင်ဘာ လအတွင်းကျေးရွာ (၁၀) ရွာစီစစ်ရွေးချယ်၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ကုန်ထုတ်လုပ်မှုဖွံ့ဖြိုးတိုးတက်ရေး တောင်သူအသိပညာပေး ကွင်းဆင်းဆောင်ရွက်ခဲ့ရာ ယမန်နေ့နေ့လယ်ပိုင်းက မဲတောကျေးရွာအုပ်စု၊ ကမ်းတင်ကျေးရွာသို့ ကွင်းဆင်းဆောင်ရွက်ခဲ့​ကြောင်း သိရသည်။