အမြို့မြို့အနယ်နယ်သတင်းများ

Nov 10,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများမှ မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနသို့ သွားရောက်၍ စာအုပ်/စာစောင် များ အခမဲ့ကွင်းဆင်းငှားရမ်းပေးခြင်းကို ယနေ့နံနက် ၁၁ နာရီအချိန်က ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
Nov 10,2022
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းတုန်းမြို့ အမှတ်(၄)ရပ်ကွက်တွင် ယနေ့နံနက် ၁၀ နာရီက မြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန ဝန်ထမ်းများက မိုးစပါး စံကွက် ရိတ်သိမ်းရာ ကွင်းအမှတ် (၃၂၉)ရှိ တောင်သူ ဦးတာရဲ၏ လယ်တွင် မှော်ဘီ(၂) တစ်ဧကအထွက်နှုန်း အစိုထွက် ၄၂.၉၇ တင်းနှင့် တောင်သူ ဦးစိုးလှိုင်၏လယ်တွင် ဆင်းသုခ တစ်ဧကအထွက်နှုန်း အစိုထွက် ၉၄.၆၉ တင်း ထွက်ရှိကြောင်း သိရသည်။
Nov 10,2022
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့‌ပေါ်ရှိ သက်ကြီးအားကစားသမားများအား ပထမအကြိမ်မြောက် ပူဇော်ကန်‌တော့ပွဲကို ယမန်နေ့ညနေ ၃ နာရီက အားကစားနှင့် ကယပညာဦးစီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးဝင်းရဲထွန်းက အဖွင့်အမှာစကား ပြောကြားခဲ့သည်။
Nov 10,2022
ပျော်ဘွယ်မြို့နယ် ပညာရေးမှူးရုံးမှ ဦးဆောင်၍ ဆရာ၊ ဆရာမများ စီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲကျင်းပခြင်းကို ယနေ့နံနက် (၁၀) နာရီက အမှတ်(၁)အခြေခံ ပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Nov 10,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် အခြေခံပညာ အထက်တန်းကျောင်း၊ အလယ် တန်းကျောင်းနှင့် မူလတန်းကျောင်းများမှ ကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှု စွမ်းဆောင်ရည် မြင့်မားရေး အလုပ်ရုံ ဆွေးနွေးပွဲကို ယနေ့နံနက်(၉)နာရီခွဲ အချိန်က အမှတ်(၃) အခြေခံပညာ အထက်တန်းကျောင်း အနော်ရထာ ခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
Nov 10,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ​ရွှေဘိုခရိုင်၊ ရွှေဘိုမြို့နယ်တွင် ကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှု စွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲကို ယနေ့ နံနက်(၁၀)နာရီအချိန်က ​ရွှေဘိုမြို့ အမှတ်(၂)အ​​ခြေခံပညာ အထက်တန်း​ကျောင်း​ ရွှေရတု ခန်းမ၌ ကျင်းပခဲ့သည်။