အမြို့မြို့အနယ်နယ်သတင်းများ

Nov 10,2022
"ဝ"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် ဝန်ထမ်းများစွမ်းဆောင်ရည်မြင့်မားရေးသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၉)နာရီက ဟိုပန်မြို့၊ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Nov 10,2022
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် အသက် (၁၈)နှစ် နှင့်အထက် ပြည်သူများအား လှည်းကူးမြို့ ပြည်သူ့ဆေးရုံကြီးတွင် ယမန်နေ့ နံနက် ၉ နာရီက ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး  စတင်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
Nov 10,2022
မကွေးတိုင်း​ဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု လက်သမားပန်းရံသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Nov 10,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ အ.လ.က (၃)လမ်းကျောင်းတွင် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ ကလေးသူငယ်အခွင့်အရေးကို ကလေးများကိုယ်တိုင် နားလည်သိရှိပြီး ကျရောက်နိုင်သည့် အန္တရာယ်များအား မိမိကိုယ်မိမိကာကွယ်နိုင်ရန် ကလေးသူငယ်အခွင့်အရေးများကို သိရှိလိုက်နာပြီး ကြိုတင်ကာကွယ်ရှောင်ရှားတတ်စေရန်၊ ကိုယ်ကာယ ကျန်းမာရွှင်လန်းစွာ ပညာသင်ယူနိုင်စေရန်ရည်ရွယ်၍ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယနေ့ နံနက်ပိုင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Nov 10,2022
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြင့်မားရေး မြို့နယ်အဆင့် အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီက အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း  အနော်ရထာခန်းမ၌ ကျင်းပပြုလုပ် သည်။
Nov 10,2022
ကျုံပျော်ခရိုင်၊ ငါးသိုင်းချောင်းမြို့အတွင်း နေထိုင်လျက်ရှိသည့် မိဘပြည်သူများ မီးဘေးအန္တရာယ် ကင်းဝေးစေရန် ရည်ရွယ်၍ ဌာနဆိုင်ရာများ၊ နယ်မြေမီးသတ်တပ်ဖွဲ့ဝင်များသည် ယမန်နေ့ ညနေပိုင်းက မြို့ပေါ်ရပ်ကွက်လမ်းများအတွင်းနှင့် လူစည်ကားရာလမ်းဆုံများ၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး နှိုးဆော်ခြင်းကို ပြုလုပ်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
Nov 10,2022
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်အနောက်ပိုင်းခရိုင် (ဗဟန်း) လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ Mobile Phone ဖြင့်Video Editing ပြုလုပ်နည်း သင်တန်း(၃/၂၀၂၂) ဖွင့်ပွဲ အခမ်းအနားကို  ယနေ့၊ နံနက် ၈:၃၀နာရီက ကျင်းပခဲ့သည်။