အမြို့မြို့အနယ်နယ်သတင်းများ

Jul 23,2022
တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုသည် တိုင်ဒေသကြီး လူမှုရေးရာဝန်ကြီး ဦးယဉ်ထွေး၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူယမန်နေ့မွန်းလွဲပိုင်းက လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ကော့သောင်း ခရိုင်ဦးစီးမှူးရုံးတွင် ကော့သောင်းခရိုင်နှင့်ဘုတ်ပြင်းခရိုင်ရှိ အိမ်ထောင်စုလူဦးရေစာရင်း (ပုံစံ -၆၆/၆)များကို Software Program ရေးသွင်းခြင်း လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှုအားပေးသည်။
Jul 23,2022
ရခိုင်ပြည်နယ်၊ တောင်ကုတ်ခရိုင်၊ တောင်ကုတ်မြို့နယ်၊ ကုလားရောင်ကျေးရွာမှ မြစ်ပါးပြိုမှုကြောင့် ကြိုတင်ဖြိုဖျက်ပြောင်းရွှေ့ခဲ့ရသည့် လူနေအိမ်(၅)လုံးအတွက် သံတွဲခရိုင်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့ပေးသည့်ပစ္စည်းများပေးအပ်ပွဲကို ယမန်နေ့နံနက်က တောင်ကုတ်မြို့နယ် အုပ်ချုပ်ရေးမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Jul 23,2022
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာနတို့ပူးပေါင်းပြီး အားကစားနှင့်လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ကန့်ဘလူမြို့နယ် လိတ္ထူကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Jul 23,2022
ရှမ်းပြည်နယ်(အ​ရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် ခြင်မှတစ်ဆင့်ဖြစ်ပွားသည့် ​သွေးလွန်တုပ်​ကွေး​ရောဂါ ကြိုတင်ကာကွယ်​ရေးအတွက် ဖုံး၊ သွန်၊ လဲ၊ စစ်​ ဆောင်ရွက်ခြင်းနှင့် အဘိတ်​ဆေးခပ်ခြင်း လုပ်ငန်းကို ယနေ့နံနက် ၈နာရီခွဲက ကွက်သစ်ရပ်ကွက်၌ ပူး​ပေါင်း​ဆောင်ရွက်ခဲ့​ကြောင်း သိရသည်။
Jul 23,2022
ရခိုင်ပြည်နယ်၊ တောင်ကုတ်ခရိုင်၊ တောင်ကုတ်မြို့တွင် မြို့သန့်ရှင်းသာယာလှပရေးအတွက် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်း အဖွဲ့များ စုပေါင်း၍ အပတ်စဉ် စနေနေ့တိုင်း စုပေါင်းသန့်ရှင်းရေးကို လူထုလှုပ်ရှားမှုအသွင်ဖြင့် ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်(၇)နာရီအချိန်တွင် တောင်ကုတ် တက္ကသိုလ်ဝင်းအတွင်း၌ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
Jul 23,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူလူငယ်များအကျင့်စာရိတ္တကောင်းမွန်စေရေး၊ မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်စေရန်နှင့် ကျောင်းစာအပြင် ပြင်ပဗဟုသုတများကြွယ်တစေရန် ရည်ရွယ်၍ အားကစာနှင့် လူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်မှုဖြင့် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကို ယမန်နေ့ မွန်လွဲပိုင်းတွင် ကျောက်တန်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်းတွင် ပြုလုပ်ခဲ့သည်။