Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားတက္ကသိုလ်ဘာသာရပ်ပေါင်းစုံ အမျိုးသား/ အမျိုးသမီး ဘောလုံးပြိုင်ပွဲအား တက်ရောက်ဖွင့်လှစ်
Jul 23,2022
ကချင်ပြည်နယ်၊ မြစ်ကြီးနားတက္ကသိုလ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ဘာသာရပ်ပေါင်းစုံ အမျိုးသား/အမျိုးသမီးဘောလုံးပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ညနေ ၃ နာရီခွဲအချိန်က တက္ကသိုလ်ဘောလုံးကွင်း၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် တာဝန်ရှိသူများနှင့်အတူ တက်ရောက်ဖွင့်လှစ်အားပေးခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ကဝမြို့နယ်တွင် နှာခေါင်းစည်း (Mask)တပ်ဆင်ရေးလှုပ်ရှားမှု ဌာနဆိုင်ရာများ ပူးပေါင်းဆောင်ရွက်
Jul 23,2022
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါတားဆီးကာကွယ်နိုင်ရေးအတွက် မြို့နယ်ကိုဗစ်-၁၉ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများပူးပေါင်းအဖွဲ့သည် ယနေ့နံနက် (၇:၀၀)နာရီက ကဝ-ပဲခူးလမ်းမကြီးရှိ ပြည်သူ့ဆေးရုံရှေ့နှင့် လူစည်ကားရာလမ်းဆုံတို့တွင် နှာခေါင်းစည်း Mask တပ်ဆင်ရေးလှုပ်ရှားမှုပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ထန်းတပင်မြို့နယ် ဘောလည်မြစ်အတွင်းသို့ နှစ်လက်မအရွယ် ငါးသားပေါက်ကောင်ရေ ငါးသိန်းငါးမျိုးစိုက်ထည့်
Jul 23,2022
ရန်ကုန်တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာန၏ စီစဉ်ကြီးကြပ်မှုများဖြင့် ငါးမျိုးစိုက်ထည့်ခြင်းများကို တိုင်းဒေသကြီးအတွင်းဆောင်ရွက်လျက်ရှိပြီး ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်၊ နဲသမိန်ကျေးရွာအုပ်စု၊ နဲသမိန်ကျေးရွာရှိ ဘောလည်မြစ်အတွင်းသို့ နှစ်လက်မအရွယ်ငါးမြစ်ချင်းနှင့် ရွှေဝါငါးကြင်းငါးသားပေါက်ကောင်ရေ ငါးသိန်းတို့ကို တိုင်းဒေသကြီးတာဝန်ရှိသူများနှင့် မြို့နယ်တာဝန်ရှိသူများ ပူးပေါင်းကာငါးမျိုးစိုက်ထည့်ပေးခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် မုံရွာမြို့၊ ကန်သာယာကန် သန့်ရှင်းသာယာလှပရေးအတွက် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့…
Jul 23,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ကွေ့ကြီးရပ်ကွက်၊ ဗိုလ်ချုပ်လမ်းမကြီးပေါ်ရှိ ကန်သာယာကန်ဝန်းကျင်နှင့် မြို့ရာပြည့်စေတီတော်တို့အား သန့်ရှင်းသာယာသပ်ရပ်စေရေး၊ မြို့နေပြည်သူများ အားလပ်ရက်များတွင် လာရောက်အပန်းဖြေရာတွင် စိတ်အေးချမ်းသာစွာဖြင့် အပန်းဖြေနိုင်ရေးအတွက် ယနေ့နံနက်ပိုင်းတွင် တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမူရေးအသင်းအဖွဲ့ဝင်များ၊ ပြည်သူများပူးပေါင်း၍ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းယောင်း၌ “ပန်းသွင်လှပမွှေးကြူရေး လူကုန်ကူးမှုတားဆီးပေး”ခေါင်းစဉ်ဖြင့် အသိပညာပေး Talk Show ကျင်းပ
Jul 23,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ “ပန်းသွင်လှပ မွှေးကြူရေးလူကုန်ကူးမှုတားဆီးပေး”ခေါင်းစဉ်ဖြင့် လူကုန်ကူးမှုအန္တရာယ်ဆိုင်ရာ အသိပညာပေး Talk Show ကို ယမန်နေ့က ကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရန်ကင်းမြို့နယ်ရှိ အခြေခံပညာကျောင်းများတွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်
Jul 23,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ်၌ ပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများ ခြင်မှတစ်ဆင့် ကူးစက်တတ်သောရောဂါများမှ ကာကွယ်နိုင်စေရန်၊ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုမှ ကြိုတင်တားဆီးကာကွယ်နိုင်စေရန်နှင့် ဆင်ခြေထောက် ရောဂါ ဖြစ်ပွားမှုမဖြစ်ပေါ်စေရန်ရည်ရွယ်၍ ရန်ကင်းမြို့နယ်ရှိ အခြေခံပညာကျောင်းများတွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများဖြစ်သည့် ခြင်ဆေးဖျန်းခြင်း လုပ်ငန်းကို ယနေ့နံနက် ၈ နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဖားကန့်မြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေးနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် ပါးစပ်နှာခေါင်းစည်းဖြန့်ဝေခြင်းများဆောင်ရွက်
Jul 23,2022
ကချင်ပြည်နယ်ဖားကန့်မြို့နယ်အတွင်း မြို့ပေါ်ရပ်ကွက်များတွင် သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှုမဖြစ်ပေါ်စေရန်အတွက် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများဖြစ်သည့် ဖုံး သွန် လဲ စစ်နှင့် အဘိတ်ဆေးခတ်ခြင်းလုပ်ငန်းများကို ယနေ့နံနက်ပိုင်က ရပ်ကွက်/ကျေးရွာများတွင် ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းရှူးမြို့နယ်တွင် ဆီထွက်သီးနှံများစိုက်ပျိုးရန် လျာထားသောကျေးရွာများအား ကွင်းဆင်းစိစစ်ဆောင်ရွက်
Jul 23,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းရှူးမြို့နယ်တွင် ဆီထွက်သီးနှံများ စိုက်ပျိုးရန်လျာထားသော ကျေးရွာများအားမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ယနေ့နံနက်(၁၀)နာရီခွဲချိန်က နားစံကျေးရွာ၌ ကွင်းဆင်းစိစစ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
17777
Page
17778
Page
17779
Page
17780
Current page
17781
Page
17782
Page
17783
Page
17784
Page
17785
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department