အမြို့မြို့အနယ်နယ်သတင်းများ

Nov 14,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပု​တောမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန် ရောက်ရှိနေသည့် တပ်မ​တော်​ဆေးအဖွဲ့​ခေါင်း​ဆောင် ဒုတိယဗိုလ်မှူးကြီးခွန်​ဇော် ​ဦး​ဆောင်သည့် တပ်ဖွဲ့ဝင်များသည်၊ တပ်မတော်ပင်လယ်သွားဆေးရုံ ရေယာဉ်(သံလွင်)ဖြင့် ယမန်နေ့ နနက်  (၁၀)   နာရီတွင်   ငပုတောမြို့သို့ ​ရောက်ရှိခဲ့ပြီး ငပု​တောမြို့  ပြည်သူ့​ဆေးရုံဝန်းအတွင်းရှိ သံဃာ​ဆောင်တွင်  ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများကို ​ဆောင်ရွက်​ပေးလျက်ရှိရာ  အ​နောက်​တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှုး ဗိုလ်မှူးချုပ် ကြည်ခိုင်နှင့် အဖွဲ့ဝင်များက လာရောက်ကြည့်ရှု အား​ပေးခဲ့ကြသည်။
Nov 14,2022
ကရင်ပြည်နယ် ဘားအံခရိုင် ပိုင်ကျုံမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၁၇ ရက်နေ့၊ တန် ဆောင်မုန်းလပြည့်ကျော် (၁၀)ရက်နေ့တွင် ကျရောက် မည့် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အဖြစ် ထုတ်ဝေသည့် သတင်း စကား လက်ကမ်းစာစောင်များကို ယနေ့နံနက်ပိုင်းက ဖြန့်ဝေပေးခဲ့သည်။
Nov 14,2022
မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြု Community Centre ခန်းမ၌ သင်တန်းများ၊ အသိပညာပေးခြင်း လုပ်ငန်းများကို ဆောင် ရွက်ပေးလျက်ရှိရာ ယနေ့နံနက် (၁၀)နာရီက (၁၀၂)ကြိမ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို စာအုပ်စာစောင်ပြပွဲကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Nov 14,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ ပြည်သူများ ယာဥ်အန္တရာယ် ကင်းရှင်းစေရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခြင်းကို ယနေ့နံနက်(၁၀)နာရီက စတင်၍ မြို့ပေါ်ရပ်ကွက်များ၊ လူစည်ကားရာနေရာများနှင့် ယာဥ်သွားလာမှု များပြားသော နေရာများတွင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Nov 14,2022
ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ စမ်းချောင်းမြို့နယ်တွင် ကျောင်းသား/သူများ နေ့ထူးနေ့မြတ်များအကြောင်း အသိပညာဗဟုသုတများရရှိစေရန်၊ စာကြည့်တိုက်သို့ ဝင်ထွက် သွားလာတတ်သည့် အလေ့အကျင့်ကောင်းများနှင့် စာကြည့်တိုက်ကို အသုံးပြုတက်စေရန်၊ ဉာဏ်ရည် ဉာဏ်သွေးထက်မြက်စေရန် ရည်ရွယ်၍(၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်ပြိုင်ပွဲများကို ယနေ့နံနက်(၁၀)နာရီက လူထုအခြေပြုဗဟိုဌာန၌ ကျင်းပပြုလုပ်ခဲ့သည်။
Nov 14,2022
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့၌ Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းကို ယနေ့နေ့လယ် ၁ နာရီအချိန်က  မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးသို့ သွားရောက်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Nov 14,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌  ကျောင်းသား၊ ကျောင်းသူများ မျိုးချစ်စိတ်ဓာတ်များ ပိုမိုရင့်သန်လာစေရန်၊ မိမိနိုင်ငံ၏ နေ့ထူးနေ့မြတ်များကို အလေးထား သတိရရှိစေရန်နှင့် ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်လာစေရန် ရည်ရွယ်၍ (၁၀၂)နှစ်မြောက်  အမျိုးသားအောင်ပွဲနေ့ အကြို အခြေခံမူလတန်းအဆင့်  စာစီစာကုံးပြိုင်ပွဲကို ယမန်နေ့နံနက် (၁၁)နာရီက ကျင်းပ ပြုလုပ်ခဲ့သည်။