အမြို့မြို့အနယ်နယ်သတင်းများ

Jul 24,2022
တောင်သူများ စပါးအထွက်နှုန်းများ တိုးတက်မြင့်မားလာစေရေးနှင့် ဝင်ငွေများတိုးတက်လာစေရန် ရည်ရွယ်ကာ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်နှင့် ရွှေဇာခြည်ကုမ္ပဏီတို့ ပူးပေါင်း၍ ဆန်စပါးစိုက်ပျိုး ထုတ်လုပ်မှုဖွံ့ဖြိုးတိုးတက်ရေးဆွေးနွေးပွဲကို ယမန်နေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်၊ ရေဖြူကျေးရွာအုပ်စု၊ ညောင်သုံး ပင်ကျေးရွာရှိ ရွှေဇာခြည်စပါးအခြောက်ခံ စက်ရုံခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြကြောင်း သိရသည်။
Jul 24,2022
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ရေနံချောင်းမြို့နယ်အတွင်းရှိ အိမ်ထောင်စု လူဦးရေစာရင်း (ပုံစံ -၆၆ /၆) များအား Software Program ဖြင့် ထည့်သွင်းနေမှုကို ရေနံချောင်းမြို့၊ ရေနံမြေလုပ်သားခန်းမတွင် ယမန်နေ့ ညနေပိုင်းက မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှုရေးရာ ဝန်ကြီး၊ တိုင်းဒေသကြီးလူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး၊ ညွှန်ကြားရေးမှူး ဦးစိုးပိုင်မြင့်နှင့် တာဝန်ရှိသူများက လာရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။
Jul 24,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများက အဘိတ်ဆေးခတ်ခြင်း၊ ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများကို ဇူလိုင် ၂၄ ရက်က အိမ်တိုင်ရာရောက် လိုက်လံဆောင်ရွက်ပေးလျက်ရှိသည်။
Jul 24,2022
စစ်ကိုင်းပညာရေးတက္ကသိုလ်တွင် ၂၀၂၂- ၂၀၂၃ ပညာသင်နှစ် အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲကို ယမန်နေ့၊ နံနက်ပိုင်းက အဆိုပါတက္ကသိုလ်ရှိ မိုးလုံ၊ လေလုံအားကစားခန်းမအတွင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Jul 24,2022
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်တွင် ရပ်ရွာအခြေပြု လူကုန်ကူးမှုစိစစ်ဖော်ထုတ်ရေး သင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
Jul 24,2022
ဆဋ္ဌသင်္ဂါယနာ သာသနာ့သမိုင်းဝင် သီရိမင်္ဂလာကမ္ဘာအေး စေတီတော်ဂေါပကအဖွဲ့က ကြီးမှူးကျင်းပသည့် လုံးတော်ပြည့် မျက်ပါးရွှေသင်္ကန်း၊ ကြာမှောက်ကြာလှန် အထက်ပိုင်း ရွှေစင်ရွှေသား ရွှေပြားသင်္ကန်း နှင့်ဗုဒ္ဓရုပ်ပွားတော်မြတ် ငါးဆူရွှေသင်္ကန်းတင်လှူပူဇော်ခြင်း အောင်ပွဲ ရေစက်ချအလှူမင်္ဂလာ အခမ်းအနားကိုယနေ့ မွန်းလွဲ ၂ နာရီတွင် အဆိုပါ စေတီတော်အတွင်း၌ ကျင်းပသည့်၊၊