အမြို့မြို့အနယ်နယ်သတင်းများ

Jul 26,2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းများမှ ဆရာတော်သံဃာတော် (၃၄၄)ပါးအား အာရုဏ်ဆွမ်းလောင်းလှူ ခြင်းကို ယနေ့ဝါဆိုလပြည့်ကျော် ၁၄ ရက်နေ့ (ဝါတွင်းကာလအဖိတ်နေ့) နံနက်အာရုဏ်တက်ချိန်၌ မြို့လည်ဓမ္မာရုံကြီးရှေ့တွင် မြို့နယ်ဝါတွင်းကာလ သံဃာ့ဒါနဆွမ်းလောင်း အသင်းအဖွဲ့ဥက္ကဋ္ဌနှင့် အသင်းအဖွဲ့ဝင်များလှူဒါန်း ကုသိုလ်ပြုခဲ့ကြသည်။
Jul 26,2022
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းနှင့် စာပေဝါသနာရှင်များ ပူးပေါင်း၍ ဇူလိုင် ၂၄ ရက်နေ့ မွန်းလွဲ(၃) နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ စာရေးဆရာ ဒေါက်တာ ကျော်စိန်၏ "ဘဝတွင် အောင်မြင်ပျော်ရွှင်သူတို့၏ လျှို့ဝှက်ချက် ၁၀၀" စာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပခဲ့သည်။
Jul 26,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကာလိမြို့အမှတ်(၁၅၁) ခြေလျင်တပ်ရင်းမှ ဗိုလ်မှူးသက်နိုင်အောင်က ဦးဆောင်၍ ဒုတိယအကြိမ်မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက်(၈)နာရီ အချိန်ခန့်က ကျင်းပပြုလုပ်ခဲ့သည်။
Jul 26,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒေသနေပြည်သူများ အသိပညာဗဟုသုတရရှိစေရန်၊ စာအုပ်စာစောင်များကို ဖတ်ရှုသည့်အလေ့အကျင့်ရှိစေရန်နှင့် စာပေ၏အကျိုးကျေးဇူးအကြောင်း သိရှိစေရန်ရည်ရွယ်၍ မိုဘိုင်းစနစ်ဖြင့် စာအုပ်စာစောင်များကိုအခမဲ့ ငှားရမ်းဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက် (၉) နာရီအချိန်တွင် အခြေခံပညာမူလတန်းကျောင်းတွင် စာအုပ်စာစောင်များကို အခမဲ့ငှားရမ်းပေးခဲ့ကြောင်း သိရသည်။
Jul 26,2022
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ မုက္ကဒိကျေးရွာအုပ်စု၊ မုက္ကဒိခေတ်မီစံပြကျေးရွာတွင် လယ်ယားသုံးစက် ကိရိယာ မောင်းနှင်ထိန်းသိမ်းမှု (အခြေခံ) သင်တန်းဖွင့်ပွဲကို ယမန်နေ့နံနက် ၉ နာရီခန့်က အဆိုပါခေတ်မီ စံပြကျေးရွာ အထက်တန်းကျောင်းခန်းမ၌ ကျင်းပသည်။
Jul 26,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်ရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား/သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (ဒုတိယအကြိမ်)ထိုးနှံပေးခြင်းကို‌ ရောဂါကူးစက်ပြန့်ပွားမှုမှ ကြိုတင်ကာကွယ်နိုင်စေရန်အတွက် ရည်ရွယ်ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများကဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်ရှိ အမှတ်(၅)အခြေခံပညာ မူလတန်းလွန်ကျောင်းနှင့် အမှတ်(၁၃)အခြေခံပညာ မူလတန်းကျောင်းတို့၌ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွန်ချက်များနှင့်အညီ ယမန်နေ့ နံနက်(၈)နာရီတွင် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
Jul 26,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် မိုးရာသီ ရေကြီးနစ်မြုပ်မှု လျော့နည်းသက်သာစေရေးနှင့် သဘာဝဘေးအန္တရာယ်များ ကျရောက်လာပါက ရေဘေး ကာကွယ်ရေး၊ တာများမကျိုးပေါက်နိုင်ရန် ကျေးရွာ၊ ရပ်ကွက်နေ ပြည်သူများ ဘေးအန္တရာယ် ကင်းရှင်းရေး၊ ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ရေးအတွက် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ငဝန်တာ၊ တာမိုင်(၆၄/၃)၊ ရေကင်းစခန်း အမှတ်(၁)၊ ရွှေရောင်ချကျေးရွာအုပ်စု၊ ဘုမ္မဲဇာကျေးရွာအနီးတွင် ယမန်နေ့နံနက် ၁၀ နာရီအချိန်က ရေဘေးကာကွယ်ရေး သရုပ်ပြပွဲ ကျင်းပပြုလုပ်ကြသည်။