Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
မိုင်းဆတ်မြို့၌ “(၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့” အကြို နယ်လှည့်စာကြည့်တိုက်နှင့် ဟောပြောပွဲ ကွင်းဆင်းဆောင်ရွက်
Nov 16,2022
ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းဆတ်မြို့၌ “(၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အကြို နယ်လှည့်စာကြည့်တိုက်နှင့် ဟောပြောပွဲကို ယနေ့နံနက်(၉)နာရီက အ.မ.က (တန့်ဆိုင်) ကျောင်းသို့ ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဝေါလေမြိုင်မြို့၌ (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေ
Nov 16,2022
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ ဝေါလေမြိုင်မြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ထုတ်ဝေသော ၂၀၂၂ ခုနှစ်၊ (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ကျောင်းသား၊ ကျောင်းသူများ ဖတ်ရှုလေ့လာနိုင်ရန်အတွက် ယနေ့နံနက် ပိုင်းက အထက (ဝေါလေမြိုင်) စာသင်ကျောင်း၌ သွားရောက်ဖြန့်ဝေခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
တိုက်ကြီးမြို့နယ်တွင် ရဲဗလရွှေတံဆိပ်နှင့် ဂုဏ်ပြုစာလွှာပေးအပ်ချီးမြှင့်ပွဲ အခမ်းအနားကျင်းပ
Nov 16,2022
ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယမန်နေ့ နံနက် ၁၀ နာရီ က ရဲဗလရွှေတံဆိပ်နှင့် ဂုဏ်ပြုစာလွှာပေးအပ်ချီးမြှင့်ပွဲ အခမ်းအနားကို ကျင်းပခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ကန်ကြီးထောင့်မြို့နယ်တွင် ၂၀၂၂ ခုနှစ် ဆောင်းရာသီ စိုက်ပျိုးစရိတ်ချေးငွေများ စတင်ထုတ်ချေးနေပြီဖြစ်
Nov 16,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ၂၀၂၂ ခုနှစ် ဆောင်းရာသီ စိုက်ပျိုးစရိတ် ချေးငွေများအား နိုဝင်ဘာလ ၁၄ ရက်နေ့တွင် စတင်ထုတ်ချေးနေပြီ ဖြစ်ကြောင်း သိရသည်။ ကန်ကြီးထောင့်မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က မြို့နယ်အတွင်းရှိ ဆောင်းသီးနှံစိုက်ပျိုးမည့် တောင်သူများအား ဆောင်းရာသီစိုက်ပျိုးစရိတ်များကို နိုဝင်ဘာလ ၁၄ ရက်နေ့မှ စတင်ထုတ်ချေးခဲ့ရာ နိုဝင်ဘာလ ၁၆ ရက်နေ့အထိ ကျေးရွာအုပ်စု (၆)အုပ်စု ရှိ တောင်သူ (၁၅၄)ဦး ၏ သီးနှံစိုက် ဧက (၁၂၀၈)ဧက အတွက် ချေးငွေ ကျပ်သိန်း (၁၈၁၂) ထုတ်ချေးပေးပြီး ထုတ်ချေးရန်ကျံတောင်သူများအားလည်း ဆက်လက် ထုတ်ချေး ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
မှော်ဘီမြို့နယ်တွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းတွေ့ဆုံပွဲ ကျင်းပ
Nov 16,2022
ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ်အတွင်း လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအတွက် ယနေ့နံနက် ၉နာရီအချိန် က မြို့နယ်အဆင့်ဌာနဆိုင်ရာများ ပါဝင်သော စစ်ကြောင်းကြီး ၅ကြောင်းဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျုံပျော်တွင် (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် ပန်းချီပြိုင်ပွဲ ကျင်းပ
Nov 16,2022
လူငယ်များ အမျိုးသားရေးစိတ်ဓာတ် ထက်သန် နိုးကြားနေစေရန်နှင့် အမျိုးသားနေ့ ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းကို သိရှိပြီး တိုင်းပြည်ဖွံ့ဖြိုးရေးအတွက် အမျိုးသားအားမာန်များဖြင့် ဝိုင်းဝန်း အကောင်အထည်ဖော် ဆောင်ရွက်နိုင်ကြစေရန်အတွက် (၁၀၂) နှစ်မြောက် အမျိုးသား အောင်ပွဲနေ့အထိမ်းအမှတ် ပန်းချီပြိုင်ပွဲကို ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့၊ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း၌ ယမန်နေ့နံနက် ၁၀ နာရီက ပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပန်းတနော်မြို့တွင် (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စာအုပ်/ စာစောင် ပြပွဲကျင်းပ
Nov 16,2022
ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် ပန်းတနော်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ယနေ့ နံနက် ၁၀ နာရီက စာအုပ်/ စာစောင်ပြပွဲကို ခင်းကျင်းပြသခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပေါက်တောမြို့တွင် (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် ဆေးရောင်ခြယ်ပြိုင်ပွဲကျင်းပ
Nov 16,2022
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)၌ နိုဝင်ဘာလ ၁၇ ရက်နေ့တွင်ကျရောက်မည့် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဟောပြောပွဲ၊ စာဖတ် စွမ်းရည်ပြိုင်ပွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲများကို ယနေ့နံနက် ၁၁နာရီက ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
17681
Page
17682
Page
17683
Page
17684
Current page
17685
Page
17686
Page
17687
Page
17688
Page
17689
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department