အမြို့မြို့အနယ်နယ်သတင်းများ

Nov 16,2022
ကရင်ပြည်နယ်အတွင်း အခြေခံမဲဆန္ဒရှင်စာရင်းများပြည့်စုံမှန်ကန်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီခန့်က ဘားအံမြို့၊ ပြည်နယ်အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၂)၌ ကျင်းပခဲ့သည်။
Nov 16,2022
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၌ ၁၃၈၄ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် (၁၀) ရက်နေ့တွင် ကျရောက်မည့် (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အကြို စာစီစာကုံးပြိုင်ပွဲနှင့် ပန်းချီပြိုင်ပွဲကို ယနေ့နံနက် (၈) နာရီက အမှတ် (၃) အခြေခံပညာ အထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်ရာ ကျောက်ဖြူမြို့နယ်အတွင်းရှိ အခြေခံပညာ ကျောင်းများနှင့် ကိုယ်ပိုင်ကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများမှ စိတ်ပါဝင်စားစွာဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။
Nov 16,2022
ရွှေတောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးဌာန ဦးစီးအရာရှိနှင့် ဝန်ထမ်းများက သရက်တောရပ်ကွက်၊ အမက မင်းတဲကျောင်းတွင် ယနေ့နံနက်ပိုင်း က (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အဖြစ် နယ်လှည့်စာကြည့်တိုက်၊ အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်နံရံကပ်စာစောင်၊ ဓါတ်ပုံပြပွဲ၊ လူကုန်ကူးမှုတိုက်ဖျက်ရေး၊ ကလေးအလုပ်သမားပပျောက်ရေး၊ မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့သည်။
Nov 16,2022
မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် ယနေ့နံနက်ပိုင်းက (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို အ.ထ.က (မတ္တရာ) မှ ကျောင်းသား၊  ကျောင်းသူများအား အခမဲ့ဖြန့်ဝေပေးခဲ့သည်။
Nov 16,2022
မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့တွင် လျှပ်စစ်မန်နေဂျာရုံးမှ ဝန်ထမ်းများက လျှပ်စစ်အန္တရာယ်သတိပေး လက်ကမ်းစာစောင်များကို ယနေ့နံနက်က လူစည်ကားရာနေရာများတွင် ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
Nov 16,2022
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ မြို့နယ်ပညာရေးဦးစီးဌာနနှင့် ပူးပေါင်း၍ (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် "အမျိုးသားနေ့" အကြောင်း သိကောင်းစရာ Talk Show အသိပညာပေး ဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီခွဲအချိန်က ကျင်းပသည်။
Nov 16,2022
မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့တွင် နိုဝင်ဘာလ (၁၇) ရက်နေ့တွင် ကျရောက်မည့် (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက် (၁၀) နာရီက ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူး၍ မြင်းခြံမြို့ အထက-ခွဲ(အလင်းရောင်)‌ ကျောင်းတွင် ပြုလုပ်ခဲ့သည်။