အမြို့မြို့အနယ်နယ်သတင်းများ

Nov 16,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့တွင် (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို ပျော်ပွဲရွင်ပွဲ အားကစားပြိုင်ပွဲများကို  ယနေ့ နံနက်ပိုင်းမှ စတင်၍ ဟော်ကန်ရပ်ကွက်အတွင်းရှိ မြို့နယ်အားကစားကွင်း၌ ကျင်းပကြောင်း သိရသည်။
Nov 16,2022
ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းအချိန် က ရန်ကုန်မြို့ တာမွေမြို့နယ်ရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ကျင်းပပြုလုပ်ခဲ့သည်။
Nov 16,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၊ မြင်းကဆိပ်ကျေးရွာအုပ်စု၊ စာဖြူစုကျေးရွာရှိ ကွင်းအမှတ်(၁၄၇-C)၊ ဦးပိုင်အမှတ် ၂၂/၂ ရှိတောင်သူ ဦးပါလကြည် စိုက်ပျိုးလုပ်ကိုင်နေသော လယ်ယာမြေတွင် နေကြာမျိုးစေ့စိုက်ပျိုးပွဲ ကို နိုဝင်ဘာလ ၁၆ ရက်နေ့ နံနက် ၉ နာရီအချိန်တွင် ကျင်းပခဲ့သည်။
Nov 16,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့တွင် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် ဟောပြောပွဲနှင့် ဆေးရောင်စုံခြယ်ပြိုင်ပွဲတို့ကို ယနေ့မွန်းလွှဲ (၁)နာရီအချိန်က ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့သည်။
Nov 16,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊မိုင်းခတ်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre ) ခန်းမ၌ ``ပညာရှင်စိတ်ထား" စာအုပ်ဖြင့် ယနေ့ နံနက်၉နာရီက Youth Clubအဖွဲ့ လူငယ်များနှင့် စာဖတ်ဝိုင်းပြုလုပ်ခဲ့သည်။
Nov 16,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ် အမှတ်၃ရပ်ကွက်ရှိ အနန္တဂုဏ်ဝေ သီလရှင်စာသင်တိုက်သို့ အနောက်တောင်တိုင်း စစ်ဌာနချူပ်တိုင်မှူးမှ လှူဒါန်းသော လှူဖွယ် ပစ္စည်းများအား မြို့နယ်စီမံအုပ်ချူပ်ရေးအဖွဲ့မှ ယနေ့နေ့လည်ပိုင်းတွင် သွားရောက်လှူဒါန်းခဲ့သည်။
Nov 16,2022
၁၃၈၄ ခုနှစ် တန်ဆောင်မုန်းလပြည့်ကျော် (၁၀)ရက်နေ့တွင် ကျရောက်မည့် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အဖြစ် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် ယမန်နေ့နံနက် (၁၁)နာရီက (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်ဟောပြောပွဲကို အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း ကျင်းပဆောင်ရွက်ခဲ့သည်။