Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
နမ္မတူမြို့နယ် အမှတ် (၈)အခြေခံပညာမူလတန်းလွန်ကျောင်း၌ အသိပညာပေး ဟောပြောပွဲများ ကျင်းပပြုလုပ်
Jun 15,2022
ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်ရုံး၊ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနနှင့် မြို့နယ်ပညာရေးဌာနတို့ ပူးပေါင်း၍ မူးယစ်ဆေးဝါးအန္တရာယ်နှင့်သဘာဝဘေး အန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့မွန်းလွဲ (၂)နာရီအချိန်က အမှတ်(၈) အခြေခံပညာမူလတန်းလွန်ကျောင်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကလိန်အောင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ဝန်ထမ်းများ ရုံးတွင်းစာဖတ်ဝိုင်းဆွေးနွေးပွဲဆေ…
Jun 15,2022
ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်ထောင်စုရာထူးဝန်အဖွဲ့ကထုတ်ဝေသည့် "နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ" စာအုပ်ဖြင့် ဝန်ထမ်းများ ရုံးတွင်းစာဖတ်ဝိုင်းဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲပိုင်းအချိန်က ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
တာချီလိတ်မြို့ အခြေခံပညာကျောင်းများတွင် အသက်(၅)နှစ်အထက် ကျောင်းသား၊ကျောင်းသူများ ကိုဗစ်-၁၉ ကာကွယ်ဆေး ပထမအကြိမ်ထိုးနှံပေး
Jun 15,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့၌ အခြေခံပညာကျောင်းများတွင် အသက်(၅)နှစ်အထက် ကျောင်းသား၊ကျောင်းသူများအား ပထမအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးခြင်းကို တာချီလိတ်(အ-ထ-က)ကျောင်းတွင် ယနေ့နံနက် ၉ နာရီခွဲက ကျန်းမာရေးဦးစီးဌာနနှင့် ခရိုင်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့ ပူးပေါင်းပြီး ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရွှေတောင်မြို့နယ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှု ဖွံ့ဖြိုး တိုးတက်ရေး တောင်သူအသိပညာပေး ကွင်းဆင်းဆောင်ရွက်
Jun 15,2022
ပဲခူးတိုင်းဒေသကြီးအစိုးရ အဖွဲ့ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်နှင့်အညီ ရွှေတောင် မြို့နယ်၏ ၂၀၂၂-ခုနှစ်၊ ဇွန်လအတွင်းကျေးရွာ (၁၀) ရွာစီစစ်ရွေးချယ်၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေးတောင်သူ အသိပညာပေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နေ့လယ်ပိုင်းက ဂွေးတောက်မြှောင် ကျေးရွာအုပ်စုက ဒီပင်ကျေးရွာသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းယုမြို့၌ စာဖတ်ဝိုင်းပြုလုပ်
Jun 15,2022
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းယောင်းခရိုင်၊ မိုင်းယာင်းမြို့နယ်၊ မိုင်းယုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Book Club အသင်းနှင့် Youth Club အသင်းတို့ စီစဉ်ကျင်းပပြုလုပ်သည့် စာရေးဆရာ ချစ်နိုင်(စိတ်ပညာ)ရေးသားသော “တန်ဖိုးရှိလှ လူငယ်ဘဝ”စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ခြင်းကို ယနေ့နံနက်ပိုင်းက အဆိုပါရုံးရှိ လူထုအခြေပြုဗဟိုဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဂျူတီကုတ်နှင့် ဦးဆောင်း အပ်နှင်းပွဲအခမ်းအနား ကျင်းပပြုလုပ်ခြင်း
Jun 15,2022
မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်၊ ချမ်းမြသာစည်မြို့နယ်၊ ၁၀၅x၁၀၆ကြား၊ လမ်း၆၀ ရှိ သူနာပြုသင်တန်းကျောင်း (မန္တလေး)၏ (၃၀)ကြိမ်မြောက်နှင့် သူနာပြုနှင့်သားဖွားသင်တန်း ကျောင်း(ကလေး)၏ (၅)ကြိမ်မြောက် ပထမနှစ်၊ သူနာပြု/သားဖွားဒီလိုမာ သင်တန်းသား/ သူများအား ဂျူတီကုတ်နှင့်ဦးဆောင်းအပ်နှင်းပွဲ အခမ်းအနားကို ဇွန် ၁၄ရက်နေ့ နံနက် ၉:၀၀ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
လိပ်သိုမြို့တွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် မိုးစပါးစိုက်ပျိုးနိုင်ရန် အသိပညာပေး ထွန်ယက်ခြင်းလုပ်ငန်းများ စတင်ဆောင်ရွက်
Jun 15,2022
အပြည့်အစုံ ဖတ်ရန်
မင်းတုန်းမြို့နယ်တွင် နေကြာမျိုးစေ့ထုတ်စိုက်ခင်း အပင်ကြီးထွားရှင်သန်မှု ကွင်းဆင်းကြည့်ရှု
Jun 15,2022
မကွေးတိုင်းဒေသကြီး၊ မင်းတုန်းမြို့နယ်၊ မိုးကောင်းကျေးရွာတွင် ဆီထွက်သီးနှံ နေကြာမျိုးစေ့ထုတ် စိုက်ခင်းအပင်ကြီးထွားရှင်သန်မှုကို ယနေ့နံနက် ၈ နာရီက မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးတို့ ကွင်းဆင်း ကြည့်ရှုခဲ့ရာ အပင်များ ပိုးမွှားကျရောက်မှု အနည်းငယ်ရှိသည့်အတွက် တောင်သူများအား ပိုးသတ်ဆေးဖြန်းစေခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
17677
Page
17678
Page
17679
Page
17680
Current page
17681
Page
17682
Page
17683
Page
17684
Page
17685
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department