အမြို့မြို့အနယ်နယ်သတင်းများ

Nov 17,2022
၂၀၂၂ခုနှစ်၊ နို၀င်ဘာလ(၁၇)နေ့တွင် ကျရောက်သည့် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အဖြစ် ကာမိုင်းမြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူး၍ KGတန်းနှင့် Grade-3 တန်းမှ ကလေးငယ်များအား အရောင်ရွေးခြယ်တတ်စေရန်၊ ဉာဏ်ရည် ထက်မြတ်တိုးတက်စေရန်နှင့် စာကြည့်တိုက်နှင့်ရင်းနှီးကျွမ်း၀င်မှုရှိစေရန်ရည်ရွယ်၍ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် စာအုပ်စာစောင်ပြပွဲကို ယနေ့နံနက်(၉)နာရီ ခန့်က လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပခဲ့သည်။
Nov 17,2022
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ် (၁၀၂)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သဝဏ်လွှာဖတ်ပွဲနှင့်ဆုချီးမြှင့်ပွဲကို နိုဝင်ဘာ(၁၇)ရက် နံနက်(၈)နာရီခွဲတွင် အထက(၁)မဉ္ဇူသကခန်းမ၌ ကျင်းပသည်။
Nov 17,2022
စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ခရိုင်/မြို့နယ်များတွင် ရသင့်ရထိုက်သည့် အခွန်အခ များနှင့် ချေးငွေများအပြည့်အဝကောက်ခံရရှိရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ မုံရွာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌတို့ တက်ရောက်ကြပြီး တိုင်းဒေသကြီးအတွင်းရှိ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ကလေးခရိုင်၊ ကသာခရိုင်၊ ကန့်ဘလူခရိုင်၊ ခန္တီးခရိုင်၊ စစ်ကိုင်းခရိုင်၊ ရေဦးခရိုင်၊ ရွှေဘိုခရိုင်၊ ဟုမ္မလင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများက Video Conferencing စနစ်ဖြင့် တက်ရောက် ကြသည်။
Nov 17,2022
ကရင်ပြည်နယ်အတွင်း အခြေခံမဲဆန္ဒရှင်စာရင်းများပြည့်စုံမှန်ကန်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီခန့်က ဘားအံမြို့၊ ပြည်နယ်အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၂)၌ ကျင်းပခဲ့သည်။
Nov 17,2022
၂၀၂၂ခုနှစ် နိုဝင်ဘာလ ၁၇ (တန်ဆောင်မုန်းလဆုတ် ၁၀)ရက်နေ့တွင် ကျရောက်သော (၁၀၂)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အခမ်းအနားကို ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ် အခြေခံပညာအထက်တန်းကျောင်းတွင် နိုင်ဝင်ဘာ ၁၇ ရက် နံနက် ၉နာရီခွဲက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Nov 16,2022
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် (၁၀၂) နှစ်မြောက်   အမျိုးသား အောင်ပွဲနေ့   အထိမ်းအမှတ်အကြို အပြေးပြိုင်ပွဲနှင့် ပိုက်‌ကျော်ခြင်းခတ်ပြိုင်ပွဲကို  ယနေ့ နံနက် ၈ နာရီက မြို့နယ်အားကစားကွင်းနှင့် ကျောက်တိုင်ကွင်းတို့၌  ကျင်းပပြုလုပ်ခဲ့သည်။
Nov 16,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးခရိုင်၊ ကွမ်းလုံမြို့၌ (၁၀၂)နှစ်မြောက်အမျိုးသားအောင်ပွဲ နေ့အထိမ်းအမှတ်(အကြို) မူလတန်းအထက်အဆင့် ပန်းချီဆွဲပြိုင်ပွဲကို ယမန်နေ့ နံနက်(၁၀)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြု ဗဟိုဌာန (Community Centre)ခန်းမတွင် ကျင်းပပြုလုပ်ရာ အခြေခံပညာ အထက်တန်းကျောင်း (ကွမ်းလုံ)၊ အခြေခံပညာအထက်တန်းကျောင်းခွဲ(ဟိုလီ)၊ အမှတ်(၂) အခြေခံပညာမူလတန်းလွန်ကျောင်း (လူငယ်ကွမ်းလုံ) တို့မှ ကျောင်းသား/ကျောင်းသူ (၂၅)ဦးတို့က လာရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်းသိရှိရသည်။
Nov 16,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်  အားကစား ပြိုင်ပွဲများကို ယနေ့ နံနက် ၉ နာရီက ခရိုင်အားကစားကွင်း၌ ကျင်းပသည်။