အမြို့မြို့အနယ်နယ်သတင်းများ

Nov 17,2022
၂၀၂၂ခုနှစ်၊ နိုဝင်ဘာလ (၁၇) ရက်နေ့၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်နေ့တွင် ကျ‌ရောက်မည့် (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲနှင့် စာအုပ်ပြပွဲကို ယမန်နေ့မွန်းလွဲ (၃) နာရီအချိန်က မကွေးမြို့၊ အခြေခံပညာ အထက်တန်းကျောင်း(ခွဲ) ကန်သာကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Nov 17,2022
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနမှ ကျောင်းသား/သူများ အသိပညာဗဟုသုတတိုးပွားစေရန်နှင့် အမျိုးသားအောင်ပွဲနေ့ကို မြတ်နိုးတန်ဖိုးထားတတ်စေရန် ရည်ရွယ်၍   (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲကို  ယနေ့နံနက်ပိုင်းက ပုဗ္ဗသီရိမြို့နယ်၊ အမှတ်-၉၇ အခြေခံပညာ အထက်တန်းကျောင်းခွဲ၌ ကျင်းပပြုလုပ်ခဲ့သည်။
Nov 17,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမတွင် ယမန်နေ့လယ် (၁) နာရီက (၁၀၂) နှစ်မြောက် အမျိုးသား အောင်ပွဲနေ့အထိမ်းအမှတ်အကြို အသိပညာပေး (Talk Show) ပြုလုပ်ခဲ့ကြောင်း သိရသည်။
Nov 17,2022
စစ်ကိုင်းဒေသကြီး၊ နာဂဒေသများသို့ သွားရောက်တာဝန်ထမ်းမည့် ဆေးမှူး/ဗိုလ်ကြီးများအား ဟုမ္မလင်းစခန်းဌာနချုပ် လေဆိပ်၌ နိုဝင်ဘာ (၁၆)ရက်နေ့၊ မွန်းလွဲ (၁)နာရီတွင် ကြိုဆိုခဲ့ကြကြောင်း သိရသည်။
Nov 17,2022
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနနှင့် မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနတို့ ပူးပေါင်း၍ ၂၀၂၂ ခုနှစ် မိုးစပါးစံကွက်ရိတ်သိမ်းခြင်း အခမ်းအနားကို ယမန်နေ့နံနက် ၉နာရီအချိန် က ဘူးသီးတောင်မြို့နယ် နန်းရာကုန်းကျေးရွာအုပ်စု၌ ကျင်းပသည်။
Nov 17,2022
ပျဉ်းမနားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာဖတ်သူများလက်ဝယ်အရောက် စာအုပ်များလိုက်လံငှားရမ်းပေးမှုကို ရပ်ကွက်‌/ကျေးရွာများနှင့် စာသင်ကျောင်းများအရောက် လိုက်လံငှားရမ်း‌ပေးနေလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် မြို့နယ်ရုံး ဝန်ထမ်းများက အ.ထ.က (ညောင်ပင်သာ)၊ အ.ထ.က (သကြားစက်) နှင့် သကြားစက်ရုံ ဝန်ထမ်းများအား သွားရောက်ငှားရမ်းပေးကြသည်။
Nov 17,2022
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေး ဌာနတို့ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ကျောင်းစာအပြင် ပြင်ပဗဟု သုတများရရှိစေရန်၊ အမျိုးသားရေးစိတ်ဓာတ်ရှင်သန်တက်ကြွစေရန် ရည်ရွယ်၍ ယနေ့နံနက် (၁၀:၃၀)အချိန် က အထက(ခွဲ) လှိုင်ဝကျောင်းနှင့် မွန်းလွဲ(၁:၃၀)အချိန်၌ အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်းတို့တွင် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ကျင်းပပြုလုပ်ခဲ့သည်။