အမြို့မြို့အနယ်နယ်သတင်းများ

Nov 22,2022
မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ ရန်ကုန်-မန္တလေးလမ်းမကြီးဘေးရှိ စစ်ကိုင်း လမ်းခွဲ‌ဒေါင့်မှ ရတနာပူရပြတိုက်နှင့် မဟာမုနိဘုရားကြီးအရှေ့ဘက်မုဒ်အထိ မြောင်းအတွင်းနွံစာများဆယ်ယူပြီး မန္တလေးမြို့တော်သာယာလှပ‌စေရန်ရည်ရွယ်ချက်ဖြင့် ယမန်နေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
Nov 22,2022
တနင်္သာရီတိုင်းဒေသကြီး၊မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ပလောက်မြို့၊ကျောက်လုံးကြီးကျေးရွာ၌ မိုးစပါးစံကွက်ရိတ်သိမ်းပွဲကို ယနေ့နံနက် ၈ နာရီအချိန်က ကျောက်လုံးကြီးကျေးရွာအုပ်စု ကွင်းအမှတ် (၇.ခ)၊  ဦးပိုင် အမှတ်(၈၈)ရှိတောင်သူ ဦးကွန်ပဲ၏ ဆင်းသုခစပါးစိုက်ခင်း (၆.၆) ပေ အတွင်းရိတ်သိမ်းခဲ့ရာ ဆင်းသုခစပါး တင်းအစိုထွက်နှုန်း(၉၆)တင်းနှုန်းထွက်ရှိကြောင်း စိုက်ပျိုး ရေးဦးစီးဌာန မြို့ဦးစီးမှူး ဦးသော်ဇင်ထွန်းထံမှ သိရသည်။
Nov 22,2022
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့တွင် မြို့နယ်ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးအဖွဲ့၏ ပထမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးပွဲကို ယမန်နေ့နံနက်(၁၀)နာရီအချိန်က မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Nov 22,2022
ပညာရေးဝန်ကြီးဌာန၊ ဆရာအတတ်ပညာဦးစီးဌာန၊ မန္တလေးမြို့ပညာရေးဒီဂရီကောလိပ်၌ ပညာရေးဘွဲ့(B.Ed) စာပေးစာယူ (၂/၂၀၂၂) ပထမနှစ် စာမေးပွဲကို ယနေ့နံနက်ပိုင်းက အဆိုပါ ကောလိပ်ရှိ စာသင်ခန်းမများ၌ ဆက်လက်ကျင်းပပြုလုပ်ရာ သင်တန်းသား/သင်တန်းသူများမှ အေးချမ်းစွာဖြင့် ဝင်ရောက်ဖြေဆိုလျက်ရှိသည်။
Nov 22,2022
ကရင်ပြည်နယ်၊ဘားအံခရိုင်၊လှိုင်းဘွဲမြို့နယ်အတွင်းရှိကျေးရွာများ၌ နိုင်ငံ့စီးပွားမြှင့်တင်ရေး အရင်းမပျောက်မတည် ရန်ပုံငွေများဖြင့် နေကြာပင်မှ နေကြာဆီထုတ်လုပ်နိုင်ရေးအတွက်  တောင်သူများ အနေဖြင့် မိုးစပါးရိတ်သိမ်းပြီးနောက်မြေကြီး  အစိုဓါတ်ရှိနေချိန်များတွင်နေကြာပျိုးပင် မျိုးစေ့ချနိုင်ရေး လယ်ထွန်စက်များအသုံးပြု၍ ထယ်ထိုး၊ ထွန်မွှေ၊ မြေပြင်ခြင်းလုပ်ငန်းများကို ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
Nov 22,2022
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဉီးလွင်မြို့နယ်အတွင်းရှိ  နည်းပညာတက္ကသိုလ် (ရတနာပုံဆိုက်ဘာစီး တီး) ၏  ၂၀၂၂ - ၂၀၂၃  ပညာသင်နှစ် မောင်မယ်သစ်လွင်များအား နွေးထွေးစွာကြိုဆိုမိတ်ဆက်ပွဲကို  ယနေ့နံနက်ပိုင်းက ပြင်ဉီးလွင်မြို့နယ်၊ သုံးတောင် ကျေးရွာအနီးရှိ နည်းပညာတက္ကသိုလ် (ရတနာပုံဆိုက်ဘာစီးတီး)၌ ကျင်းပပြုလုပ်ရာ တာဝန်ရှိသူများ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများ တက်ရောက်ကြသည်။
Nov 22,2022
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့၊ စျေးကြီးရပ်ကွက်တွင် ပြည်သူများအား စားသုံးဆီနှင့် ကြက်ဥများကို သက်သာသော ဈေးနှုန်းဖြင့် ယမန်နေ့ နံနက်(၉)နာရီက ရောင်းချပေးလျက်ရှိကြောင်း သိရသည်။