Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
သာပေါင်းမြို့နယ်၌ ၂၀၂၂ ခုနှစ်၊ ဆောင်းသီးနှံ စိုက်ပျိုးစရိတ်ချေးငွေ ဘုရားကုန်းကျေးရွာအုပ်စု၊ တောင်သူ(၂၄)ဦး၊ စိုက်ပျိုးဧက(၁၈၃)ဧက၊ စိုက်ပျိုးစရိတ် ချေ…
Nov 25,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ မြို့နယ်ဘဏ်ခွဲမှ စိုက်ပျိုးစရိတ်ချေးငွေများကို တောင်သူများအား နှစ်စဉ်ထုတ်ချေးပေးလျက်ရှိရာ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ဆောင်းသီးနှံစိုက်ပျိုးစရိတ် ချေးငွေများကို ယမန်နေ့နံနက် ၉ နာရီခွဲအချိန်က ဆက်လက် ထုတ်ချေးပေးနေလျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုး လယ်ဝေးမြို့၊ အေလာ(အ.ထ.က)သို့ အားကစားပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲ တက်ရောက်
Nov 25,2022
ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်၊ အေလာ(အ.ထ.က)သို့ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ အားကစားပစ္စည်းများ ပေးအပ်လှူဒါန်းပွဲကို ယမန်နေ့နံနက် (၉) နာရီခွဲက ကျင်းပရာ နေပြည်တော်ကောင်စီအဖွဲ့ဝင်၊ အားကစားနှင့်ကာယပညာကော်မတီ ဥက္ကဋ္ဌဦးမြင့်စိုး နေပြည်တော် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးဦးသက်လွင်ဦးနှင့် တိုင်း၊ ခရိုင်အဆင့်ဌာန ဆိုင်ရာများ၊ လယ်ဝေးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ တက်ရောက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကန့်ဘလူမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ်၊ ဒုတိယအကြိမ်နှင့် ထပ်ဆောင်း ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေး
Nov 25,2022
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးနှင့် ကာကွယ်ထိန်းချုပ်နိုင်ရေးတို့အတွက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို ယမန်နေ့နံနက် ၉ နာရီက မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၌ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ညောင်ဦးမြို့နယ်တွင် မိုးနှောင်းနှမ်းခေါ်ဆောင်းဦးနှမ်းများ စတင်နှုတ်သိမ်း
Nov 25,2022
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်အတွင်းရှိကျေးလက်တောင်သူများ မိုးနှောင်းနှမ်းခေါ် ဆောင်းဦးနှမ်းများ စိုက်ပျိုအောင်မြင်ဖြစ် ထွန်းနေကြောင်း ကတောကျေးရွာ ဦးမြင့်ဇော်ကပြောကြားသည်။ အဆိုပါ မိုးနှောင်းနှမ်းခေါ်ဆောင်းဦးနှမ်းစိုက်ပျိုးသည့် တောင်သူများ သည် မိုးဦးမိုး လယ်တွင် ဘာသီးနှံမှမစိုက်ပျိုးပဲထားကာ မြေအမြဲထွန်ရေး ညက်အောင်ထွန်ထားပြီး ပေါင်းမြက် များပေါက်လာတိုင်း ထွန်ယက်ပေးနိုင်မှသာ ဆောင်းဦးနှမ်းကြဲပက်စိုက်ပျိုးချိန် ပေါင်းမြက်များ ကင်းရှင်းပြီး နှမ်းပင်များကောင်းလာကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရေဖြူမြို့နယ်၌ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု မွေးမြူရေးနှင့်ကုသရေး သင်တန်းဆင်းပွဲအခမ်းအနားကျင်းပ
Nov 25,2022
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ ဘဝမြှင့်မားရေး၊ မိသားစုဝင်ငွေတိုးပွားရေး၊ ကိုယ်ပိုင်လုပ်ငန်းဖြင့် မိသားစုအား တစ်ဖက်တစ်လမ်းမှ အပိုဝင်ငွေရှာဖွေနိုင်ရန် ရည်ရွယ်၍ နိုဝင်ဘာလ (၁၄) ရက်မှ (၂၄) ရက်နေ့အထိ ဖွင့်လှစ်ခဲ့ပြီး ယနေ့နံနက် ၁၀ နာရီက အသက်မွေးဝမ်းကျောင်းအထောက်အကူပြု မွေးမြူရေးနှင့်ကုသရေးလုပ်ငန်း သင်တန်းဆင်းပွဲအခမ်းအနားကို မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးခန်းမ၌ ကျင်းပပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
မောင်တောမြို့နယ် မြို့မအရှေ့ရပ်ကွက်၌ မီးကြွင်းမီးကျန်မှတစ်ဆင့် မီးလောင်မှုဖြစ်ပွား
Nov 25,2022
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ မြို့မအရှေ့ရပ်ကွက်၊ ဟိန္ဒူရွာ၌ ယမန်နေ့ မွန်းလွဲ ၁၂ နာရီ ခွဲဝန်းကျင်က မီးကြွင်းမီးကျန်မှတစ်ဆင့် မီးလောင်မှုကြောင့် နေအိမ်နှစ်လုံး ဆုံးရှုံးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်မဲခရိုင်ရုံး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဝန်ထမ်းများက ကျောက်မဲမြို့ အ.လ.က (ခွဲ) အ.မ.က (၉) ကျောင်းတွင် စာဖတ်ရှိန်မြှင့်တင်ရေးစာဖတ်ဝိုင်း…
Nov 25,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများသည် ယမန်နေ့မွန်းလွဲ (၁) နာရီအချိန်က ကျောက်မဲမြို့၊ အ.လ.က(ခွဲ) အ.မ.က(၉) ကျောင်းတွင် စာဖတ်ဝိုင်းနှင့် ကာယဉာဏစွမ်းရည်ပြိုင်ပွဲများ ကွင်းဆင်းဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မလှိုင်မြို့နယ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း ( VDP )ဖြင့် ဆောင်ရွက်နေသော ကွန်ကရစ် (ဘီးလမ်း)ခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအား ကြည့်ရှ…
Nov 25,2022
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ မလှိုင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌမြို့နယ် အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်သည် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊မြို့နယ်ဦးစီးမှူးဒေါ်စုစုနှင့် တာဝန်ရှိသူများ လိုက်ပါလျက် ယမန်နေ့မွန်းလွဲ(၂)နာရီအချိန်က ရေနီကျေးရွာအုပ်စု၊ ကံကလေး ကျေးရွာတွင်း ကွန်ကရစ် (ဘီးလမ်း) နှစ်ဖက်ခင်းခြင်း လုပ်ငန်း ဆောင်ရွက်နေမှုအားသွားရောက် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
17500
Page
17501
Page
17502
Page
17503
Current page
17504
Page
17505
Page
17506
Page
17507
Page
17508
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department