Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ပဲခူးမြို့တွင် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ ကျင်းပ
Nov 25,2022
အနာဂတ်မျိုးဆက်သစ် လူငယ်လူရွယ်များ ဗလငါးတန် ဖွံ့ဖြိုးတိုးတက်စေရန်၊ မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်စေရန်နှင့် နိုင်ငံတော်ကို အကျိုးပြုမည့် လူငယ်လူရွယ်များ ဖြစ်လာစေရန်ရည်ရွယ်၍ ပညာရေးဌာနနှင့် အားကစားနှင့်ကာယပညာ ဦးစီးဌာနတို့ပူးပေါင်းကာ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက်(၁၀) နာရီက ပဲခူးမြို့နယ်၊ အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်း(ခွဲ)ရှိ ကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
သန်လျင်မြို့ ကျေးလက်ဒေသဖွံ့ဖြိုးရေး ကွင်းဆင်းဆောင်ရွက်
Nov 25,2022
သန်လျင်ခရိုင်၊ သန်လျင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ ဆက်စပ်အဖွဲ့များ ပူးပေါင်းပါဝင်သောပညာရေး၊ ကျန်းမာရေး၊ အုပ်ချုပ်ရေး၊ တရားဥပဒေစိုးမိုးရေး၊ ကာကွယ်ရေးစသည့် စစ်ကြောင်းတာဝန်ရှိသူများနှင့် ဒေသခံပြည်သူများ တွေ့ဆုံပွဲကို ယမန်နေ့ နံနက် ၉ နာရီတွင် သန်လျင်မြို့နယ် လက်ယက်စမ်းကျေးရွာ ဓမ္မဝိဟာရ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
မတ္တရာမြို့နယ်၌ အသက်(၂)နှစ်အောက်ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်းများ ဆက်လက်ဆောင်ရွက်ပေး
Nov 25,2022
မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ် ပြည်သူ့ဆေးရုံတွင် အသက်(၂)နှစ်အောက်ကလေးငယ်များ ပုံမှန်ကာကွယ်ဆေးများထိုးနှံခြင်း၊ တိုက်ကျွေးခြင်းလုပ်ငန်းများကို ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများမှ ယမန်နေ့နံနက် (၉)နာရီအချိန်မှစတင်၍ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
သရက်မြို့ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းတွင် သဘာဝဘေးအန္တရာယ် အသိပညာပေးဟောပြောပွဲ ကျင်းပ
Nov 25,2022
မကွေးတိုင်းဒေသကြီး သရက်မြို့၌ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနနှင့် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၁၀ နာရီက အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းတွင်ကျင်းပရာ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
အမရပူရမြို့၌ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းသားဖွားဆောင် ပြန်လည်ပြုပြင်နိုင်ရေးကွင်းဆင်းစစ်ဆေး
Nov 25,2022
မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့၊ လမ်းငါးခွအနီးရှိ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းသားဖွားဆောင် ပြန်လည်ပြုပြင်နိုင်ရေးအတွက် မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရေးအသင်း(ဗဟို)က ယမန်နေ့နံနက် (၉)နာရီ (၃၀)မိနစ်အချိန်က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မြိတ်မြို့တွင် စားသုံးသူနစ်နာမှုများအတွက် စားသုံးသူများ၏အခွင့်အရေး အသိပညာပေး (Talk Show ) အစီအစဉ်ရိုက်ကူးဆောင်ရွက်
Nov 25,2022
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် စားသုံးသူနစ်နာမှုများအတွက် စားသုံးသူများ၏အခွင့်အရေး အသိပညာပေး (Talk Show) အစီအစဉ်ကို ယမန်နေ့ နေ့လယ်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်း၍ ရိုက်ကူးဆောင်ရွက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများမှ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ပိဿလိမ်း(ကျင်း) ကျေးရွာနေပြည်သူများနှင့်တွေ့ဆုံ
Nov 25,2022
မကွေးတိုင်းဒေသကြီး သရက်မြို့၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများမှ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျေးရွာနေပြည်သူများနှင့် တွေ့ဆုံခြင်းအခမ်းအနားကို ယမန်နေ့မွန်းတည့် (၁၂)နာရီက ပိဿလိမ်း(ကျင်း)ကျေးရွာ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံတွင် ဆောင်ရွက်ခဲ့ရာ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ ကျေးရွာနေပြည်သူများ တက်ရောက်ကြသည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းရယ်မြို့နယ်အဆင့် အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲကျင်းပ
Nov 25,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ်တွင် အခြေခံပညာဦးစီးဌာနမှ ကြီးမှူး၍ မြို့နယ်အဆင့် အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲများကို ကျင်းပလျက်ရှိရာ ယမန် နေ့ နေ့လည်(၁)နာရီက မိုင်းရယ်မြို့ အခြေခံပညာအထက်တန်းကျောင်း ရတနာခန်းမတွင် မြို့နယ်အဆင့် အင်္ဂလိပ်စာစွမ်းရည် နှုတ်ဖြေပြိုင်ပွဲကို ကျင်းပပြုလုပ်ပါသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
17503
Page
17504
Page
17505
Page
17506
Current page
17507
Page
17508
Page
17509
Page
17510
Page
17511
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department