အမြို့မြို့အနယ်နယ်သတင်းများ

Nov 25,2022
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်အတွင်းရှိ ကျေးရွာပြည်သူများ၏ ကျေးရွာမှ ကဏ္ဍပေါင်းစုံဖွံ့ဖြိုးတိုးတက်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးဇော်နိုင်ဝင်းနှင့်အဖွဲ့ဝင်များ ဌာနဆိုင်ရာတာဝန်ရှိသူများသည် ယမန်နေ့က(ဖံဖ၊ တကူပတီ)ကျေးရွာအုပ်စုရှိ ပြည်သူများအား ဖံဖတိုက်ကျောင်းဘုန်းတော်ကြီးကျောင်းတွင် တွေ့ဆုံပြီး ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ကွင်းဆင်းဆောင်ရွက်သည်။
Nov 25,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ၀န်ထမ်းများသည် ပြည်သူများ စာဖတ်သည့်အလေ့အကျင့်ကောင်းများ တိုးတက်လာစေရန်နှင့် ပြည်သူ့စာကြည့်တိုက်သို့ လာရောက်ငှားရမ်းနိုင်ခြင်းမရှိသည့် စာဖတ်ဝါသနာရှင်များ စာပေကိုလွယ်လင့်တကူလေ့လာဖတ်ရှုခြင်းဖြင့် အသိပညာဗဟုသုတတိုးပွားလာစေရန်အတွက် နယ်လှည့်စာကြည့်တိုက် Mobile Library စနစ်ဖြင့်  စာဖတ်သူများထံသို့ စာအုပ်များအခမဲ့ဌားရမ်းပေးခြင်းကို ယမန်နေ့ ညနေ ၂ နာရီက အခြေခံပညာကျောင်းရှိ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများထံသို့ စာအုပ်/စာစောင်များကိုအခမဲ့ကွင်းဆင်း ငှားရမ်းပေးခဲ့သည်။
Nov 25,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ ဆင်လမ်းကျေးရွာအုပ်စု၊ ဆင်လမ်းကျေးရွာနှင့် မဲဇလီကွင်းပေါက်ကျေးရွာအုပ်စု၊ ဖန်ခါးကုန်းကျေးရွာတို့တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး(၅)ကြောင်းဖြင့် ကျေးလက် ဒေသဖွံ့ဖြိုးတိုးတတ်ရေးလုပ်ငန်းများ ကျေးရွာအရောက် ညှိနှိုင်းပေါင်းစပ် ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြသည်။
Nov 25,2022
ရခိုင်ပြည်နယ် မောင်တောမြို့၌ မြို့မဈေးကြီးမီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် မြို့နယ်မီးသတ်ဦးစီးဌာနနှင့် စည်ပင်သာယာရေးအဖွဲ့တို့ပူးပေါင်း၍ ယမန်နေ့နံနက်ပိုင်းက ဈေးဆိုင်များအား ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြသည်။
Nov 25,2022
ပဲခူးတိုင်းဒေသကြီး၊ ​တောင်ငူခရိုင်၊ ​ရေတာရှည်မြို့နယ် မီးသတ်ဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်းကျင်းပ ပြုလုပ်သည့် ​ရေတာရှည်မြို့ စည်ပင်သာယာဈေးအား မီးဘေးလုံခြုံ စိတ်ချရမှုရှိစေရေးအတွက် မီးငြှိမ်းသတ်နည်း ပညာပေး လက်​​တွေ့သရုပ်ပြ​လေ့ကျင့်ခြင်းကို ယမန်နေ့ ​နေ့လယ် ၁ နာရီအချိန်က အဆိုပါ စည်ပင်သာယာဈေး၌ ကျင်းပပြုလုပ်ခဲ့သည်။
Nov 25,2022
မန္တ​လေး​တိုင်း​ဒေသကြီး သပိတ်ကျင်းခရိုင် သပိတ်ကျင်းမြို့နယ်တွင် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးရေးလိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရေး မြို့နယ်အဆင့်ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး (၅)ကြောင်းနှင့် ဒေသခံပြည်သူများ တွေ့ဆုံပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီကဝါးဖြူတောင်ကျေးရွာ သိက္ခာရာမကျောင်းတိုက်ဓမ္မာရုံတွင် သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့သည်။
Nov 25,2022
လူထုလှုပ်ရှားမှု ဒီဇင်ဘာအားကစားလကျရောက်တော့မည်ဖြစ်သဖြင့် ကိုယ်လက်လှုပ်ရှားအားကစားနှင့်ပတ်သက်၍ ပြည်သူများ အသိပညာဗဟုသုတရရှိပြီး လိုက်နာဆောင်ရွက်နိုင်စေရန်ရည်ရွယ်၍ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၌ ယမန်နေ့ နံနက်ပိုင်းက
Nov 25,2022
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့၌ Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များငှားရမ်းပေးခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က ဌာနဆိုင်ရာရုံးများသို့  သွားရောက်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။