အမြို့မြို့အနယ်နယ်သတင်းများ

Nov 25,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာနေ ပြည်သူများ ဘဝဘေးကင်း လုံခြုံမှုရှိစေရေးအတွက် နယ်မြေ လုံခြုံရေးအဖွဲ့နှင့် ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့တို့မှ နိုဝင်ဘာလ ၂၄ ရက်နေ့ ည ၁၀ နာရီက စတင်၍ မြို့ပေါ်ရပ်ကွက်များအတွင်း လှည့်လည်ကာ ဧည့်စာရင်း စစ်ဆေးခြင်းလုပ်ငန်းများကို ဆောင်ရွက်ကြသည်။
Nov 25,2022
တံတားဦးခရိုင် တံတားဦးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီ၏ အသိပညာပေးဆွေးနွေးပွဲကို ယမန်နေ့ညနေ(၄)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင်ကျင်းပကြောင်း သိရသည်။
Nov 25,2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ နောင်တရား မြို့မ‌ဈေး၌ နောင်တရားမြို့မီးသတ်တပ်ဖွဲ့နှင့် စည်ပင်သာရေးဌာနတို့ပူးပေါင်း၍ ဈေးအတွင်းရောင်းချနေသည့် ဈေးဆိုင်ခန်းများကို မီးဘေးအန္တရာယ်မကျရောက်နိုင်ရန် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ထားမှုအခြေအနေကို ယနေ့နံနက်ပိုင်းတွင်း ကြည့်ရူစစ်ဆေးခဲ့သည်။
Nov 25,2022
စစ်ကိုင်းတိုင်း​ဒေသကြီး၊ ကလေးဝမြို့တွင် မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနှင့် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနတို့ ပူးပေါင်း၍ မိုးစပါးစံကွက်ရိတ်သိမ်းခြင်း ကွင်းပြပွဲကို ပြုလုပ်ခဲ့သည်။
Nov 25,2022
ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့နယ်၌ မွေးကင်းစမှ အသက် ၁ နှစ်ခွဲအရွယ် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံ တိုက်ကျွေးခြင်းကို ယနေ့ နံနက်ပိုင်းမှစ၍ မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဆေးပေးခန်းတွင် ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ် ရေး လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
Nov 25,2022
ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ပံ့ပိုးကူညီမှုဖြင့် ကျင်းပပြုလုပ်သော ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်း များ ဖန်တီးရေးလုပ်ငန်းကော်မတီ၏ အိမ်တွင်း လျှပ်စစ် သွယ်တန်းတပ်ဆင်ခြင်း သင်တန်းဆင်းပွဲ အခမ်းအနားကို ပုသိမ်မြို့၊ ကျွမ်းကျင်မှု လေ့ကျင့်ရေးသင်တန်းကျောင်းတွင် ယနေ့ နံနက်(၁၀)နာရီအချိန်၌ ကျင်းပပြုလုပ်သည်။
Nov 25,2022
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊‌ ရေဖြူမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းထောက်ပံ့ငွေပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်(၁၀)နာရီက ကျင်းပခဲ့သည်။
Nov 25,2022
မကွေးခရိုင်၊ မြို့သစ်မြို့နယ် ဘုရားကြီးရပ်ကွက်၌ မိုးစပါးစံပြကွက်ရိတ်သိမ်းပွဲကို ယမန်နေ့ နံနက်ပိုင်းက မြို့မအုပ်စု ကွင်းအမှတ်(၁၃၀၀)၊ ဦးပိုင်အမှတ်(၁၆၄) ရှိ တောင်သူဦးကျောက်ခဲ၏ ဧရာမင်းစိုက်ခင်းအား ရိတ်သိမ်းခဲ့ရာ (၈၅)တင်း နှုန်းထွက်ရှိကြောင်း မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနက သိရသည်။