မောင်တော နိုဝင်ဘာ ၃၀
ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ ကျောင်းသား၊ ကျောင်းသူများအား အနာဂတ်မျိုးဆက်သစ်လူငယ်များ၊ အသိပညာဗဟုသုတ မြင့်မားတိုးတက်စေရန်၊ လူငယ်လူရွယ်များ အာရုံစူးစိုက်လေ့လာမှုနှင့် ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်လာစေရန်ရည်ရွယ်၍ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာ အဋ္ဌမတန်း၊ ဒသမတန်းနှင့် ဧကာဒသမတန်း မြို့နယ်အဆင့် လူရည်ချွန်ရွေးချယ်ရေးပွဲကိုကျင်းပလျက်ရှိရာ ယနေ့ နံနက် ၇ နာရီက အားကစားပြိုင်ပွဲများကို မြို့မအားကစားကွင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
မောင်တောမြို့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာ အခြေခံပညာ အဋ္ဌမတန်း၊ ဒသမတန်းနှင့် ဧကာဒသမတန်း မြို့နယ်အဆင့် လူရည်ချွန်ရွေးချယ်ရေး ကျင်းပပြုလျက်ခဲ့ပြီး ယနေ့နံနက်ပိုင်းက အားကစားပြိုင်ပွဲကို ကျင်းပပြုလုပ်ရာ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ အဋ္ဌမတန်းအဆင့် ၈ ဦး၊ ဒသမတန်းအဆင့် ၁၃ ဦး နှင့် ဧကာဒသမတန်းအဆင့် ၁၅ ဦးတို့က အပြေးမီတာ ၁၀၀၊ ၄၀၀၊ ၈၀၀ နှင့် ဇုန်ခုန်၊ ဒိုက်ထိုး၊ အိပ်ထမတင် စသည့် အားကစားအမျိုးအစားများကို အတန်းလိုက် ယှဉ်ပြိုင်ခဲ့ကြသည်။
အဆိုပါ မြို့နယ်အဆင့် လူရည်ချွန်ရွေးချယ်ရေးစစ်ဆေးခြင်းကို နိုဝင်ဘာ ၂၈ ရက်နေ့တွင် မြန်မာစာနှင့် အင်္ဂလိပ်စာ စစ်ဆေးခြင်း၊ နိုဝင်ဘာ ၂၉ ရက်နေ့တွင် အထွေထွေဗဟုသုတနှင့် လူတွေ့နှုတ်ဖြေ စစ်ဆေးခြင်း၊ နိုဝင်ဘာ ၃၀ ရက်နေ့တွင် ကိုယ်ကာယကြံ့ခိုင်မှုနှင့် ယုံကြည်မှုစစ်ဆေးခြင်းများကို မြို့မ အားကစားကွင်းတွင် ပြုလုပ်ဆောင်ရွက်ခဲ့ပြီး အောင်မြင်သူများအနေဖြင့် ခရိုင်အဆင့်သို့ ဆက်လက် ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
သက်လွင်စိုး ခရိုင်(ပြန်/ဆက်)