Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
လှိုင်းဘွဲမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ စာပေဗဟုသုတ တိုးပွားလာစေရန်အတွက် စာအုပ်၊ စာစောင်များ လှည့်လည်ငှားရမ်းပေး
Dec 02,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ဒေသနေပြည်သူများ၊ ဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် စာပေဗဟုသုတများ ရရှိစေရန်နှင့် စာဖတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်အတွက် Mobile စနစ်ဖြင့် စာအုပ် စာစောင်များ ငှားရမ်းပေးခြင်းကို ယနေ့နံနက်ပိုင်းက အမှတ် (၁) အခြေခံပညာ မူလွန်ကျောင်း၌ ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
လိပ်သိုဒေသ၌ ကွမ်းကြမ်းများ အရောင်းအဝယ်ဖြစ်လျက်ရှိသောကြောင့် ကွမ်းစိုက်ပျိုးသူ ဒေသခံတောင်သူများ အဆင်ပြေ
Dec 02,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုဒေသတွင် ဒေသထွက်ကုန်ဖြစ်သော တောင်ပေါ် ကွမ်းကြမ်းများ အရောင်းအဝယ်ဖြစ်လျက်ရှိသောကြောင့် ကွမ်းစိုက်ပျိုးသူ ဒေသခ ံတောင်သူများက လိပ်သို-သံတောင်ကြီး-တောင်ငူ-ကျောင်းကုန်းကျေးရွာ လမ်းဆုံတွင် ကွမ်းကြမ်းများ လာရောက်ရောင်းချလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တောင်ငူ၌ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာ လှုပ်ရှားမှုအထိမ်းအမှတ် GBV အသိပညာပေး အစီအစဉ်ဆောင်ရွက်
Dec 02,2022
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင်အမျိုးသမီးကော်မတီမှ ကြီးမှူး၍ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာ လှုပ်ရှားမှုအထိမ်းအမှတ် GBV အသိပညာပေး အစီအစဉ်ကို ယနေ့ နံနက်ပိုင်းက တောင်ငူမြို့ သူနာပြုသင်တန်းကျောင်းခန်းမ၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
ဒလမြို့နယ်အတွင်းရှိ ဈေးများ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ဟောပြောပွဲနှင့် သရုပ်ပြအခမ်းအနားကျင်းပ
Dec 02,2022
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်တွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ဟောပြောပွဲနှင့် သရုပ်ပြ အခမ်းအနားကို ယနေ့ နံနက်(၁၀)နာရီ အချိန်က အောင်ဇေယျဈေး၌ ကျင်းပပြုလုပ် ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
လိပ်သိုမြို့ (Community Centre) ခန်းမတွင် စာဖတ်ဝိုင်းပြုလုပ်
Dec 02,2022
ကလေးငယ်များ စာဖတ်ရှိန်မြင့်မားလာစေရန်နှင့် စာဖတ်ခြင်းဖြင့် ရရှိနိုင်သည့် အထွေထွေဗဟုသုတများကို မျှဝေသုံးစွဲတတ်စေရန်အတွက် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့ နံနက် ၁၀ နာရီက ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တံတားမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ရှိန်မြှင့်တင်ရေးအတွက် စာဖတ်ဝိုင်းပြုလုပ်ကျင်းပ
Dec 02,2022
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ တံတားမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျောင်းသားလူငယ်များ ကာယဉာဏ ဖွံ့ဖြိုးတိုးတက်စေရန်၊ စာအုပ်စာပေများအား လေ့လာဖတ်ရှု့လိုသည့် အလေ့အကျင့်ကောင်းများ ရရှိလာစေရန်၊ တစ်ဦးနှင့်တစ်ဦး အပြန်အလှန်ဆွေးနွေးရာမှ အသိပညာ ဗဟုသုတများ တိုးပွားလာစေရန်၊ ပူးပေါင်းဆောင်ရွက်လိုသည့် စိတ်ဓာတ်များ ဖြစ်ပေါ်လာစေရန်၊ စာဖတ်ရှိန်မြှင့်တင် ဆောင်ရွက်ခြင်းဖြင့် စာဖတ်ခြင်း အကျိုးကျေးဇူးကို သိရှိနားလည်နိုင်စေရန်ရည်ရွယ်၍ (Youth Club) အဖွဲ့ဝင် ကျောင်းသားလူငယ်များနှင့်ပူးပေါင်း၍ စာရေးဆရာ ချစ်နိုင်(စိတ်ပညာ) ရေးသားသည့် “အားတင်းထား” စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့နံနက် (၈)နာရီ အချိန်က ပြုလုပ်ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ထားဝယ်မြို့တွင် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲများ ကျင်းပ
Dec 02,2022
“အားလုံးပါဝင်ဖွံ့ဖြိုးဖို့၊ ဆန်းသစ်တီထွင်အဖြေရှာစို့” အားလုံးလက်လှမ်းမီ ညီမျှရေးတီထွင် ဖန်တီးမှုစွမ်းအားဖြင့် ဆောင်ရွက်ပေးဟူသည့် ဆောင်ပုဒ်နှင့်အညီ တနင်္သာရီတိုင်းဒေသကြီး လူငယ် ရေးရာကော်မတီမှ ကြီးမှူးကျင်းပသည့် ၂၀၂၂ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲများကို ယနေ့နံနက်ပိုင်းက ထားဝယ်မြို့၊ ရွှေဝယ်သီရိ အားကစားကွင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဒလမြို့နယ်တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းစစ်ဆေးပြီး အသိပညာပေးဟောပြော၍ လက်ကမ်းစာစောင်များဖြန့်ဝေ
Dec 02,2022
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်တွင် ပြည်သူများနှင့်မော်တော်ယာဉ်မောင်းများ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းသိရှိလိုက်နာစေရန် အသိပညာပေးဟောပြောခြင်းနှင့် လက်ကမ်းစာစောင်ဖြန့်ဝေခြင်းလုပ်ငန်းကို ယမန်နေ့က တာကြီးရပ်ကွက်၊ ဒလတွံတေးကားလမ်း မြို့အဝင် YP ဆီဆိုင်ရှေ့တွင် ဆောင်ရွက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
17388
Page
17389
Page
17390
Page
17391
Current page
17392
Page
17393
Page
17394
Page
17395
Page
17396
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department