အမြို့မြို့အနယ်နယ်သတင်းများ

Dec 12,2022
မဟာအောင်မြေမြို့နယ်အတွင်း ဌာနဆိုင်ရာများပါဝင်သည့် စစ်ကြောင်းကြီး (၅)ကြောင်းအဖွဲ့သည် မဟာအောင်မြေမြို့နယ်၊ ရဲမွန်တောင်ရပ်ကွက်၊ ဣစ္ဆာသယဘုန်းကြီးကျောင်းဝင်းအတွင်းရှိ သန်းရတနာဓမ္မာရုံ၌ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး ရပ်ရွာအေးချမ်းသာယာရေးနှင့် ဒေသ ဖွံဖြိုးရေးအတွက် ရပ်ကွက်နေ ပြည်သူများနှင့်တွေ့ဆုံပွဲအခမ်းအနား ယနေ့နံနက်ပိုင်းကကျင်းပ ပြုလုပ်ခဲ့ကြောင်းသိရသည်
Dec 12,2022
စစ်ကိုင်းတိုင်း​ဒေသကြီး ရွှေဘိုခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမတွင် ငလျင်​ဘေးအန္တရာယ်ဆိုင်ရာ အသိပညာ‌ပေး (Talk Show)ကို ယနေ့နံနက် ၁၀နာရီအချိန်က ဆောင်ရွက်ခဲ့​ကြောင်း သိရသည်။
Dec 12,2022
ပြည်ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနနှင့် ပြည်ခရိုင်အမျိုးသမီးရေးရာအဖွဲ့တို့ ပူးပေါင်းဖွင့်လှစ်သည့် "လူမှုရေးရာဖြစ်ရပ်စီမံခန့်ခွဲမှု" (Case Management System) သင်တန်းဖွင့်ပွဲအခမ်း အနားကို ယနေ့နံနက် ၉နာရီက ပြည်ခရိုင်လူမှုဝန်ထမ်းရုံး သင်တန်းခန်းမ၌ ကျင်းပပြုလုပ်ရာ ရှေးဦးစွာ ပြည်ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်အေးအေးသန့်က သင်တန်းဖွင့်အမှာစကား ပြောကြား သည်။
Dec 12,2022
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီအချိန်က ထားဝယ်မြို့၊ ထားဝယ်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
Dec 12,2022
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မင်းပြားမြို့နယ်၌ (၄၈) နှစ်မြောက်  ရခိုင်ပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဘုရားတကာကွန်ကရစ်လမ်းသစ်ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့က မုခ်ဦး နေရာတွင်ကျင်းပပြုလုပ်ခဲ့သည်။
Dec 12,2022
ပဲခူးခရိုင်၊ ညောင်လေးပင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဝန်ထမ်းများက စာဖတ်ပရိတ်သတ်လက်ဝယ်အရောက် စာအုပ်၊ စာစောင်များ လှည့်လည်ငှားရမ်းပေးခြင်းကို ဒီဇင်ဘာလ (၁၂)ရက်နေ့ နံနက်ပိုင်းက ကွင်းဆင်းငှားရမ်းပေးခဲ့ကြောင်း သိရသည်။
Dec 12,2022
မန္တလေးတိုင်းဒေသကြီး တံတားဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းပြီး ယနေ့နံနက်(၁၀)နာရီက တံတားဦးမြို့ အခြေခံပညာအထက်တန်းကျောင်း ရတနာထွန်းခန်းမ၌ လူငယ်စကားဝိုင်း ကျင်းပခဲ့ကြောင်းသိရသည်။