အမြို့မြို့အနယ်နယ်သတင်းများ

Dec 14,2022
ပဲခူးမြို့တွင် မဲစာရင်းမှန်ကန်စေရေး ထပ်ဆင့်ရှင်းလင်းခြင်းနှင့် Cross-Check စစ်ဆေးခြင်းလုပ်ငန်းဆောင်ရွက်နေခြင်းကို ယနေ့နံနက် ၉ နာရီက ပဲခူးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။
Dec 14,2022
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့နယ်မီးသတ်ဦးစီးဌာနမှ  မီးဘေးအန္တရာယ် ကြုံတွေ့လာပါက ကြိုတင်ကာကွယ်နိုင်ရေးအတွက် ယနေ့ နံနက် ၁၀ နာရီက ပေါက်တောမြို့ပေါ်ရှိ ရပ်ကွက်-၃၌နေအိမ်များ မီးဘေးလုံခြုံရေးအတွက် တစ်အိမ်တက်ဆင်းမီးသတိမူရေး စစ် ဆေးအကြံပေးကြသည်။
Dec 14,2022
ပြည်တွင်းစားသုံးဆီဖူလုံရေးအတွက် ဧရာဝတီတိုင်းဒေသကြီး ပန်းတနော်မြို့နယ်တွင် ဆီထွက်သီးနှံ(နေကြာ) စိုက်ပျိုးမှုအခြေအနေများအား ယနေ့နံနက်ပိုင်းက မြို့နယ်အတွင်းရှိ သီးနှံစိုက်ပျိုးသည့် ကျေးရွာများအရောက် ကွင်းဆင်းကြည့်ရှုခဲ့သည်။
Dec 14,2022
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ်တွင် ရပ်ကွက်/ကျေးရွာ ကိုယ့်အားကိုယ်ကိုးစာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးတိုးတက်ရေး၊ စာဖတ်ရှိန်မြှင့်တင်ရေး၊ ပြည်သူများအားကိုးအားထားပြုနိုင်သည့် စာကြည့်တိုက်ဖြစ်စေရေး၊ စာအုပ်စာစောင်များ စနစ်တကျငှားရမ်း၊ ထားသိုဆောင်ရွက်နိုင်ရေးတို့ကို ရည်ရွယ်၍ ယနေ့မွန်းလွဲ ၁:၀၀ နာရီက ရပ်ကွက်/ကျေးရွာ ကိုယ့်အားကိုယ်ကိုးစာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးတိုးတက်ရေး ဆွေးနွေးပွဲကို ရန်ကင်းမြို့၊ အမှတ်(၄)ရပ်ကွက်၊ မြို့မစာကြည့်တိုက်၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Dec 14,2022
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အသက်(၁၈)နှစ်အောက် အခြေခံပညာကျောင်းပေါင်းစုံ အားကစားပြိုင်ပွဲ(မြို့နယ်အဆင့်) လူရွေးချယ်ပွဲကို ယနေ့နံနက်(၇)နာရီမှစတင်ကာ မြို့နယ် အားကစားကွင်းအတွင်းရှိ ဘောလုံးကွင်း ၌ ပြုလုပ်ကြောင်းသိရသည်။
Dec 14,2022
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်တွင် ပြည်သူများနှင့်မော်တော်ယာဉ်မောင်းများ ယာဉ်စည်းကမ်းလမ်းစည်းကမ်း သိရှိလိုက်နာစေရန်အတွက် လက်ကမ်းစာစောင်ဖြန့်ဝေခြင်းလုပ်ငန်းကို ယနေ့နံနက်(၉:၀၀)အချိန်က မြောက်ဥက္ကလာပမြို့နယ် အဝိုင်းမှတ်တိုင်တွင် ဆောင်ရွက်ခဲ့ ကြသည်။
Dec 14,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ် ကြာအင်းကျေးရွာတွင် ကရင်အမျိုးသားနှစ်သစ်ကူး နေ့ထူးနေ့မြတ် အထိမ်းအမှတ်အဖြစ် ကရင်အမျိုးသားအားလုံးတို့၏ ရိုးရာယဉ်ကျေးမှုတစ်ခုဖြစ်သော ဒုံးအကပြိုင်ပွဲကို ယမန်နေ့က ကြားအင်းကျေးရွာ ဘောလုံးကွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။