အမြို့မြို့အနယ်နယ်သတင်းများ

Dec 14,2022
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံ ပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီခွဲက အခြေခံပညာ အထက်တန်းကျောင်း(ခွဲ)ညောင်အိုင် သိသရနခန်းမ၌ ကျင်းပသည်။
Dec 14,2022
ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးခရိုင်၊ လယ်ဝေးမြို့နယ် သန့်ရှင်းသာယာလှပရေးအတွက် ယမန်နေ့မွန်းလွဲ ၂ နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဌာနဆိုင်ရာများနှင့် မြို့ပေါ်ရပ်ကွက်(၇)ခုမှ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် မြို့မိမြို့ဖများ တွေ့ဆုံဆွေးနွေးပွဲ ကျင်းပခဲ့သည်။
Dec 14,2022
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် အသက် (၁၈)နှစ်နှင့်အထက် ပြည်သူများအား လှည်းကူးမြို့ ပြည်သူ့ဆေးရုံကြီးတွင် ယနေ့ နံနက် ၉ နာရီက ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး  စတင်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
Dec 14,2022
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၌ ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို  အသိပညာပေး ဟောပြောပွဲနှင့်  ကာယ၊ ဉာဏ ပြိုင်ပွဲများကို ဘားအံခရိုင်၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ယနေ့နံနက်(၁၀:၀၀)နာရီ အချိန်ခန့်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့  ပူးပေါင်း၍ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Dec 14,2022
မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် (၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ်ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဟောပြောပွဲ၊ နံရံကပ်စာစောင်၊ စာအုပ်ပြပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲများကို ယနေ့  နေ့လယ်က ပေါင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး community centre ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Dec 14,2022
ရခိုင်ပြည်နယ်၊ သံတွဲမြို့၌ (၄၈)နှစ်မြောက် ရခိုင်ပြည်နယ်နေ့ အထိမ်းအမှတ် အားကစား ပြိုင်ပွဲများကို ယနေ့နံနက်(၁၀)နာရီအချိန်က မြို့မအားကစားကွင်းရှိ အားကစားခန်းမ၌ စတင်ကျင်းပသည်။
Dec 14,2022
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးတိုးတက်စေရေးအတွက်  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ တွေ့ဆုံဆွေးနွေးပွဲကို ယနေ့မွန်းလွဲ ၁ နာရီက ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် (၃၇)ရပ်ကွက် ပင်လုံလမ်းရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။