အမြို့မြို့အနယ်နယ်သတင်းများ

Oct 21,2022
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ မလှိုင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် လူဦးရေဆိုင်ရာအချက်အလက်များ တိုင်ဆိုင်စစ်ဆေးခြင်းလုပ်ငန်း လမ်းညွှန်ဆွေးနွေးပွဲအခမ်းအနားကို ယနေ့နံနက်(၈)နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရှိရသည်။
Oct 21,2022
တောင်သာမြို့ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်(၁၀)နာရီအချိန်က အခြေခံပညာအထက်တန်း ကျောင်း (တောင်သာ)၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Oct 21,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်၌  အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို ယနေ့နံနက်(၉:၀၀)နာရီအချိန်ခန့်က စတင်၍ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
Oct 21,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့ မြန်မာ့စီးပွားရေးဘဏ်ခွဲမှ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို    ယနေ့နံနက်ပိုင်းမှ  စတင်၍ ထုတ်ပေးလျက်ရှိရာ လူစုလူဝေး မဖြစ်ပေါ်စေရန်အတွက် ရပ်ကွက်ကျေးရွာများမှ  ပင်စင်စားများအား  နေ့အလိုက်ခွဲခြားသတ်မှတ်၍    စနစ်တကျ  ပင်စင်လစာငွေများ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
Oct 21,2022
မ​ကွေးတိုင်း​ဒေသကြီး၊​ ချောက်ခရိုင်၊​ ချောက်မြို့နယ်တွင် ဆောင်းသီးနှံ​နေကြာစိုက်​ဧကပြည့်မီ​ရေးညှိနှိုင်း​​ဆွေး​နွေးပွဲကို ယမန်​နေ့နံနက်၁၀နာရီအချိန်က မြို့နယ်အ​ထွေ​ထွေအုပ်ချုပ်​ရေးဦးစီးဌာန အစည်းအ​ဝေးခန်း၌ ကျင်းပခဲ့သည်။
Oct 21,2022
ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ်၌ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ မဲဆန္ဒရှင်စာရင်းများပြည့်စုံမှန်ကန်​စေရေး အခြေခံလူဦးရေစာရင်းအား တစ်အိမ်တက် တစ်အိမ်ဆင်း ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့ နံနက် ၈ နာရီ အချိန်က  ပျဉ်းတောကျေးရွာ၌ ဆောင်ရွက်ခဲ့သည်။
Oct 21,2022
မကွေးတိုင်းဒေသကြီး၊  ဂန့်ဂေါမြို့၌  ဒေသခံပြည်သူများ စားဝတ်နေရေး တစ်ဖက်တစ်လမ်းမှ အဆင်ပြေစေရေးအတွက် အခြေခံစားသောက်ကုန်များအား ဈေးနှုန်းသက်သာစွာဖြင့် ဖြန့်ဖြူးရောင်းချပေးနိုင်ရန် အမှတ်(၁၀၁)ခြေမြန်တပ်မဌာနချုပ်မှ ငွေကျပ်သိန်း(၄၀) မတည်ငွေဖြင့် ဂန့်ဂေါခရိုင် သက်သာချောင်ချိရေးကော်မတီ၏ လမ်းညွှန်မှုဖြင့် ဂန့်ဂေါမြို့နယ် သက်သာချောင်ချိရေးကော်မတီမှ ဦးဆောင်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ဌာနဆိုင်ရာဝန်ထမ်းများပူးပေါင်း၍ အပတ်စဉ်သောကြာနေ့တိုင်း ရောင်းချပေးလျက်ရှိရာ ယနေ့နံနက် (၇)နာရီမှ(၉)နာရီအချိန်ထိ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့တွင် အခြေခံစားသောက်ကုန်များအား ရောင်းချပေးခဲ့သည်။