Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ဆိပ်ဖြူမြို့နယ်တွင် ဒေသခံပြည်သူများအား အခြေခံစားသောက်ကုန်များရောင်းချပေး
Oct 21,2022
မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီမံဆောင်ရွက်မှုဖြင့် ဒေသခံပြည်သူများအတွက် အခြေခံစားသောက်ကုန်များကို သက်သာသော ဈေးနှုန်းဖြင့် ယနေ့ နံနက် ၇နာရီက ဆိပ်ဖြူမြို့ပတ္တမြားဈေးအနီး ဗိုလ်ချုပ်လမ်းနှင့် ရတနာလမ်းဆုံ၌ ဖြန့်ဖြူးရောင်းချပေးသည်။
အပြည့်အစုံ ဖတ်ရန်
ပခုက္ကူမြို့၊အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ စားသုံးသူရေးရာအကာအကွယ်ပေးရေး အသိပညာပေး ဟောပြောပွဲကျင်းပ
Oct 21,2022
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ အစည်းအဝေးခန်းမ၌ စားသုံးသူ ပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းပြီး လုံခြုံစိတ်ချရသော စားသောက်ကုန်များ ဝယ်ယူစားသောက်နိုင်စေရန် ရည်ရွယ်၍ ယနေ့နံနက်၉နာရီအချိန်က စားသုံးသူရေးရာ အကာအကွယ်ပေးရေး အသိပညာပေး ဟောပြောပွဲကျင်းပပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
ဟိုပန်၌ ယာဉ်အန္တရာယ်ကင်းရှင်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲပြုလုပ်
Oct 21,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ "ဝ"ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်မြို့နယ် အမှတ်(၁၂၉)၊ ယာဥ်ထိန်းရဲတပ်ဖွဲ့စုမှ ယာဉ်အန္တရာယ်ကင်းရှင်းရေး ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်(၉)နာရီက အထက(ဟိုပန်)ကျောင်းရှိ စောမဟာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပွင့်ဖြူမြို့နယ်မျိုးသန့်ခြံမှ ၂၀၂၂ - ၂၀၂၃ ဘဏ္ဍာနှစ်တွင် တိုင်းဒေသကြီးအတွင်းရှိ ခရိုင်(၅)ခုအား မနောသုခ၊ ဆင်းသုခ၊ ရတနာတိုး၊ ဧရာမင်း စပါးမျိုးကွဲ (၄)မ…
Oct 21,2022
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့၊ မျိုးသန့်ခြံမှ ပြည်သူများ စားနပ်ရိက္ခာဖူလုံစေရန်နှင့် တိုင်းဒေသကြီးအတွင်းရှိ ဒေသခံတောင်သူများ သီးနှံဝင်ငွေတိုးပွားပြီး လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ နှစ်စဉ် မနောသုခ ၊ ဆင်းသုခ ၊ ရတနာတိုး ၊ ဧရာမင်း စပါးမျိုးကွဲ (၄)မျိုးအား ထုတ်လုပ်ဖြန့်ဖြူးပေးလျက်ရှိရာ ယခု ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ၊ နွေစပါးနှင့် မိုးစပါးစိုက်ပျိုးရာသီတွင် မျိုးစပါးတင်းရေ ၇၀၀၀ ကျော် စိုက်ပျိုးထုတ်လုပ် ဖြန့်ဖြူးပေးနိုင်ခဲ့ကြောင်း ပွင့်ဖြူမြို့မျိုးသန့်ခြံတာဝန်ခံ ဦးအောင်ချစ်ထံမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
တောင်သာမြို့ မြို့မစည်ပင်သာယာဈေး၌ Mask Campaign ပြုလုပ်ဆောင်ရွက်
Oct 21,2022
တောင်သာမြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ကုသရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟန်သူရ၏ ဦးဆောင်မှုဖြင့် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးအတွက် ပြည်သူများ နေအိမ်ပြင်ပသို့ ထွက်ခွာသည့်အခါတိုင်း ပါးစပ်နှင့် နှာခေါင်းစည်း Mask ကို စနစ်တကျတပ်ဆင်ခြင်းနှင့် ကိုဗစ်-၁၉ စည်းကမ်းချက် များနှင့်အညီ သွားလာနေထိုင်သည့် အလေ့အထကောင်းများရရှိစေရန်အတွက် ယနေ့နံနက် ၈ နာရီအချိန်က တောင်သာမြို့နာရီစင်အနီး တောင်သာ-ရန်ကုန်ကားလမ်း၊ တောင်သာ-ကျောက်ပန်းတောင်းကားလမ်း၊ တောင်သာ-မိတ္ထီလာ ကားလမ်းဆုံရာ လမ်းဘေးဝဲ/ယာ၌ Mask Campaign ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မလှိုင်မြို့နယ်တွင် (၂၃)ကြိမ်မြောက် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ(ဗဟိုအဆင့်) ငွေတံဆိပ်ဆုရှင်နှင့် ပြိုင်ပွဲဝင်တို့အား ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွ…
Oct 21,2022
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ မလှိုင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် (၂၃)ကြိမ်မြောက် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ(ဗဟိုအဆင့်) ငွေတံဆိပ်ဆုရှင်နှင့် ပြိုင်ပွဲဝင်တို့အား မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်ကွက်/ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများမှ ယနေ့နံနက်(၁၀)နာရီအချိန်က သောင်းသောင်းဖျဖျ ကြိုဆိုဂုဏ်ပြုခဲ့ကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
မြဝတီမြို့တွင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများ၏ ပင်စင်လစာငွေ ယနေ့နံနက်ပိုင်းမှ စတင် ထုတ်ပေး
Oct 21,2022
ကရင်ပြည်နယ်၊ မြဝတီမြို့နယ်မြန်မာ့စီးပွားရေးဘဏ်၌ ၂၀၂၂ခုနှစ်၊ အောက်တိုဘာလအတွက် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများ၏ ပင်စင်လစာငွေများကို ယနေ့နံနက် ၇ နာရီက စတင်ထုတ်ပေးပြီဖြစ်ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
စလင်းမြို့နယ်တွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်မှ မြို့နယ်ရှိဌာနဆိုင်ရာများနှင့် တွေ့ဆုံပွဲအခမ်းအနား
Oct 21,2022
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ်တွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်မှ စလင်းမြို့နယ်ရှိ ဌာနဆိုင်ရာများနှင့်တွေ့ဆုံပွဲကို ယမန်နေ့ နံနက် ၁၀ နာရီ ၁၅မိနစ် အချိန်ကမြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး ပတ္တမြားခန်းမဆောင်တွင် ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
15242
Page
15243
Page
15244
Page
15245
Current page
15246
Page
15247
Page
15248
Page
15249
Page
15250
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department