အမြို့မြို့အနယ်နယ်သတင်းများ

Oct 21,2022
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ယနေ့နံနက် ၉ နာရီအချိန်က တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား အပြည်ပြည်ဆိုင်ရာ စစ်တုရင်ပြိုင်ပွဲ (အမျိုးသား/အမျိုးသမီး) တွင် (အမျိုးသား) အကြီးတန်း အသင်းလိုက် (တတိယ) ဆုရရှိခဲ့သော မြင်းခြံခရိုင် စစ်တုရင်အသင်းအား ဂုဏ်ပြုချီးမြှင့်ပွဲ အခမ်းအနားကျင်းပခဲ့ကြောင်း သိရသည်။
Oct 21,2022
ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်း သက်ရောက်မှုရှိခဲ့သည့် MSMEs လုပ်ငန်းများ အရှိန်အဟုန်ဖြင့် ပြန်လည် ဦးမော့တိုးတက်လာစေရေးအတွက် ကရင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ပြည်နယ် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို အောက်တိုဘာလ ၂၀ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်က ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ ၂ ၌ ကျင်းပသည်။
Oct 21,2022
မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့တွင် (၂၃) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးဗဟိုအဆင့်ပြိုင်ပွဲတွင် ဆုရရှိခဲ့သူအား ဂုဏ်ပြုကြိုဆိုပွဲကို စဉ့်ကူးမြို့ အခြေခံပညာ အထက်တန်းကျောင်းတွင် ယမန်နေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။
Oct 21,2022
ထားဝယ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့်အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနတို့ ပူးပေါင်း၍ အားကစားနှင့်လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို  ယနေ့နံနက်ပိုင်းက ထားဝယ်မြို့၊ အမှတ် (၄) အခြေခံပညာအထက်တန်းကျောင်းခန်းမ၌  ကျင်းပပြုလုပ်ခဲ့သည်။
Oct 21,2022
မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်လစာငွေများကို ယနေ့နံနက် (၇) နာရီမှစ၍  ထုတ်ပေး​လျက်ရှိသည်။
Oct 21,2022
ပြန်ကြား‌ရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနတို့ ပူးပေါင်းပြီး အားကစားနှင့် လူငယ်ရေးရာအသိပညာ‌ပေး ဟောပြောပွဲကို ယနေ့နံနက် (၁၀) အချိန်ခန့်က ဘားအံမြို့ တော်ပုံကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)  ကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
Oct 21,2022
ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ ကမာရွတ်မြို့နယ်တွင်  ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းကို စဉ်ဆက်မပြတ်ဆောင်ရွက်ပေးလျက်ရှိရာ အုပ်ချုပ်ရေးစစ်ကြောင်းနှင့်
Oct 21,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်အတွင်း ရေအသုံးချသူအဖွဲ့များမှ အဖွဲ့ဝင်တောင်သူများအား စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ ရေအသုံးသူအဖွဲ့၂၃ ဦးအား အသိပညာပေးသင်တန်းကို ယနေ့နံနက်ပိုင်းက ဟင်းငုတ်ပင် ဆည်မြောင်းရုံးဝင်း ဧည့်ရိပ်သာ၌ ကျင်းပပြုလုပ်သည်။