အမြို့မြို့အနယ်နယ်သတင်းများ

Oct 22,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း) “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းမြို့နယ်တွင် လားဟူတိုင်းရင်းသားတို့၏ (၂၇)ကြိမ်မြောက်ကောက်သစ်စားပွဲတော်ကို မက်မန်းမြို့နယ်၊ ကွန်ဟောင်းကျေးရွာခန်းမတွင်ယမန်နေ့က စည်းကားစွာကျင်းပခဲ့သည်။
Oct 22,2022
ဟိုပန်မြို့နယ်၏နှစ်စဉ်ကျင်းပမြဲဖြစ်သော မြို့နယ်လုံးကျွတ်စုပေါင်းမဟာဘုံကထိန် ပွဲတော်ကျင်းပရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ အစည်းအဝေးခန်းမတွင်ပြုလုပ်ရာ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီနပ်နှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ပွဲတော်ကျင်းပရေးလုပ်ငန်းကော်မတီဝင်များ တက်ရောက်ခဲ့ကြသည်။
Oct 22,2022
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်ရှိ ရှေးဟောင်းသမိုင်းဝင်ဆံတော် ခြောက်ဆူကိန်းဝပ်တော်မူသော ဆကေသာဓာတု ရွှေဆံတော်စေတီတော်မြတ်ကြီး၊ နှစ်ပေါင်း (၁၀၀)ကျော် သက်တမ်းရှိ တွံတေးတူးမြောင်း၊ အသားလွတ်နယ်မြေဖြစ်သော ဗောင်းတော်ချုပ် စေတီ၊ လက်မှုပညာအိုးလုပ်ငန်းနှင့် ရက်ကန်းလုပ်ငန်းများ၊ အထင်ကရနေရာများသို့ လေ့လာနိုင်ရန်အတွက် (၂)နှစ်ကျော်ရပ်နားထားသော YANGON WATER BUS တွံတေးခရီးစဉ်ကို အောက်တိုဘာ (၂၂) ရက်နေ့နံနက်(၉)နာရီ မိနစ်၅၀ကတွံတေး ဆိပ်ခံဘောတံတားသို့ ဆိုက်ကပ်ခဲ့ကြောင်း သိရသည်။
Oct 22,2022
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်၌ ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနမှ မြို့နယ်အတွင်းရှိ အခြေခံပညာ အထက်တန်း၊ အလယ်တန်း၊ မူလတန်းရှိ ကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှုစွမ်းဆောင်ရေး မြင့်မားရေးအလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ ယုဇနခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။   
Oct 22,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်ရှိ ပေါင်းဆန်စက်နှင့် လုပ်ငန်းအချို့အား ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းက ယမန်နေ့နံနက်ပိုင်း၌ ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
Oct 22,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်တွင် ကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက်(၉)နာရီအချိန်က အ.ထ.က(၁)၊ ပညာရတနာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Oct 22,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်တွင် နိုင်ငံတော်မှ လူ့စွမ်းအား အရင်းအမြစ်ဖွံ့ဖြိုးတိုးတက်စေရန်၊ နိုင်ငံတကာနှင့်အညီပညာရေးကဏ္ဍကို အထူးအလေးပေး ဖော်ဆောင်လျက်ရှိရာတွင် ကျောင်းသား/ကျောင်းသူ လူငယ်များ စာဖတ်ရှိန်မြင့်မားရေးနှင့် ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်၊