Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
သဲကုန်းမြို့နယ် ဇီးအုပ်ကျေးရွာ မြစိမ်းရောင်စီမံကိန်း(ဆီထွက်သီးနှံ) ရန်ပုံငွေလွှဲပြောင်းပေးအပ်ပွဲ ကျင်းပ
Oct 23,2022
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်း မြို့နယ် ဇီးအုပ်ကျေးရွာ မြစိမ်းရောင် စီမံကိန်း(ဆီထွက်သီးနှံ) ရန်ပုံငွေလွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို အောက်တိုဘာ ၂၁ ရက်နေ့က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းဝေးခန်းမ၌ ကျင်းပပြု လုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကျောင်းအုပ်ကြီးများစီမံခန့်ခွဲမှု စွမ်းဆောင်ရည်မြင့်မားရေးအလုပ်ရုံ ဆွေးနွေးပွဲကျောက်တန်း ၌ ဖွင့်လှစ်
Oct 23,2022
ရန်ကုန်တိုင်းဒေသကြီး သန်လျင်ခရိုင် ကျောက်တန်းမြို့နယ်တွင် အခြေခံပညာဦးစီးဌာနမှ ကျောင်းအုပ်ဆရာ ကြီး၊ ဆရာမကြီးများအားပညာရေး စီမံခန့်ခွဲမှု စွမ်းဆောင်ရည်မြင့်မား တိုးတက်စေရေးအတွက် မြို့နယ်အဆင့်အလုပ်ရုံဆွေးနွေးပွဲကို အောက်တိုဘာ ၂၂ ရက် နံနက် ၉ နာရီက ကျောက်တန်းမြို့ အခြေခံပညာ အထက်တန်းကျောင်း အ.ထ.က(၁)၌ ကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
သနပ်ပင်မြို့နယ်အတွင်း ဆောင်းနေကြာစိုက်ပျိုးမည့် တောင်သူများသို့ မျိုးစေ့နှင့် ဓါတ်မြေဩဇာ ထောက်ပံ့ပေးအပ်ပွဲသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်တက်ရောက်
Oct 23,2022
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ တာဝန်ရှိသူများလိုက်ပါလျက် အောက်တိုဘာလ (၂၁)ရက်နေ့၊ ယမန်နေ့နံနက်ပိုင်းက သနပ်ပင်မြို့နယ်အတွင်း ဆောင်းနေကြာစိုက်ပျိုးမည့် တောင်သူများသို့ မျိုးစေ့နှင့်ဓါတ်မြေဩဇာ ထောက်ပံ့ ပေး အပ်ပွဲသို့ တက်ရောက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
သိန္နီမြို့တွင် လူဦးရေစာရင်း မှန်ကန်မှုရှိစေရေးဆောင်ရွက်နေမှုများအား မြေပြင်ကွင်းဆင်းကြည့်ရှုစစ်ဆေး
Oct 23,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ သိန္နီမြို့၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်း စဉ်(၅)ရပ်တွင် ပါဝင်သည့် လွတ် လပ်ပြီး တရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် လူဦးရေစာရင်းများ မှန်ကန်မှု ရှိစေရေး စိစစ်ခြင်းလုပ်ငန်းများကို သက်ဆိုင်ရာ ရပ်/ကျေးအုပ်စု အုပ်ချုပ်ရေးမှူးရုံးများတွင် ဆောင်ရွက်လျက်ရှိရာ အမှတ်(၂) ရပ်ကွက်နှင့် အမှတ်(၄) ရပ်ကွက်တို့တွင် ဆောင်ရွက်မှု အခြေအနေများအား ကွင်းဆင်းစစ်ဆေးခြင်းကို အောက်တိုဘာလ ၂၁ ရက်နေ့ နံနက်ပိုင်း အချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
သုံးခွမြို့နယ်တွင် ပညာရေး စီမံခန့်ခွဲမှုစွမ်းဆောင်ရည် မြင့်မားရေးမြို့နယ်အဆင့် (ဆင့်ပွား)အလုပ်ရုံဆွေး နွေးပွဲ ကျင်းပ
Oct 23,2022
ရန်ကုန်တိုင်းဒေသကြီး၊တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ်တွင် မြို့နယ် အခြေခံပညာဦးစီးဌာနမှကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများအား စီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြင့်မားရေး မြို့နယ်အဆင့်(ဆင့်ပွား) အလုပ်ရုံဆွေးနွေးပွဲကို ယမန်နေ့နံနက် ၉နာရီခွဲအချိန်က အထက(၁) အစည်း အဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြှင့်မားရေးအလုပ်ရုံ ဆွေးနွေးပွဲ ကော့မှူး၌ဖွင့်လှစ်
Oct 23,2022
ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင်ကော့မှူးမြို့နယ်တွင် အခြေခံပညာဦးစီးဌာနမှ ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများအား ပညာရေးစီမံခန့်ခွဲမှု စွမ်းဆောင်ရည် မြှင့်မားတိုးတက်စေရေးအတွက် မြို့နယ်အဆင့်အလုပ်ရုံဆွေးနွေးပွဲကို ယမန်နေ့နံနက် ၉ နာရီက မြို့သစ်ရပ်ကွက် အခြေခံပညာအထက်တန်းကျောင်း အ.ထ.က (ကော့မှူး) ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဘူးသီးတောင်မြို့နယ်၌ ကိုဗစ်-၁၉မျိုးရိုးဗီဇပြောင်းအိုမီ ခရွန်ရောဂါကူးစက်မှု မရှိလာစေရန်နှင့် ကာကွယ်ထိန်းချုပ်နိုင်ရန် Mask Campaign ပြုလုပ်
Oct 23,2022
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ်တွင် ပြည်သူများကိုဗစ်-၁၉မျိုးရိုးဗီဇပြောင်း အိုမီခရွန်ရောဂါကူး စက်မှုမရှိစေရန်နှင့် ကာကွယ်ထိန်းချုပ်နိုင်ရန် မြို့နယ်ကိုဗစ်- ၁၉ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများပူးပေါင်းအဖွဲ့သည် ယမန်နေ့နံနက်(၈)နာရီအချိန်က မီရထားဆိပ်ရပ်ကွက်၊ ဗိုလ်ချုပ်လမ်း၌ မြို့မစည်ပင်သာယာစျေးသို့ စျေးရောင်း/စျေးဝယ်လာသူများ၊ ခရီးသွားပြည် သူများအား MaskCampaign အသိပညာပေး ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ပွင့်ဖြူမြို့နယ်၌ ဒေသခံတောင်သူများ စားသုံးဆီဖူလုံပိုလျှံစေရေး ဆောင်းသီးနှံနေကြာများ စတင်စိုက်ပျိုးလျက်ရှိပြီး ဧက ၂၀၀ ကျော် စိုက်ပျိုးပြီးစီး
Oct 23,2022
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် အောက်တိုဘာလဆန်းပိုင်းက ရွာသွန်းခဲ့သည့်မိုးဖြင့် ဒေသခံကျေးလက်နေ တောင်သူများက ဆောင်းသီးနှံနေကြာများ စတင်စိုက်ပျိုးနေကြပြီဖြစ်ကြောင်းသိရကာ ဆောင်းနေကြာသီးနှံ ဧက ၂၀၀ ကျော် စိုက်ပျိုးပြီးစီးသွားပြီဖြစ် ကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီး ဌာနရုံးမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
15227
Page
15228
Page
15229
Page
15230
Current page
15231
Page
15232
Page
15233
Page
15234
Page
15235
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department