အမြို့မြို့အနယ်နယ်သတင်းများ

Oct 22,2022
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်တွင် (၁၉)ကြိမ်မြောက် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် မြတ်ဆရာပူဇော်ပွဲကို ယမန်နေ့ နံနက်(၉)နာရီက မြို့နယ်ကျွန်းသာခန်းမတွင် ကျင်းပပြုလုပ်ရာ ကန်တော့ခံဆရာကြီး/ဆရာမကြီးများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးဇော်နိုင်ဝင်းနှင့်အဖွဲ့ဝင်များ ပြည်နယ်ပညာရေးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမင်းကြည်ဝေ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်ပညာရေးဝန်ထမ်းမိသားစုများတက်ရောက်ကြသည်။
Oct 22,2022
မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ အခြေခံလူတန်းစားပြည်သူများ၏စားဝတ်နေရေးအထိုက်အလျှောက် ပြေလည်စေရန် ရည်ရွယ်၍ စလင်းမြို့ မြို့ပေါ်ရပ်ကွက်ရှိ အခြေခံလူတန်းစား အိမ်ထောင်စု(၇၀၀)အား အခြေခံစားကုန်(၅)မျိုးနှင့် ကိုဗစ်ကာကွယ်ရေးသုံးပစ္စည်း (Mask)များ ထောက်ပံ့ပေးအပ်ပွဲကို အောက်တိုဘာလ ၂၀ ရက်နေ့ နံနက် ၉ နာရီက စလင်းမြို့နယ် မိုးလုံလေလုံ အားကစားခန်းမ၌ ကျင်းပရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် အဖွဲ့ဝင်ဝန်ကြီးများ တက်ရောက်၍ အခြေခံစားကုန်(၅)မျိုးနှင့် ကိုဗစ်ကာကွယ်ရေးသုံးပစ္စည်း (Mask)များ ထောက်ပံ့ပေးအပ်ခဲ့ကြသည်။
Oct 22,2022
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)၊ ပြည်သူ့ဆက်ဆံရေးနှင့်စိတ်ဓာတ်စစ်ဆင်ရေးညွှန် ကြားရေးမှူးရုံး၊အမှတ်(၃)နယ်လှည့်ပြည်သူ့ဆက်ဆံရေးတပ်ခွဲ ပြဇာတ်ကြီးတပ်စုမှ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းခုတ်မြို့ရှိ ဒေသခံတိုင်းရင်းသားပြည်သူများ စိတ်အပန်းဖြေပျော်ရွှင်စေရေး လာရောက်သီဆိုကပြ ဖျော်ဖြေပွဲကို ယမန်နေ့ည ၇ နာရီမှစတင်၍ မိုင်းခုတ်တပ်နယ်ရှိ ဘုရင့်နောင် ခန်းမ၌ သီဆိုကပြဖျော်ဖြေပေးခဲ့ကြောင်း သိရသည်။
Oct 22,2022
မကွေးတိုင်းဒေသကြီး(၃၅)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်(၉)နာရီအချိန်က တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးတင့်လွင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
Oct 22,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူများ ကာယ၊ ဉာဏဖွံ့ဖြိုးတိုးတတ်စေရေးအတွက် ရည်ရွယ်လျက် ယမန်နေ့ မွန်းလွဲ ၂ နာရီက ရုပ်ပုံစာလုံးများရွေးချယ်ခြင်း၊ ဂိမ်းကစားခြင်းများကို ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။