အမြို့မြို့အနယ်နယ်သတင်းများ

Oct 25,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ ကြာဖြူကျေးရွာတွင် အောက်တိုဘာ ၂၂ ရက်နေ့ နံနက် ၁၀ နာရီအချိန်က မိုးစပါးစံကွက် ရိတ်သိမ်းခြင်းအား ဌာနဆိုင်ရာအကြီးအကဲများမှ ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။
Oct 25,2022
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့တွင် ခမောက်ကြီးတပ်နယ်မိသားစုများမှ စားသောက်ကုန်ပစ္စည်းများ ဈေးနှုန်းသက်သာစွာရောင်းချပေးခြင်းကို ယနေ့နံနက်(၈)နာရီခန့်က ခမောက်ကြီးမြို့ မြခွာညိုလမ်းထိပ်တွင် ပြုလုပ်ခဲ့သည်။
Oct 25,2022
နိုင်ငံတော်၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့်အညီ ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်အတွင်း ကိုဗစ်-၁၉ အိုမီခရွန် မျိုးရိုးဗီဇပြောင်း BA-4 ၊ BA-5 ရောဂါကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးဆိုင်ရာ သတိပေးနှိုးဆော်မှုနှင့် နှာခေါင်းစည်း(Mask)များ အခမဲ့ဖြန့်ဝေခြင်း နှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ယနေ့နံနက်(၉)နာရီအချိန်က လွိုင်ကော်မြို့ နာရီစင်ရှေ့တွင် ပြုလုပ်ခဲ့သည်။
Oct 25,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘောဂလိမြို့တွင် ကိုဗစ်-၁၉ရောဂါမျိုးဗီဇပြောင်း အိုမီခရွန် မျိုးစိတ်သစ် BA.4 နှင့် BA.5 ရောဂါကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်မှုများကို ယနေ့နံနက်(၁၀)နာရီအချိန်က မြို့ပေါ်ရပ်ကွက်များတွင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Oct 25,2022
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး နှာခေါင်းစည်းတပ်ဆင်ရေး Mask Campaign လှုပ်ရှားခြင်းကို ယမန်နေ့ နံနက် ၈ နာရီခွဲအချိန်က ဆွမ်ပရာဘွမ်မြို့ ဝါစပ်ခူးရပ်ကွက်၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
Oct 25,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်အတွင်းရှိ ပြည်သူများအား ကိုဗစ်-၁၉ ထပ်ဆောင်းကာကွယ်‌ဆေး စတုတ္ထအကြိမ် (2nd Booster Dose) ဆက်လက်ထိုးနှံပေးခြင်း ကို ယနေ့ နံနက် ၉ နာရီက ရွှေဥဒေါင်းရပ်ကွက်၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီးရှိ မြို့နယ်ကျန်းမာရေးဦးစီးဌာန၌ ထိုးနှံပေးလျက် ရှိကြောင်း သိရသည်။