အမြို့မြို့အနယ်နယ်သတင်းများ

Oct 25,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ်၌ ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနမှ မြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်း၊ အလယ်တန်း၊ မူလတန်းရှိ ကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက်က မြို့နယ်ပညာရေးမှူးရုံး ပညာရတနာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Oct 25,2022
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ် မြတ်ပညာတံခွန် ကိုယ်ပိုင်အထက်တန်းဆင့်သင်ကျောင်း၏ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ၂၀၂၀-၂၀၂၂ တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့ကြသော ကျောင်းသား ကျောင်းသူများနှင့် ထူးချွန်‌အောင် သင်ကြားပေးသော ဆရာ/ ဆရာမများအား ဂုဏ်ပြုချီးမြှင့်ပွဲ အခမ်းအနားကို ပညာတံခွန်ခန်းမ၌ ယနေ့နံနက် ၉ နာရီအချိန်ခန့်က ကျင်းပပြုလုပ်ခဲ့သည်။
Oct 25,2022
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဗန်းမော်မြို့နယ်တွင် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း၏ အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ် သင်တန်းအမှတ်စဉ် (၃)သင်တန်းဖွင့်ပွဲ အခမ်းအနားကို အမျိုးသမီး အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်းခန်းမ၌ ယနေ့ နံနက် ၉ နာရီခန့်က ကျင်းပခဲ့ကြောင်း သိရသည်။
Oct 25,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ ပညာရေးဌာနက ဦးဆောင်မှုဖြင့် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းအုပ်ကြီးများ၏ စီမံခန့်ခွဲမှု စွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက် (၁၀)နာရီက အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းရှိ ကရဝိက်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Oct 25,2022
ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ထူးကဲဒီရေမြင့်တက်ပြီး ရွှေဇားကပ္ပကောင်း ကျေးရွာအုပ်စု၊ ဟိန္ဒူရွာသစ်တွင် ယမန်နေ့ ညနေ ၁၀ နာရီ ခွဲအချိန်ခန့်က နေအိမ်များအတွင်း ရေဝင်ရောက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
Oct 25,2022
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကျိုက်ဒုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ယနေ့နံနက် ၉ နာရီက ကျိုက်ဒုံမြို့ အမှတ်(၃)ရပ်ကွက်၌ ပြည်သူများအား ကိုဗစ်-၁၉ရောဂါမျိုးဗီဇပြောင်း အိုမီခရွန်မျိုးကွဲ B.4, B.5, ရောဂါပိုး ကြိုတင်ကာကွယ်နိုင်စေရေး အသိပညာပေးနှိုးဆော်မှုများဆောင်ရွက်ခဲ့သည်။
Oct 25,2022
မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်တွင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် သပိတ်ကျင်းတပ်နယ်အစီအစဉ်ဖြင့် ပြင်ပပေါက်ဈေးထက် သက်သာသောဈေးနှုန်းများဖြင့် အခြေခံစားသောက်ကုန်များကို ယနေ့နံနက်(၇)နာရီအချိန်က မတ္တရာမြို့အထွေထွေအုပ်ချု်ပရေးဦးစီးဌာနရုံးအနီးတွင် ရောင်းချပေးခဲ့သည်။
Oct 25,2022
ဧရာဝတီတိုင်းဒေသကြီး ဗဟိုစာရင်းအင်းအဖွဲ့ ရုံးအဆောက်အဦနှင့် ဝန်ထမ်းအိမ်ရာ အဆောက်အဦဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ပုသိမ်မြို့၊ အမှတ် ၅ ရပ်ကွက်၊ ပပဝတီကွက်သစ်၊ အကွက်အမှတ်(၃၃၈၊ ၃၃၉)ရှိ တိုင်းဒေသကြီး ဗဟိုစာရင်းအင်းအဖွဲ့ရုံးဝန်း၌ ကျင်းပရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါ်သန်းသန်းလင်းနှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ ဗဟိုစာရင်းအင်းအ‌ဖွဲ့နှင့် စီမံကိန်းရေးဆွဲရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်များ၊ ခရိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် တာဝန်ယူတည်‌ဆောက်ခဲ့သည့် ကုမ္ပဏီများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။