Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
နတ်မောက်မြို့ စိုက်ပျိုးရေးတောင်သူများ ပဲတီစိမ်းစျေးကွက်သို့တင်ပို့ရောင်းချ
Oct 25,2022
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်ရှိ တောင်သူများသည် မိုးနှောင်းကာလ ပဲတီစိမ်းများစိုက်ပျိုးလျက်ရှိရာ ယခုအခါတွင် ရင့်မှည့်သဖြင့် ရိတ်သိမ်းခူးဆွတ်၍ စျေးကွက်သို့ တင်ပို့ရောင်းချ လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
စလင်းမြို့နယ်၌ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တည်ဆောက်ရေးလုပ်ငန်းများမှ ကွန်ကရစ်လမ်းခင်းခြင်း အဆင့်မြှင့်တင်ဆောင်ရွက်နေမှုအား ကွင်းဆင်းစစ်ဆေး
Oct 25,2022
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ်၌ မြို့နယ်အတွင်းရှိ ရပ်ကွက်များမှ မြေနီကျောက်စရစ်လမ်းမှ ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်ခြင်းကို ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် တိုင်းဒေသကြီးအစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်ခြင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိနှင့် စည်ပင်သာယာရေးအဖွဲ့ ကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်က ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျွန်းလှမြို့နယ်၌ ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံ၊ တိုက်ကျွေး
Oct 25,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ကလေးငယ်များ ရောဂါကင်းရှင်းပြီး ကျန်းမာသန်းစွမ်းစေရန်အတွက် ပုံမှန်ကာကွယ်ဆေးများ ထိုးနှံ၊ တိုက်ကျွေးခြင်းကို ယနေ့နံနက် ၉ နာရီက မြို့နယ်ပြည်သူ့ဆေးရုံနှင့် မိခင်နှင့်ကလေးကျန်းမာရေးဌာန၌ ဆောင်ရွက်ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ချောင်းသာမြို့တွင် အပတ်စဉ် အင်္ဂါနေ့တိုင်း အသက် ၁၈ နှစ်ပြည့်ပြီးသူများအား Covid-19 ကာကွယ်ဆေး (Booster) ထိုးနှံ
Oct 25,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင် ချောင်းသာမြို့တွင် အပတ်စဉ် အင်္ဂါနေ့တိုင်း အသက် (၁၈) နှစ်ပြည့်ပြီးသူ များကို ကိုဗစ်ကာကွယ်ဆေး (Booster) ကို ချောင်းသာမြို့ တိုက်နယ်ကျန်းမာရေး ဆေးခန်းတွင် ယနေ့ နံနက် ၉ နာရီခွဲအချိန်မှ နေ့လယ် ၁၂ နာရီအချိန်အထိ ထိုးနှံပေးလျက်ရှိ ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
လိပ်သိုမြို့ လမ်းဦးစီးဌာနမှ တောင်ငူ-လိပ်သို-လွိုင်ကော်-ဟိုပုန်း ပြည်ထောင်စုလမ်း(ကရင်ပြည်နယ်အပိုင်း)အား စဉ်ဆက်မပြတ် ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းမျာ…
Oct 25,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်အတွင်းရှိ တောင်ပေါ်ဒေသဖြစ်သော လိပ်သိုမြို့သည် မိုးများသောဒေသဖြစ်၍ မိုးတွင်းကာလတွင် တောင်ကျရေများကျဆင်းလာပြီး ရေတိုက် စားမှုများကြောင့် တောင်ငူ-လိပ်သို-လွိုင်ကော်-ဟိုပုန်း ပြည်ထောင်စုလမ်း (NH-21) ကရင်ပြည်နယ်အပိုင်းတွင် မြေပြိုမှုများ၊ သစ်ပင်ကြီးများ ပြိုလဲကျမှုများ မကြာခဏဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပေါက်ခေါင်းမြို့နယ် ဆည်ရေသောက်လယ်ယာမြေဧရိယာအတွင်း သုံးသီးစား(သီးနှံစုံ) ၇၁၁၃ ဧက လျာထားစိုက်ပျိုးမည်
Oct 25,2022
ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်၌ ဒေသတွင်းဆန်စပါး၊ ပဲမျိုးစုံနှင့်ဆီထွက်သီးနှံများ ဖူလုံပိုလျှံရေးအတွက် တောင်သူများက နှစ်စဉ်စိုက်ပျိုးလျက်ရှိရာ ယခုနှစ်တွင်ဆည်ရေသောက် လယ်ယာမြေဧရိယာအတွင်း နွေသီးနှံ၊ မိုးသီးနှံနှင့်ဆောင်းသီးနှံ သုံးသီးစား(သီးနှံစုံ) ၇၁၁၂ ဧကလျာထားစိုက်ပျိုးမည်ဖြစ်ကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
မင်းလှမြို့နယ်စက်မှုလယ်ယာစခန်း၌ စပါးတင်း(၅၀၀)ဆံ့အခြောက်ခံစက်သရုပ်ပြပွဲကျင်းပ
Oct 25,2022
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ အမှတ်(၂၇)စက်မူလယ်ယာစခန်း၌ တည်ဆောက်ထားသည့် စပါးတင်း(၅၀၀)ဆံ့အခြောက်ခံစက်သရုပ်ပြပွဲကို ယနေ့နံနက် ၉ နာရီချိန်က ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
နတ်တလင်းမြို့နယ် အထွေထွေရွေးကောက်ပွဲကော်မရှင်အဖွဲ့နှင့် ရပ်ကွက်ကျေးရွာ အုပ်စုဥက္ကဋ္ဌများ တွေ့ဆုံဆွေးနွေး
Oct 25,2022
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ် အထွေထွေရွေးကောက်ပွဲကော်မရှင်အဖွဲ့နှင့် ရပ်ကွက်ကျေးရွာအုပ်စုဥက္ကဋ္ဌများ တွေ့ဆုံ၍ ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းများညှိနှိုင်းဆွေးနွေးခြင်းကို ယနေ့နံနက် ၉ နာရီက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
15149
Page
15150
Page
15151
Page
15152
Current page
15153
Page
15154
Page
15155
Page
15156
Page
15157
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department