Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် စီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြင့်မားရေး မြို့နယ်အဆင့် (ဆင့်ပွား)အလုပ်ရုံဆွေးနွေးပွဲကျင်းပ
Oct 23,2022
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် မြို့နယ်အခြေခံပညာဦးစီးဌာနမှ ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများအား စီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြင့်မားရေး မြို့နယ်အဆင့်(ဆင့်ပွား)အလုပ်ရုံဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲပိုင်း(၁)နာရီက ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်ပညာရေးမှူးရုံးအစည်းအဝေးခန်းမ၌ ကျင်းပကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း အစိုးရနည်းပညာအထက်တန်းကျောင်းတွင် ပြည်သူ့အကျိုးပြုစုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုအား ကြည့်ရှုအားပေး
Oct 23,2022
မွန်ပြည်နယ်အတွင်း စာသင်ကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ ပညာသင်ကြားနိုင်ရေးအတွက် ကျောင်းပတ်ဝန်းကျင်စိမ်းလမ်းစိုပြည်ရေးနှင့် သန့်ရှင်းသာယာလှပရေးတို့ကို ဆောင်ရွက်လျက်ရှိရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်း ထွန်း၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ၂၀၂၂ ခုနှစ်၊ အောက်တို ဘာလ ၂၂ ရက်နေ့နံနက်ပိုင်းက မော်လမြိုင် အစိုးရနည်းပညာအထက်တန်းကျောင်း၀န်းအတွင်းရှိ ခြုံနွယ်များ၊ မြက်များနှင့် အမှိုက်များအား ဌာနဆိုင်ရာများ၊ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသပ်တပ်ဖွဲ့၊ ကြက်ခြေနီနှင့်လူမှုအဖွဲ့အစည်းများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများအင်အား ၄၀၀ ကျော်မှ ပြည်သူ့အကျိုးပြု စုပေါင်းသန့်ရှင်းရေးဆောင်ရွက်မှုတို့ကို ကြည့်ရှုအားပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း မွန်ပြည်နယ်တရားလွှတ်တော် ပင်မအဆောက်အဦ တည်ဆောက်ပြီးစီးနေမှုနှင့် အချောသပ်လုပ်ငန်းဆောင်ရွက် နေမှုအခြေအနေတို့အာ…
Oct 23,2022
မွန်ပြည်နယ် မော်လမြိုင်မြို့တွင် မွန်ပြည်နယ် တရားလွှတ်တော်အား ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ အဆောက်အဦအထူးအဖွဲ့ (၁၃) မှ တာဝန်ယူတည်ဆောက်နေသည့် မွန်ပြည်နယ်တရားလွှတ်တော် ပင်မအဆောက်အဦ တည်ဆောက်ပြီးစီးနေမှုနှင့် အချောသပ် လုပ်ငန်း ဆောင်ရွက် နေမှု အခြေအနေအား မွန်ပြည်နယ် ၀န်ကြီးချုပ်နှင့်တာ၀န်ရှိသူများက ယနေ့ နေ့လည်ပိုင်းက ကြည့်ရှုစစ်ဆေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ကျောက်မီးသွေး လုပ်ငန်းရှင်များနှင့် တွေ့ဆုံ၍ လုပ်ငန်းလိုအပ်ချက်များအား ညှိနှိုင်းဖြည့်ဆည်းပေးခြင်း အ…
Oct 23,2022
စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၊ ကျောက်မီးသွေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံ၍ လုပ်ငန်းလိုအပ်ချက်များအား ညှိနှိုင်းဖြည့်ဆည်းပေးခြင်း အစည်းအဝေးကို အောက်တိုဘာလ ၂၁ ရက်နေ့ မွန်းလွဲပိုင်းတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး သယံဇာတရေးရာ ဝန်ကြီး ဦးတင်သန်းဝင်း၊ ကျော်မီးသွေးလုပ်ငန်းရှင်နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
အပြည့်အစုံ ဖတ်ရန်
ဒေးဒရဲမြို့၌ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ တွေ့ဆုံဆွေးနွေး
Oct 23,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းလုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်စေရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး ရည်ရွယ်၍ မြို့နယ်အဆင့် ဌာနဆိုင်ရာများပါဝင်သော အုပ်ချုပ်ရေး၊ နိုင်ငံရေး၊ ဖွံဖြိုးတိုးတက်ရေး၊ လူမှုရေး၊ စည်းရုံးရေးစသည့် စစ်ကြောင်းကြီး ငါးကြောင်းဖြင့် ကျေးရွာ အတွင်းရှိ ရပ်မိရပ်ဖများ၊ ပြည်သူများ တွေ့ဆုံပွဲကို ယနေ့နံနက် (၁၁) နာရီက တော်ချိုက်ကျေးရွာအုပ်စု၊ တော်ချိုက်ကျေးရွာရှိ အခြေခံပညာမူလတန်းကျောင်းတွင် ကျင်းပ ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကျိုက်လတ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ စီမံခန့်ခွဲမှု စွမ်းဆောင်ရည်မြှင့်မားရေး အလုပ်ရုံဆွေးနွေးပွဲကျင်းပ
Oct 23,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း၊ မြစန္ဒီခန်းမတွင် ယမန်နေ့နံနက် (၉)နာရီခွဲ အချိန်က ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ စီမံခန့်ခွဲမှု စွမ်းဆောင်ရည်မြှင့်မားရေး အလုပ်ရုံဆွေးနွေးပွဲ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
လယ်ဝေးမြို့နယ်ရုံး Community Centre တွင် မူးယစ်ဆေးဝါးအန္တရာယ်အသိပညာပေး Talk Show ကျင်းပ
Oct 23,2022
ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre)တွင် ယမန်နေ့ မွန်းလွဲ(၂) နာရီအချိန်က မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး Talk Show ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မြန်အောင်မြို့နယ်တွင် လူငယ်ရေးရာအသိပညာဟောပြောပွဲ ကျင်းပ
Oct 23,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်ရေးရာအသိပညာဟောပြောပွဲကို အောက်တိုဘာလ ၂၁ ရက်နေ့ မွန်းလွဲ (၁) နာရီအချိန်က အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းခန်းမတွင် ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
15131
Page
15132
Page
15133
Page
15134
Current page
15135
Page
15136
Page
15137
Page
15138
Page
15139
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department