Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
အခြေခံပညာဆရာ၊ ဆရာမများ အထူးမွမ်းမံသင်တန်း အမှတ်စဉ် (၆၉)သို့ တက်ရောက်မည့် ဆရာ၊ ဆရာမများအား တွေ့ဆုံပွဲအခမ်းအနား ကျင်းပ
Oct 23,2022
နိုင်ငံဝန်ထမ်းတက္ကသိုလ်(အထက်မြန်မာပြည်) အခြေခံပညာဆရာ၊ ဆရာမများ အထူးမွမ်းမံသင် တန်း အမှတ်စဉ် (၆၉)သို့ တက်ရောက်မည့် ဆရာ၊ ဆရာမများအား တွေ့ဆုံပွဲအခမ်းအနားကို အောက်တိုဘာလ ၂၁ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန်က မန္တလေး၊ ချမ်းအေးသာစံမြို့နယ်ရှိ အမှတ် ၁၆ အခြေခံပညာအထက်တန်းကျောင်း၊ ပညာရတနာခန်းမတွင် ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ချီဖွေမြို့နယ်၌ စိုက်ပျိုးရေးအကြောင်းသိကောင်းစရာ ခေါင်းစဉ်ဖြင့် Talk Show ကျင်းပ
Oct 23,2022
ကချင်ပြည်နယ်၊ ချီဖွေမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗ ဟိုဌာန (Community Center) ခန်းမ၌ ယမန်နေ့ နေ့လည် (၁၂) နာရီအချိန်တွင် စိုက်ပျိုးရေးအကြောင်း သိကောင်းစရာခေါင်းစဉ်ဖြင့် တောင်သူအသိပညာပေး(Talk Show) ကျင်းပခဲ့ကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
စကုမြို့ အခြေခံပညာအထက်တန်းကျောင်း၌ ယာဉ်စည်းကမ်း လမ်းစည်းကမ်းအသိပညာပေးဟောပြောခြင်း ဆောင်ရွက်
Oct 23,2022
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၊ စကုမြို့အခြေခံပညာအထက်တန်းကျောင်းရှိ ကျောင်းသား/ကျောင်းသူများ ယာဉ်အန္တရာယ်ကင်းဝေးစေရန်နှင့် ယာဉ်/လမ်းစည်းကမ်းများကို သိရှိလိုက်နာပြီး သွားလာနေထိုင်တတ်စေရန်အတွက် အသိပညာပေးဟောပြောခြင်းကို ယမန်နေ့နံနက် ၉ နာရီခွဲ အချိန်က အဆိုပါကျောင်းခန်းမ၌ ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ညောင်တုန်းမြို့နယ်တွင် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကျင်းပ
Oct 23,2022
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ညောင်တုန်းမြို့နယ်တွင် နိုင်ငံတော်မှ လူငယ်များ၏ ပညာရေး၊ကျန်းမာရေးနှင့်လူငယ်ရေးရာကဏ္ဍကို အထူးအလေးပေးဖော်ဆောင်လျက်ရှိရာတွင် ကျောင်းသား/ကျောင်းသူလူရွယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဘက်စုံ ထူ းချွန်စေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာန၊စား သုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ ညောင်တုန်းမြို့နယ်၊ နတ်ပေးကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းတွင် ယမန်နေ့နံနက်၁၀နာရီခွဲအချိန်က အသိ ပညာပေး ဟောပြောပွဲ ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
လဟယ်မြို့တွင် မူလတန်းကြိုကျောင်း၀တ်စုံ(၂၀၀)စုံထောက်ပံ့ပေးအပ်
Oct 23,2022
စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့တွင် လူမှု၀န်ထမ်းဦးစီး ဌာနက ထောက်ပံ့သည့် မူလတန်းကြို ကျောင်း၀တ်စုံ ထောက်ပံ့ပေးအပ်ပွဲကို အောက်တိုဘာ ၂၁ က လဟယ်မူလတန်းကြိုကျောင်း၌ ကျင်းပပါသည်။
အပြည့်အစုံ ဖတ်ရန်
တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးတင်မောင်ဝင်း ညောင်တုန်းမြို့နယ်ရှိ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများအား ကြည့်ရှုစစ်ဆေး
Oct 23,2022
ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် အဖွဲ့သည် ယမန်နေ့မွန်းလွဲ ၂ နာရီအချိန်ခန့်က ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၊ ခတ္ထိ ယကျေးရွာရှိ ဝါဝါဝင်း စိုက်ပျိုးမွေးမြူရေးကုမ္ပဏီသို့ရောက်ရှိပြီး ရှင်းလင်းဆောင်တွင် ကုမ္ပဏီ တာဝန်ခံ ဒေါ်စန်းစန်းမြင့်မှ ဝါဝါဝင်းကုမ္ပဏီ၏ Delta Queen အအေးခန်းငါး ထုတ်လုပ်မှုလုပ်ငန်း၊ နို့စားနွားမွေးမြူရေးလုပ်ငန်းနှင့် နို့ထွက်ပစ္စည်းထုတ်လုပ်မှုလုပ်ငန်းများအား ရှင်းလင်းတင်ပြပြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ကုမ္ပဏီဝန်းအတွင်းလုပ်ငန်း ဆောင် ရွက်နေမှုများကို ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မဟာအောင်မြေမြို့နယ် အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၌ ကြက်ခြေနီအသင်းဖွဲ့ စည်းပြီး ရှေးဦးပြုစုခြင်းဆိုင်ရာ သင်တန်းပို့ချ
Oct 23,2022
မန္တလေးခရိုင်၊ မဟာအောင်မြေမြို့နယ် အမှတ်(၃)အခြေခံပညာအထက်တန်း ကျောင်း၌ ကြက်ခြေနီအသင်းဖွဲ့စည်းပြီး ရှေးဦးပြုစုခြင်းဆိုင်ရာ သင်းတန်းပို့ချခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က ဆက်လက်ကျင်းပခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ရွှေကျင်မြို့နယ်တွင် ရှေးဦးပြုစုနည်း(အခြေခံ) သင်တန်းဖွင့်လှစ်
Oct 23,2022
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ်၊ အလက(ခွဲ)မကျည်းတန်းကျောင်း၌ အောက်တိုဘာလ ၂၁ ရက်နေ့ နံနက်ပိုင်း၌ မြို့နယ်ပညာရေးဦးစီးဌာနနှင့် မြို့နယ်ကြက်ခြေနီအသင်းတို့ ပူးပေါင်း၍ ရှေးဦးပြုစုနည်း(အခြေခံ)သင်တန်း ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
15132
Page
15133
Page
15134
Page
15135
Current page
15136
Page
15137
Page
15138
Page
15139
Page
15140
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department