အမြို့မြို့အနယ်နယ်သတင်းများ

Oct 22,2022
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနမှ  မြဝတီဘဏ်ဝန်ထမ်းများအား အလုပ်သမားညွှန်ကြားရေးဦးစီးဌာနမှ ကျင့်သုံးလျက်ရှိသော  ဥပဒေများအကြောင်း အသိပညာပေးဟောပြောပွဲကို ယမန်နေ့မွန်းလွဲ(၃)နာရီခွဲက မြဝတီဘဏ်တွင် ပြုလုပ်ခဲ့သည်။
Oct 22,2022
မွန်ပြည်နယ်၊ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးကော်မတီမှ မွန်ပြည်နယ်အစိုးရအဖွဲ့၏ ပံ့ပိုးကူညီမှုဖြင့် စက်တင်ဘာ(၁၂) ရက်နေ့မှ အောက်တိုဘာလ (၂၁)ရက်နေ့အထိ ဖွင့်လှစ်သင်ကြားခဲ့သော အခြေခံစက်ချုပ်သင်တန်း ဆင်းပွဲအခမ်းအနားကို မော်လမြိုင်မြို့၊ ရွှေတောင်ရပ်၊ အိမ်တွင်းမှုသင်တန်းကျောင်း၌ ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
Oct 21,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက် ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ရွှေသူ‌ဌေးရပ်ကွက်ရှိ ရွှေသူဌေး (အမက) ကျောင်း၌ ယနေ့နံနက် (၁၀) နာရီခွဲကစာဖတ်ရှိန်မြင့်မားရေးအတွက် နယ်လှည့်စာကြည့်တိုက်၊ အသိပညာပေးဟောပြောပွဲ နှင့် လူကုန်ကူးမှုတားဆီးကာကွယ်ရေးအသိပညာပေး နံရံကပ်စာစောင်ပြပွဲများ ကျင်းပပြုလုပ်ခဲ့သည်။
Oct 21,2022
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်တွင် ရပ်ရွာအေးချမ်းသာယာရေးနှင့် ဒေသဖွံ့ဖြိုးရေးအတွက် မြို့နယ်အဆင့် ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး(၅) ကြောင်းဖြင့် ဒေသခံပြည်သူများတွေ့ဆုံပွဲကို ယနေ့နံနက်ပိုင်းက ရေဆုံးကျေးရွာအုပ်စု၊ ရေဆုံးကျေးရွာ ဓမ္မာရုံ တွင် ဆောင်ရွက်ခဲ့သည်။
Oct 21,2022
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ယနေ့နံနက် ၉ နာရီအချိန်က တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား အပြည်ပြည်ဆိုင်ရာ စစ်တုရင်ပြိုင်ပွဲ (အမျိုးသား/အမျိုးသမီး) တွင် (အမျိုးသား) အကြီးတန်း အသင်းလိုက် (တတိယ) ဆုရရှိခဲ့သော မြင်းခြံခရိုင် စစ်တုရင်အသင်းအား ဂုဏ်ပြုချီးမြှင့်ပွဲ အခမ်းအနားကျင်းပခဲ့ကြောင်း သိရသည်။
Oct 21,2022
ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်း သက်ရောက်မှုရှိခဲ့သည့် MSMEs လုပ်ငန်းများ အရှိန်အဟုန်ဖြင့် ပြန်လည် ဦးမော့တိုးတက်လာစေရေးအတွက် ကရင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ပြည်နယ် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို အောက်တိုဘာလ ၂၀ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်က ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ ၂ ၌ ကျင်းပသည်။
Oct 21,2022
မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့တွင် (၂၃) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးဗဟိုအဆင့်ပြိုင်ပွဲတွင် ဆုရရှိခဲ့သူအား ဂုဏ်ပြုကြိုဆိုပွဲကို စဉ့်ကူးမြို့ အခြေခံပညာ အထက်တန်းကျောင်းတွင် ယမန်နေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။
Oct 21,2022
ထားဝယ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့်အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနတို့ ပူးပေါင်း၍ အားကစားနှင့်လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို  ယနေ့နံနက်ပိုင်းက ထားဝယ်မြို့၊ အမှတ် (၄) အခြေခံပညာအထက်တန်းကျောင်းခန်းမ၌  ကျင်းပပြုလုပ်ခဲ့သည်။