စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ကျောက်မီးသွေး လုပ်ငန်းရှင်များနှင့် တွေ့ဆုံ၍ လုပ်ငန်းလိုအပ်ချက်များအား ညှိနှိုင်းဖြည့်ဆည်းပေးခြင်း အစည်းအဝေးတက်ရောက်

မုံရွာ အောက်တိုဘာ ၂၃

စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၊ ကျောက်မီးသွေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံ၍ လုပ်ငန်းလိုအပ်ချက်များအား ညှိနှိုင်းဖြည့်ဆည်းပေးခြင်း အစည်းအဝေးကို   အောက်တိုဘာလ ၂၁ ရက်နေ့ မွန်းလွဲပိုင်းတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး သယံဇာတရေးရာ ဝန်ကြီး ဦးတင်သန်းဝင်း၊ ကျော်မီးသွေးလုပ်ငန်းရှင်နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က ကလေး၊ကလေးဝနင့် မော်လိုက် မြို့နယ်များတွင် ကျောက်မီးသွေးထုတ်လုပ်သယ်ယူခြင်းလုပ်ငန်းများ လုပ်ကိုင်နေကြသည့် လုပ်ငန်းရှင်များအနေဖြင့် မိမိတို့ရဲ့ လုပ်ငန်းဆောင်ရွက်နေမှုနှင့် လိုအပ်ချက်များကို ယခု အစည်းအဝေးတွင် ပွင်းပွင်းလင်းလင်း ဆွေးနွေးတင်ပြကြရန် ပြောကြားလိုပါကြောင်း၊ မိမိတို့တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများအနေဖြင့် ထုတ်လုပ်ပြီး ကျောက်မီးသွေး များသယ်ယူပြီးစီးရေးနှင့် သက်မှတ်ကာလအတွင်း ထုတ်လုပ်ရမည့် လျာထားချက်ပြည့်မီစွာ ထုတ်လုပ်နိုင်ရေး၊ ထုတ်လုပ်ကာလ သက်တမ်းတိုးခြင်းနှင့် ရုံးလုပ်ငန်းများအပါအဝင် လိုအပ်ချက်အားလုံးကို သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ဖြည့်ဆည်းညှိနှိုင်း ဆောင်ရွက်ပေး သွားမည်ဖြစ်ပါကြောင်း၊ ကျောက်မီးသွေးများကို တစ်လထက်တစ်လ ပိုမိုသယ်ယူနိုင်တာ ကိုလည်း တွေ့မြင်ရပါကြောင်း၊ ရေလမ်းကြောင်းနှင့် ရာသီဥတုကောင်းမွန်ချိန်တွင် ကျောက်မီးသွေး သယ်ယူ ထုတ်လုပ်ခြင်းကို အရှိန်မြင့်ဆောင်ရွက်ခြင်းဖြင့် လုပ်ငန်းရှင်၊ နိုင်ငံတော်နှင့် ဒေသခံပြည်သူများ၏ အကျိုးစီးပွားကို အထောက်အကူပြုစေပါ၍ လုပ်ငန်းရှင်များ အနေဖြင့် လုပ်ငန်းများ ပုံမှန်လည်ပတ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။

ဆက်လက်ပြီး အစည်းအဝေးသို့ တက်ရောက်လာကြသော ကျောက်မီးသွေးလုပ် ငန်းရှင်များနှင့် တာဝန်ခံများက မိမိတို့လုပ်ကိုင်နေသည့် ကျောက်မီးသွေးထုတ်လုပ်နေမှု၊  သယ်ယူရေး ဆောင်ရွက်နေမှုနှင့် သက်မှတ်လျာထားချက်ပြည့်မီအောင် ထုတ်လုပ်သယ် ယူမည့် အခြေအနေများနှင့် ပတ်သက်၍ အသီးသီး ဆွေးနွေးတင်ပြကြသည်။

ယင်းနောက် တိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီး ဦးတင်သန်းဝင်းနှင့် တိုင်းဒေသကြီး အဆင့် ဌာနဆိုင်ရာများက မိမိတို့ဌာနများအလိုက် ပူးပေါင်းဆောင်ရွက်ပေးသွားမည့် အစီအစဉ်များကို ဆွေးနွေးတင်ပြကြသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က အစည်းအဝေးသို့ တက်ရောက်လာသူများ၏ ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးကာ နိဂုံးချုပ်စကားပြောကြားပြီး ဆွေးနွေးပွဲကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။                                                                    

တိုင်းဒေသကြီး၊ ပြန်/ဆက်