Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ပခုက္ကူဈေးကွက်အတွင်း ကြက်သွန်နီဝင်ရောက်မှုနည်းပါးလာပြီး အမြင့်ဆုံးဈေးနှုန်း (၃၅၀၀)ကျပ် အထိရောက်ရှိလာ
Oct 31,2022
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူဈေးကွက်အတွင်း ကြက်သွန်နီဝင်ရောက်မှုနည်းပါးလာပြီး အမြင့်ဆုံးဈေးနှုန်းမှာ တစ်ပိဿာလျှင် ငွေကျပ် ၃၅၀၀ ကျော်နှုန်းအထိ ရောက်ရှိလာကာ ဈေးကောင်းလျက်ရှိကြောင်း ပခုက္ကူမြို့၊ အမှတ်(၈)ရပ်ကွက်၊ ပန်းစွာ(ခ)ဦးမေဃကျောင်းတိုက်ဝန်းအတွင်းရှိ ကြက်သွန်ပွဲရုံ(ဈေးကွက်)သို့ လာရောက်ရောင်းချနေသည့် ကြက်သွန်ကုန်သည်များထံက သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပိုင်ကျုံကျေးလက်ကျန်းမာရေးဌာန၌ အသက်နှစ်နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေး ဆက်လက်ထိုးနှံ
Oct 31,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၌ အသက်နှစ်နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ကျန်းမာသန်စွမ်းပြီးရောဂါကူးစက်မှုမှ ကြိုတင်ကာကွယ်နိုင်ရန်ရည်ရွယ်၍ ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်းများကို အောက်တိုဘာလ ၂၉ ရက်နေ့နံနက်ပိုင်းက ကျေးလက်ကျန်းမာရေးဌာနတွင် ဆက်လက်ထိုးနှံပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်တန်းမြို့နယ်တွင် မိုးစပါးအထွက် တိုးစံပြကွက် ရိတ်သိမ်းပွဲကျင်းပ
Oct 31,2022
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်၊ အရှေ့ပိုင်းကျေးရွာ ကွင်းအမှတ် (၆၂၈) ဦးပိုင် အမှတ်(၃၀) တောင်သူ ဦးဌေးလွင်၏ ဆင်းသုခမိုးစပါး စိုက်ခင်း (၁၀) ဧက၌ စိုက်ပျိုးရေးဦးစီးဌာနမှ မိုးစပါးစံကွက်ရိတ်သိမ်းပွဲကို ယနေ့ နံနက်ပိုင်းက ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မင်းလှ၌ (၃၄)နှစ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဇီဝိတဒါနငါးလွတ်ပွဲပြုလုပ်
Oct 31,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက (၃၄)နှစ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ယနေ့နံနက် ၉ နာရီချိန်က ထန်းပင်ကုန်းကျေးရွာအုပ်စု၊ မြစ်မမြစ်အတွင်း ဇီဝိတဒါနငါးလွတ်ပွဲပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
နောင်ချိုမြို့နယ်တွင် Mobile Library ကွင်းဆင်း၍ စာအုပ်စာစောင်ငှားရမ်းခြင်းများဆောင်ရွက်
Oct 31,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများသည် ဌာနအသီးသီးရှိ စာအုပ်စာစောင်များ အလွယ်တကူငှားရမ်း ဖတ်ရှုနိုင်စေရန်နှင့် အသိပညာဗဟုသုတများ တိုးပွားစေရန်ရည်ရွယ်၍ယနေ့ နံနက်ပိုင်းက Mobile Library ကွင်းဆင်းငှားရမ်း ပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်ဆည်မြို့နယ်တွင် ခရမ်းချဉ်စိုက်တောင်သူများ ဈေးကောင်းရသဖြင့် မိသားစုများအဆင်ပြေလျက်ရှိ
Oct 31,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ခရမ်းချဉ်စိုက်တောင်သူများ ဈေးကောင်းရသဖြင့် မိသားစုအဆင်ပြေလျက်ရှိကြောင်းနှင့် စီးပွားဖြစ်ခရမ်းချဉ်သီးနှံစိုက်ပျိုးရာ၌ ပံတစ်ဆိပ် တစ်သုံးလုံးခရမ်းချဉ်မျိုးများ စိုက်ပျိုးကြကြောင်း၊ ပံတံဆိပ်တစ်သုံးလုံး ခရမ်းချဉ်မျိုးသည် တိုင်ထောင်စိုက်ပျိုးရသော အခွံထူအထားခံခရမ်းချဉ်မျိုးဖြစ်ပြီး စိုက်ပျိုးမည်ဆိုပါက သဘာဝမြေဩဇာများဖြစ်သည့် နွားချေး(သိုမဟုတ်) ကွန်ပေါင်းဓာတ်မြေဩဇာများနှင့် မြေကိုထယ်ရေးညက်စွာ ပြုပြင်ထားရကြောင်း ရေသွင်းရေထုတ်ကောင်းမွန်စေရန်အတွက် ဘောင်များပြုလုပ်ကာ ရေအလေအလွင့်နည်းပါးစေရန်နှင့် ပေါင်းမြက်ပင်များပေါက်ရောက်မှု သက်သာစေရန်အတွက် ပလပ်စတစ်အပါးများခင်း၍ စိုက်ပျိုးပါက အပင်ဖြစ်ထွန်းမှုကောင်းပြီး အသီးအထွက်နှုန်းကောင်းမွန်ကြောင်း ရေပြစ်ကျေးရွာမှ ခရမ်းချဉ်စိုက်တောင်သူ ဦးစိုးသိန်းက ပြောပြသည်။
အပြည့်အစုံ ဖတ်ရန်
ပွင့်ဖြူမြို့နယ်၌ ဒေသခံတောင်သူများ ဆောင်းကုလားပဲသီးနှံ စိုက်ပျိုးနိုင်ရေးအတွက် လယ်ယာမြေ ထွန်ယက်ပြုပြင်ခြင်းများ ကြိုးပမ်းဆောင်ရွက်နေ
Oct 31,2022
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ဒေသခံတောင်သူက ဆောင်းသီးနှံကုလားပဲ စိုက်ပျိုးရန်အတွက် လယ်ယာမြေ ထွန်ယက်ပြုပြင်ခြင်းများ ကြိုးပမ်းဆောင်ရွက်လုပ်ကိုင်လျက်ရှိကြောင်း သိရကာ ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် တစ်မြို့နယ်လုံး ကုလားပဲသီးနှံဧက ၂၁၈၄၃ ဧက လျာထားစိုက်ပျိုး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရုံးမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပြည်မြို့ လေးဆူဓာတ်ပျော်ရွှေဆံတော်စေတီတော်မြတ်ကြီး၏ ၂၆၁၁ နှစ်ပြည့် ဗုဒ္ဓပူဇနိယပွဲတော်ဖွင့်ပွဲနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကျင်းပ
Oct 31,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့၊ လေးဆူဓာတ်ပျော်ရွှေဆံတော်စေတီတော်မြတ်ကြီး၏ ၂၆၁၁ နှစ်ပြည့် ဗုဒ္ဓပူဇနိယပွဲတော်ဖွင့်ပွဲအခမ်းအနားနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ယနေ့နံနက်ပိုင်းက စေတီတော်ရင်ပြင်၌ကျင်းပရာ ဩဝါဒါစရိယဆရာတော်ကြီးများအမှူးပြုသော သံဃာတော်အရှင်သူမြတ်(၁၀၈)ပါး၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ပြည်)မှ ဒေသကွပ်ကဲရေးမှူးနှင့်
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
15068
Page
15069
Page
15070
Page
15071
Current page
15072
Page
15073
Page
15074
Page
15075
Page
15076
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department