အမြို့မြို့အနယ်နယ်သတင်းများ

Oct 31,2022
ကျောင်းအုပ်ကြီးများအားလုံး လုပ်ငန်းစွမ်းဆောင်ရည် ပိုမိုမြင့်မား၍ နိုင်ငံတော်၏ ပညာရေးကဏ္ဍ ပိုမိုမြင့်မားလာရေးအတွက် ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ်တွင် အခြေခံပညာကျောင်းအုပ်ကြီးများ၏ စီမံခန့်ခွဲမှု စွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲကို အမှတ်(၁) ‌အခြေခံပညာ အထက်တန်း‌ကျောင်း၊ အောင်ဆန်းခန်းမ၌ အောက်တိုဘာ ၂၉ ရက်၊ နံနက် ၈ နာရီခွဲအချိန်ခန့်က ကျင်းပပြုလုပ်သည်။
Oct 31,2022
ဧရာဝတီတိုင်းဒေသကြီး​၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ အိမ်မဲမြို့နယ်အတွင်း နေကြာသီးနှံစိုက်ပျိုးမည့် (၃၂၆၂)ဧကထဲမှ တောင်သူများအား နေကြာသီးနှံမျိုးစေ့ပေးအပ်ပွဲကို ယနေ့ နံနက် ၉ နာရီ ၃၀ မိနစ်တွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးတွင် ကျင်းပသည်။
Oct 31,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယနေ့နံနက်(၁၀)နာရီက ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများတွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ 
Oct 31,2022
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် အရှိန်အဟုန်ဖြင့် စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာမြို့နယ် ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် ယနေ့နံနက်ပိုင်းက ဘားအံမြို့၊ အမှတ်(၇) ရပ်ကွက် သံလွင်တံတားအနီး သုံးမြှောင့်လမ်းဆုံတွင် အများပြည်သူသွားလာနေသော လမ်းမကြီးပေါ်တွင် Mask Campaign ပြုလုပ်ခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Oct 31,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၊ လူစည်ကားသည့်နေရာများတွင် ပြည်သူများ နှာခေါင်းစည်းတပ်ဆင်သွားလာရေး အသိပညာပေးသည့် Mask Campaign ဆောင်ရွက်ခြင်းလုပ်ငန်းကို ယနေ့နံနက်(၇)နာရီအချိန်တွင် ဆောင်ရွက်ခဲ့သည်။
Oct 31,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် သီးနှံမျိုးစုံစိုက်ပျိုးကြပြီး သင်္ဂတုံကျေးရွာတွင် စိုက်ပျိုးထားရှိသော နနွင်းစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်းနှင့် နနွင်းသီးနှံစိုက်ပျိုးမည်ဆိုပါက မြေကိုကောင်းစွာပြုပြင်ပြီး အကျယ်(၃)ပေ၊ အမြင့်(၁)ပေခွဲခန့် မြေဘောင်များပြုလုပ်ကာ စိုက်ပျိုးရကြောင်း၊ စိုက်ပျိုးရာတွင် နနွင်းခေါင်းမျိုးစိုက်ပျိုးခြင်းနှင့် နနွင်းအတက်မျိုးစိုက်ပျိုးခြင်းဟူ၍ စိုက်ပျိုးရကြောင်း စိုက်ပျိုးရာတွင် တစ်ပင်နှင့်တစ်ပင်၊ တစ်တန်းနှင့်တစ်တန်း (၅)လက်မအကွာ စိုက်ပျိုးရကြောင်း၊ မြေအစိုဓာတ်ရရှိစေရန် ရေသွင်းပေးရကြောင်း သိရှိရသည်။
Oct 31,2022
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူဈေးကွက်အတွင်း  ကြက်သွန်နီဝင်ရောက်မှုနည်းပါးလာပြီး အမြင့်ဆုံးဈေးနှုန်းမှာ တစ်ပိဿာလျှင် ငွေကျပ် ၃၅၀၀ ကျော်နှုန်းအထိ ရောက်ရှိလာကာ ဈေးကောင်းလျက်ရှိကြောင်း ပခုက္ကူမြို့၊ အမှတ်(၈)ရပ်ကွက်၊ ပန်းစွာ(ခ)ဦးမေဃကျောင်းတိုက်ဝန်းအတွင်းရှိ ကြက်သွန်ပွဲရုံ(ဈေးကွက်)သို့ လာရောက်ရောင်းချနေသည့် ကြက်သွန်ကုန်သည်များထံက သိရသည်။
Oct 31,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၌  အသက်နှစ်နှစ်အောက်  ကလေးငယ်များနှင့်  ကိုယ်ဝန်ဆောင်မိခင်များအား ကျန်းမာသန်စွမ်းပြီးရောဂါကူးစက်မှုမှ ကြိုတင်ကာကွယ်နိုင်ရန်ရည်ရွယ်၍  ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်းများကို  အောက်တိုဘာလ ၂၉ ရက်နေ့နံနက်ပိုင်းက  ကျေးလက်ကျန်းမာရေးဌာနတွင် ဆက်လက်ထိုးနှံပေးခဲ့သည်။