အမြို့မြို့အနယ်နယ်သတင်းများ

Oct 31,2022
(၁ဝ၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲကို ယမန်နေ့နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Oct 31,2022
မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၏ အစီစဉ်ဖြင့် MEico စားသုံးဆီ ကုမ္ပဏီလီမီတက်မှ ရွှေပြည်သာမြို့နယ် ရှိပြည်သူများစားသုံးဆီများ ဈေးနှုန်းချိုသာစွာ ဝယ်ယူစာသုံးနိုင်ရန် စားသုံးဆီလက်လီဈေးကားဖြင့် ယနေ့ နံနက် (၉) နာရီအချိန်တွင် ရွှေပြည်သာမြို့နယ် အမှတ်(၁၁)ရပ်ကွက် ရန်ကြီး‌အောင်လမ်းတွင် ရောက်ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
Oct 31,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ် မြို့နယ်စိုက်ပျိုး ထုတ်လုပ်မှုတိုးတက် မြင့်မားရေး ကြီးကြပ်မှုကော်မတီက ၂၀၂၂ ခုနှစ် မိုးစပါး (တစ်ဧကတင်း ၁၀၀ နှင့် အထက်ထွက်ရှိရေး) ဆင်းသုခစံပြကွက်ရိတ်သိမ်းပွဲကို ယနေ့ နံနက်က တာခွတဲကြီးကုန်း ကျေးရွာအုပ်စု၊ ဧက(၂၀၀)စံပြကွက်ရှိ တောင်သူ ဦးသန်းထွဋ်၏ ကွင်းအမှတ်(၂၅၀)၊ ဦးပိုင်အမှတ် (၂၀၃)ရှိ လယ်မြေ(၂)ဧကတွင် ကျင်းပ ပြုလုပ်ခဲ့ရာ တစ်ဧကလျှင်ဆင်းသုခစပါး အစိုတင်း (၁၂၁.၁၀)နှုန်းထွက်ရှိခဲ့ကြောင်း သိရသည်။
Oct 31,2022
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့ရှိ လောကထိပ်ပန်ဆုတောင်းပြည့်ဘုရားကြီး၌ (၁၈)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်ပွဲတော်ကို ယမန်နေ့နံနက်ပိုင်းက အဆိုပါဓမ္မာရုံ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြသည်။
Oct 31,2022
ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် တာဝန်ရှိသူများသည် မေရီလန်း ကျေးရွာအုပ်စု တောင်သူ ဦးဝင်းမြင့်ဦး၏ မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးအတွက် သစ်စိမ်း‌မြေဩဇာ (ပိုက်ဆံလျှော်) ထည့်သွင်းစိုက်ပျိုးထားသော လယ်မြေ၊ ကွင်းအမှတ် ၁၈၄၁(ဂ) ဦးပိုင်အမှတ် ၄၀/၂ တွင် မိုးစပါးစံကွက်ရိတ်သိမ်းပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၂ နာရီတွင် ကျင်းပပြုလုပ်ခဲ့ သည့် အခမ်းအနားသို့ တက်ရောက်ခဲ့သည်။
Oct 31,2022
စစ်​ကိုင်းတိုင်း​ဒေသကြီး၊ က​လေးဝမြို့တွင်​ ဌာနဆိုင်​ရာများ၏ (၂၂) ကြိမ်​မြောက်​ စု​ပေါင်းမဟာဘုံကထိန်​ပွဲကို အမှတ်​-၁ ရပ်​ကွက်​ရှိ နန်း​တော်​ပရိယတ္တိ​ကျောင်းတိုက်​၌ နံနက်​ ၉ နာရီက ပြုလုပ်​ခဲ့သည်​။
Oct 31,2022
ပျဉ်းမနားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာဖတ်သူများလက်ဝယ်အရောက် လိုက်လံငှားရမ်းပေးမှုကို ရပ်ကွက်‌/ကျေးရွာများနှင့် စာသင်ကျောင်းများအရောက် လိုက်လံငှားရမ်း‌ပေးနေလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် မြို့နယ်ရုံး ဝန်ထမ်းများက အခြေခံပညာအထက်တန်းကျောင်း(သစ်လေးလုံး)၊ ပုရွက်ဆိတ်ကုန်းကျေးရွာနှင့် ကျီးအင်းကျေးရွာတို့သို့ သွားရောက် ငှားရမ်းပေးကြသည်။