Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ပန်းဘဲတန်းမြို့နယ်တွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး (မွမ်းမံ) သင်တန်းဖွင့်ပွဲ အခမ်းအနား ကျင်းပ
Nov 01,2022
မြို့နယ်အတွင်း မီးဘေးလုံခြုံရေး၊ သဘာဝဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို ကျွမ်းကျင်စွာဆောင်ရွက်နိုင်စေရန် အတွက် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်းဖွင့်ပွဲကို ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ပန်းဘဲတန်းမြို့နယ် မီးသတ်ဦးစီးဌာနမှ စီစဉ်ကြီးကြပ်၍ ယနေ့ နံနက် (၉) နာရီတွင် ပန်းဘဲတန်းမြို့နယ် အထက-၁ ကျောင်း၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
ကလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ နယ်လှည့်စာကြည့်တိုက်စနစ်ဖြင့် စာအုပ်ငှားရမ်းခြင်း လုပ်ငန်းဆောင်ရွက်
Nov 01,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာဖတ်ရှိန် မြင့်မားစေရန်ရည်ရွယ်ချက်ဖြင့် စာပေဝါသနာရှင်များ စာအုပ်စာပေများကို လွယ်လင့်တကူ ဖတ်ရှုနိုင်ရန်အတွက် စားသုံးသူရေးရာဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့ရုံး၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း ရုံးများသို့သွားရောက်၍ နယ်လှည့်စာကြည့်တိုက်စနစ်ဖြင့် စာအုပ်ငှားရမ်းခြင်းလုပ်ငန်းကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုးညှင်းမြို့နယ်တွင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီအစည်းအဝေးကျင်းပ
Nov 01,2022
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ်တွင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီ အစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီခွဲက စုပေါင်းရုံးရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
ကဝမြို့နယ် ဌာနဆိုင်ရာများ၏ စုပေါင်းမဟာဘုံကထိန်ပွဲ ကျင်းပ
Nov 01,2022
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်တွင် ဌာနဆိုင်ရာများ၏ စုပေါင်းမဟာဘုံကထိန်ပွဲကို အမှတ်(၅)ရပ်ကွက် ရုံးကျောင်း၊ ကျောင်းတိုက်၌ ယနေ့ နံနက်ပိုင်းက ကျင်းပ ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
စမ်းချောင်းမြို့နယ်တွင် (၁၈)နှစ်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံ
Nov 01,2022
ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် အသက်(၁၈)နှစ်နှင့်အထက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး မထိုးနှံရသေးသူ ပြည်သူများအား မုန့်လုပ်ဆောင်းကုန်း/ တောင်ရပ်ကွက်၊ ဟံသာဝတီလမ်းရှိ အထက(၁)ကျောင်း စွယ်တော်ဆောင်၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုး Centre တွင် ယနေ့ နံနက် (၉) နာရီက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံသူ(၁၀)ဦး၊ ဒုတိယအကြိမ်ထိုးနှံသူ (၂၅) ဦးနှင့် Booster Dose ထိုးနှံသူ (၈၅) ဦး စုစုပေါင်း ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံသူ (၁၂၀) ဦးအား ထိုးနှံပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
"ဝ"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်၌ ဒေသတွင်းအာလူး မျိုးကောင်းမျိုးသန့်များ ရရှိစေရန် နယ်သာလန်အာလူးမျိုး မာကီးစ်(Markies) စတင် စိုက…
Nov 01,2022
"ဝ"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့နယ်တွင် ဒေသတွင်းအာလူး မျိုးကောင်းမျိုးသန့်ပွားများ ရရှိစေရန်နှင့် ဒေသခံတောင်သူများ အလုပ်အကိုင်အခွင့်အလမ်း ရရှိပြီး ဝင်ငွေပိုမိုတိုးတက်လာကြစေရန်တို့ကို ရည်ရွယ်၍ စိုက်ပျိုးရေးဦးစီးဌာနနှင့် သမဝါယမဦးစီးဌာနတို့ ပူးပေါင်းကာ ယနေ့နံနက်(၉)နာရီက "ဝ"တောင်တန်း မျိုးစေ့ထုတ်လုပ် ငန်းသမဝါယမအသင်းဝင် တောင်သူ ဉီးထွန်းလူ၏ ကိုင်းကျွန်းမြေ နှစ်ဧကခွဲ ကွင်းအမှတ်(၈)၌ အာလူးမျိုးသန့်ပွား(မျိုးစေ့ထုတ်)စတင်စိုက်ပျိုးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပူတာအို၌ မိုးစပါး ဆင်းဧကရီ-၃ မျိုးစေ့ထုတ်စိုက်ခင်းအား ရိတ်သိမ်းခြွေလှေ့စက်ဖြင့် ရိတ်သိမ်းခြင်း ကွင်းသရုပ်ပြပွဲကျင်းပ
Nov 01,2022
၂၀၂၂-၂၀၂၃ ခုနှစ်၊ ကချင်ပြည်နယ်၊ ပူတာအိုခရိုင်/ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန အနေဖြင့် ပူတာအိုဒေသဝမ်းစာဖူလုံရေးအတွက် မိုးစပါးဆင်းဧကရီ-၃ မျိုးစေ့ထုတ်(၁၀.၀၀)ဧက စိုက်ခင်းအား ရိတ်သိမ်းခြွေလှေ့စက်ဖြင့် ရိတ်သိမ်းခြင်း ကွင်းသရုပ်ပြပွဲအခမ်းအနားကို နိုဝင်ဘာ(၁)ရက် နံနက်(၉)နာရီက ပူတာအိုမြို့ ကောင်ကထောင်နှင့် လုံးစွတ်ရပ်ကွက်ကြား မြစ်ကြီးနား-ဆွမ်ပရာဘွမ်-ပူတာအို လမ်းမကြီးဘေး စိုက်ပျိုးရေးဦးစီးဌာနပိုင်လယ်၌ ကျင်းပသည်။၊
အပြည့်အစုံ ဖတ်ရန်
ကန့်ဘလူမြို့နယ်၌ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး ပြည်သူများအား ကိုဗစ်- ၁၉ ရောဂါကာကွယ် ဆေးများ ဆက်လက်ထိုးနှံပေး
Nov 01,2022
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် နိုင်ရေးအတွက် အသက် ၁၈ နှစ်နှင့်အထက် ပြည်သူများအား ကိုဗစ်- ၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ်၊ ဒုတိယအကြိမ် ၊ ထပ်ဆောင်းကာကွယ်ဆေး ထိုးနှံပေးခြင်းများကို နိုဝင်ဘာ ၁ ရက်နံနက် ၉ နာရီက မြို့နယ်ပြည်သူ့ကျန်းအာရေးဦး စီးဌာန၌ ထိုးနှံပေးလျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
15054
Page
15055
Page
15056
Page
15057
Current page
15058
Page
15059
Page
15060
Page
15061
Page
15062
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department