အမြို့မြို့အနယ်နယ်သတင်းများ

Nov 01,2022
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့တွင် ကိုဗစ်-၁၉ ရောဂါ ပိုမိုထိရောက်စွာ ကာကွယ်ထိန်းချုပ် နိုင်ရန်အတွက် ယနေ့ နံနက်ပိုင်းက ဘုရားပျိုလမ်းဆုံဘေးတွင် ကိုဗစ်-၁၉ ရောဂါ အသိပညာပေးခြင်းနှင့် နှာခေါင်းစည်း (Mask) များတပ်၍ အိမ်အပြင်သို့ထွက်ရန် အသိပညာပေး ဆောင်ရွက် ခဲ့သည်။
Nov 01,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် “ဘက်စုံပညာ ထူးချွန်ဆုပေးပွဲ” အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီအချိန်က အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း အောင်ဆန်းအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Nov 01,2022
၂၀၂၃ ခုနှစ်၊ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဖလား အားကစားပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို နိုဝင်ဘာ ၁ ရက် နံနက် ၁၀ နာရီက ဟားခါးမြို့၊ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် တက်ရောက် အမှာစကား ပြောကြားသည်။
Nov 01,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့အုပ်ချုပ် ရေးမှူး ဦးဆောင်သော ဝန်ထမ်းများ မှ ယနေ့ နံနက်(၁၁)နာရီအချိန်တွင် ရွှေသောင်ယံမြို့၊ အမှတ်(၂) ရပ်ကွက်ရှိ အသောကာရာမကျောင်းတိုက်၌ အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာန နှစ်ပတ်လည်နေ့ကို ဂုဏ်ပြု သောအားဖြင့် သံဃာတော်များအား ကထိန်သင်္ကန်းများ ဆက်ကပ်လှူဒါန်းခြင်း၊ ဆွမ်းဆန်တော်များနှင့် အလှူငွေများအား ဆက်ကပ်လှူဒါန်းခြင်း၊ ကျောင်းတိုက်အတွင်း သန့်ရှင်းရေးပြုလုပ်ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။
Nov 01,2022
မီးဘေး၊ သဘာဝဘေးနှင့် အခြားဘေးအန္တရာယ်များ ရင်ဆိုင်ကြုံတွေ့လာပါက မီးငြိမ်းသတ်ရေး၊ ရှာဖွေကယ်ဆယ်ရေးသုံးပစ္စည်းများကို ကျွမ်းကျင်ပိုင်နိုင်စွာ ကိုင်တွယ်အသုံးပြုပြီး အချိန်နှင့်တပြေးညီ လျှင်မြန်စွာ ကယ်ဆယ်ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ ကမာရွတ်မြို့နယ်၌ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး (မွမ်းမံ)သင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီက ကမာရွတ်မြို့နယ် အမှတ်(၅)ရပ်ကွက် မီးသတ်ဦးစီးဌာန၌ ကျင်းပပြုလုပ်ကြောင်း သိရသည်။
Nov 01,2022
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနနှင့် မြို့နယ်ပညာရေးဌာနတို့ပူးပေါင်း၍  သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး  အသိပညာပေးဟောပြောပွဲကို ယနေ့မွန်းလွဲ (၁)နာရီခွဲအချိန်က အမှတ် (၂) အခြေခံပညာအလယ်တန်းကျောင်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Nov 01,2022
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ခုနှစ်အတွင်း စိုက်ပျိုးရေးကဏ္ဍတွင် လုပ်ကိုင်နေကြသည့် တောင်သူများ အဆင်ပြေစေရန်အတွက် ပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် ယနေ့ နံနက်က မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးတွင် (တတိယ) အကြိမ်အဖြင့် တောင်သူ (၄၂၀) ဦးတို့အား ယူရီးယား ဓါတ်မြေဩဇာများကို ဈေးနှုန်းချိုသာစွာဖြင့် ဖြန့်ဖြူးပေးလျက်ရှိကြောင်း သိရသည်။