အမြို့မြို့အနယ်နယ်သတင်းများ

Nov 30,2022
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ထင်ရှားသည့် ခရီးစဉ်ဒေသများသို့ ပြည်တွင်း/ပြည်ပ ခရီးသွားများ စိတ်အေးချမ်းသာစွာဖြင့် လာရောက် လည်ပတ်ကာ အလွှာအသီးသီးမှ ဒေသခံပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းများနှင့် ဝင်ငွေများ ရရှိစေရေးတို့အတွက် ရည်ရွယ်၍ တိုင်းဒေသကြီး ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်း ကော်မတီ၏ (၁၀/၂၀၂၂)ကြိမ်မြောက် အစည်းအဝေးကို နိုဝင်ဘာလ ၃၀ ရက်၊ နံနက်ပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွား လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် စီးပွားရေးရာဝန်ကြီး ဒေါ်ရီရီသန်း၊ တိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်း ကော်မတီအဖွဲ့ဝင်များ၊ လုပ်ငန်းရှင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
Nov 30,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်တွင်  အနာဂတ်မျိုးဆက်သစ် လူငယ်များဖြစ်သည့်  ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတ မြင့်မားတိုးတက်စေရန်၊  အာရုံစူးစိုက်လေ့လာမှုနှင့် ဉာဏ်ရည်ဉာဏ်သွေးထက်မြက်ပြီး ထိုးထွင်းတီထွင်ကြံဆလိုစိတ်များ ဖြစ်ပေါ်လာစေရန် ရည်ရွယ်၍
Nov 30,2022
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် အဖွဲ့ဝင်များသည် ယနေ့နံနက်၉ နာရီအချိန်ခန့်က ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ ကောက် ကြီးကုန်းအုပ်စု၊ ကောက်ကြီးကုန်းကျေးရွာရှိ တောင်သူ ဦးရွှေဝင်း၊ ဦးအောင်နိုင်၊ ဦးထွန်းလင်းအောင်၊ ဦးအေးမင်းလတ်တို့၏ လယ်မြေဧက(၃၂)ဧက၌ ဆင်းသုခနွေစပါးစိုက်ပျိုးရန် ထွန်ယက်မှု အ‌ခြေအနေနှင့် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန (ရေအရင်းအမြစ်)မှ မြစ်ရေတင်လုပ်ငန်း ရေပေးဝေမှု အခြေအနေအား ကြည့်ရှုစစ်ဆေးပြီး၊ ပိုက်ဆံလျော် စိုက်ပျိုးရေး၊ သွင်းအားစုများစနစ် တကျထည့်သွင်းရေး၊ အထွက်နှုန်းတိုးသည့် မျိုးကောင်းမျိုးသန့်များ စိုက်ပျိုးရေးနှင့် တောင်သူများ စိုက်ပျိုးရေရရှိရေး မှာကြားခဲ့သည်။
Nov 30,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မဘိမ်းမြို့နယ်အတွင်း လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် ဒေသဖွံ့ဖြိုးရေးအတွက် မြို့နယ်အဆင့်ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး(၅)ကြောင်းနှင့် ‌ဒေသခံပြည်သူများတွေ့ဆုံပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က ကုန်းခါးရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။  
Nov 30,2022
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်ခန်းမတွင် ပြည်သူများနှင့် ကျောင်းသားလူငယ်များ အသိပညာဗဟုသုတ တိုးပွားစေရန်နှင့် လမ်းလျှောက်ခြင်း၏အကျိုးကျေးဇူးများကို သိရှိစေရန်ရည်ရွယ်၍ လမ်းလျှောက်ခြင်းနှင့် ကျန်းမာရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ Talk Show ကို ယမန်နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်သည်။
Nov 30,2022
မကွေးတိုင်းဒေသကြီး၊  ဆိပ်ဖြူမြို့နယ်တွင် ၂၀၂၂- ၂၀၂၃ပညာသင်နှစ် မြို့နယ်အဆင့် လူရည်ချွန် ရွေးချယ်ရေး စာမေးပွဲများကို ကျင်းပဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၇ နာရီက မြို့နယ် ပြည်သူ့အားကစားကွင်း၌ ကိုယ်ကာယကြံ့ခိုင်မှု စစ်ဆေးသည်။
Nov 30,2022
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် မြို့နယ်အဆင့် လူရည်ချွန်ကိုယ်ကာယကြံ့ခိုင်ရေး စစ်ဆေးအမှတ်ပေးခြင်းကို ယနေ့နံနက် ၇ နာရီမှစတင်ကာ မြို့နယ်အားကစားကွင်းတွင် လူရည်ချွန်ရွေးချယ်ခြင်းများဆောင်ရွက်ခဲ့ရာ ညောင်ဦးခရိုင်ပညာရေးမှူး ဒေါ်မိမိအောင် (ဒုတိယညွှန်ကြားရေးမှူး)၊ ဦးအောင်ဌေး (လက်ထောက်ညွှန်ကြားရေးမှူး) နှင့် ညောင်ဦးမြို့နယ်ပညာရေးမှူး ဒေါ်သန်းသန်းအေး (လက်ထောက်ညွှန်ကြားရေးမှူး) တို့က အနီးကပ်ကြီးကြပ်ဆောင်ရွက်ကာ ကိုယ်ကာယကြံ့ခိုင်ရေး စစ်ဆေးအမှတ်ပေး ဆောင်ရွက်လျက်ရှိ ကြောင်းသိရသည်။
Nov 30,2022
ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘ၀ဖွံ့ဖြိုးတိုးတက်ရေးကို စဉ်ဆက်မပြတ် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ မန္တလေး တိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဦးစီးမှူးနှင့်  ၀န်ထမ်းများက ယမန်နေ့နံနက် (၁၀) နာရီက၂၀၂၂-၂၀၂၃ဘဏ္ဍာရေးနှစ်၊ တင်ဒါအောင်မြင်သော   ကန်တွင်းကျေးရွာ ကုန်ထုတ်လမ်းအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။