ငဖဲမြို့နယ် ပြည်သူ့စာကြည့်တိုက်ခန်းမ၌ လမ်းလျှောက်ခြင်းနှင့်ကျန်းမာရေးဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲ Talk Show ကျင်းပ

ငဖဲ  နိုဝင်ဘာ ၃၀

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်ခန်းမတွင် ပြည်သူများနှင့် ကျောင်းသားလူငယ်များ အသိပညာဗဟုသုတ တိုးပွားစေရန်နှင့် လမ်းလျှောက်ခြင်း၏အကျိုးကျေးဇူးများကို သိရှိစေရန်ရည်ရွယ်၍ လမ်းလျှောက်ခြင်းနှင့် ကျန်းမာရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ Talk Show ကို ယမန်နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်သည်။

ဆွေးနွေးပွဲတွင် ငဖဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်ယုယုသိန်းက လမ်းလျှောက်ခြင်းနှင့် ကျန်းမာရေးဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲကျင်းပပြုလုပ်ရခြင်းနှင့် ပတ်သက်၍ ဆွေးနွေးပြောကြားပြီး လူတစ်ယောက်သည် နေ့စဉ်အနည်းဆုံး  သုံးမိုင်ခန့် လမ်းလျှောက်သင့်ကြောင်း၊ ယခုလိုဆောင်းရာသီအချိန်တွင် လမ်းလျှောက်ရန် အကောင်းဆုံး ဖြစ်ကြောင်း၊ လမ်းလျှောက်ခြင်းဖြင့် ကျန်းမာရေးကိုအလွန်ကောင်းမွန်စေပြီး ခရီးရှည်သွားနိုင်ခြင်း၊ အလုပ်အကိုင်၌အပင်ပန်းခံနိုင်၍ လုံ့လထုတ်နိုင်ခြင်း၊ အနာရောဂါနည်းခြင်း၊ ကောင်းစွာ အစာကြေကျက်ခြင်းနှင့် သမာဓိစိတ်၏ တည်ကြည်ခြင်းသည် ကာလကြာမြင့်စွာတည်ခြင်း စသည့် အကျိုးကျေးဇူးများရရှိကြောင်း၊ ဦးစိုးမိုးသူ(စာထောက်-၃)မှ  လမ်းလျှောက်ခြင်းဖြင့်ရရှိနိုင်မည့် ကျန်းမာရေးအကျိုးကျေးဇူးများနှင့် လမ်းလျှောက်မှုပုံစံများကို အသိပညာပေး ဆွေးနွေးပြောကြား သည်။

ငဖဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများနှင့်ကျောင်းသား ကျောင်းသူများ အသိပညာဗဟုသုတတိုးပွားစေရန်အတွက် အသိပညာပေး Talk Show အစီအစဉ်များ ရိုက်ကူး၍ Online မှတစ်ဆင့် လစဉ်ပုံမှန် ထုတ်လွှင့်တင်ဆက် ပေးလျက်ရှိကြောင်း သိရသည်။

မယု(ငဖဲ)