နတ်တလင်းမြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ စကားပုံဆက်ပြိုင်ပွဲ ကျင်းပ

နတ်တလင်း ဒီဇင်ဘာ ၅

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမတွင် စကားပုံဆက်ပြိုင်ပွဲကိုယနေ့ နံနက်(၁၀)နာရီကကျင်းပခဲ့ရာ နတ်တလင်းခရိုင် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ခင်ဝင်းမာ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ဝေဖူးငုံမြင့်နှင့်အဖွဲ့ တက်ရောက်ခဲ့ကြောင်းသိရသည်။

အဆိုပါပြိုင်ပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်လဲ့ဝါမြင့်က ယခုလိုပြိုင်ပွဲများ ကျင်းပခြင်းဖြင့် ကလေးများဉာဏ်ရည် ဉာဏ်သွေးတိုးတက်ပြီး တွေးခေါ်မှုများ မြင့်မားလာစေရေး ရည်ရွယ်ချက်ဖြင့် ပြိုင်ပွဲများပြုလုပ်ပေးခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ ကျောင်းသား၊ ကျောင်းသူများက စကားပုံဆက်ပြိုင်ပွဲတွင် အသီးသီးပြိုင်ပွဲဝင်ခဲ့ကြကြောင်းနှင့် သတ်မှတ်ထားသည့် အချိန်အတွင်းပြီးစီးအောင် ပြိုင်ပွဲဝင်နိုင်သည့် ကျောင်းသား၊ ကျောင်းသူများအား ဆုများအသီးသီး ချီးမြှင့်ခဲ့ကြောင်း သိရသည်။

ထားထားဦး (ပြန်/ဆက်)