အမြို့မြို့အနယ်နယ်သတင်းများ

Feb 22,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်တွင်၂၀၂၂- ၂၀၂၃  ပညာသင်နှစ်အတွက် စတုတ္တတန်း(Grade - 5)နှင့် အဋ္ဌမတန်း (Grade - 9) နှစ်ဆုံးစာမေးပွဲများကို ယနေ့နံနက် ၉ နာရီမှ စတင်ဖြေဆိုလျက်ရှိသည်။
Feb 22,2023
ဟိုပန်မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဦးဆောင်ပြုလုပ်သည့် နွေရာသီအခြေခံအားကစားသင်တန်း ဖွင့်ပွဲကို ‘၀’ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း အားကစားကွင်းခန်းမ၌ ယမန်နေ့ညနေ ၃ နာရီက ကျင်းပခဲ့ပါသည်။
Feb 22,2023
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နှင့် ၇ မိုင် ကွာဝေးသော ဖိုးခေါင်ကျေးရွာရှိ အိမ်ထောင်စုများသည် မိရိုးဖလာအိုးလုပ်ငန်းဖြစ်သော မြေအိုးအမျိုးမျိုးလုပ်ကိုင်ကာ အသက်မွေးဝမ်းကျောင်းပြုလုပ်ခဲ့ပြီး မိသားစုစားဝတ်နေရေး အဆင်ပြေလျက်ရှိကြောင်း သိရသည်။
Feb 22,2023
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ်ရှိ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၌ ယနေ့နံနက် (၈)နာရီခွဲအချိန်က မြို့နယ်အတွင်းရှိ လုပ်သားပြည်သူများကျန်းမာပျော်ရွှင်စွာနေထိုင်နိုင်ရေး ရည်ရွယ်ချက်ဖြင့် ကိုဗစ်-၁၉ ကာကွယ်ဆေး ၂ ကြိမ်ထိုးပြီး ၆ လပြည့်ပြီးသူများအား  အပိုဆောင်းထိုးနှံပေးခြင်းနှင့် ရိုးရိုးတီဘီနှင့်ဆေးယဥ်ပါးတီဘီဝေဒနာရှင်များအား ဆေးထိုးပေးခြင်းနှင့်ကျန်းမာရေးအသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Feb 22,2023
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက်  Grade-5 နှင့် Grade-9 ကျောင်းသား၊ ကျောင်းသူများ၏ နှစ်ဆုံးစာမေးပွဲကို ယနေ့နံနက် ၉ နာရီမှ စတင်၍ ဇီးကုန်းမြို့နယ်အတွင်းရှိ သက်ဆိုင်ရာစာစစ်ဋ္ဌာန ကျောင်းများအလိုက် ကျင်းပခဲ့ရာ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ စတင်ဖြေဆိုလျက်ရှိကြောင်း သိရသည်။
Feb 22,2023
၂၀၂၃ခုနှစ်၊ တက္ကသိုလ်ဝင် စာမေးပွဲဝင်ရောက်ဖြေဆိုမည့် ကျောင်းသား/ကျောင်းသူများအား တွေ့ဆုံအားပေး ခြင်းအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ပုသိမ်မြို့၊ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း၊ ပညာရတနာခန်းမ၌ ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်ပညာရေးမှူးများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။